Preview

အမျိုးအမည်မသိ မီးတောက်အလင်းတန်း ပင်လယ်ထဲမကျမီ သုံးချက်ဆင့် ပေါက်ကွဲမှုဖြစ်ပွားခဲ့ဟုဆို

ဇန်နဝါရီ ၂၈/ ၂၀၂၂ | ကြည့်ရှုသူ :9050
ရခိုင် သတင်း

ထက်အောင်
နိရဉ္စရာ၊ ဇန်နဝါရီ ၂၆/ ၂၀၂၂
ယနေ့ ဇန်နဝါရီလ ၂၆ ရက်နေ့ နံနက်အစောပိုင်း ၆ နာရီ ခွဲခန့်က မာန်အောင်ကျွန်း အနောက်တောင်ဘက် ရခိုင်ပင်လယ်ပြင်ထဲကို ကျသွားသော မီးတောက်အလင်းတန်းသည် ပင်လယ်ထဲသို့ မကျမီ ကောင်းကင်ပေါ်၌ သုံးချက်ဆင့် ပေါက်ကွဲခဲ့သည်ဟု တောင်ကုတ်မြို့နယ် ပင်လယ်ကမ်းစပ်ကျေးရွာ တစ်ခုဖြစ်သည့် ကုလားရောင်ကျေးရွာ အုပ်ချုပ်ရေးမှူး ဦးမြင့်လွင်က ပြောသည်။
“ မနက် မိုးလင်းတော့မယ့်အချိန်မှာ ဖြစ်တာ။ တောင်ကုတ်ဖက်ကနေ မီးခိုးတန်းတစ်ခုလာတယ်။ ကျနော်တို့ရွာ အပေါ်က ကောင်းကင်မှာ မိုးကြိုးပစ်သလိုမျိုး ၃ ချက်ဆင့်ပြီး ပေါက်ကွဲသွားတယ်။ မီးခိုးတန်းကတော့ ပင်လယ်ထဲကို ထိုးကျသွားတယ်” ဟု ၎င်းက ပြောသည်။
ထိုမီးခိုးတန်းများသည် မာန်အောင်ကျွန်း အနောက်တောင်ဘက် ပင်လယ်ထဲသို့ ထိုးကျသွားပြီးနောက် အဆိုပါ ပေါက်ကွဲသံများနှင့် မီးခိုးတန်းများကျရောက်သည်ကို ဒေသခံများကြား ထင်ကြေး အမျိုးမျိုးပေးနေကြသည်ဟု ဆိုသည်။
တောင်ကုတ်မြို့နယ် ရှင်သန်းရေးကူညီမှုအသင်းမှ ကိုညိုမင်းအောင်က “ပြောသံတွေတော့ ကြားတယ်။ မီးခိုးတန်းကိုမြင်လိုက်ရပြီးတော့ အပေါ်မှာ ပေါက်ကွဲသံကြားတယ်။ ဘာဖြစ်မှန်းကို ဘယ်သူမှ ရေရေရာရာမသိဘူး။ လေယာဉ်ပဲ ပျက်ကျသလိုလို အမျိုးမျိုး ထင်ကြေးပေးနေကြတယ်” ဟု ပြောသည်။
ပင်လယ်ထဲသို့ ငါးဖမ်းသွားသူများနှင့်လည်း အဆက်အသွယ် ရရှိရန်ကြိုးစားနေပြီး ပေါက်ကွဲသံနှင့်အတူ မီးခိုးတန်းများတွေ့ရသည်မှာ တောင်ကုတ်မြို့နယ်၏ တောင်ဘက်တွင် ဖြစ်ပွားခဲ့ခြင်းဟု သိ၇သည်။
ပြီးခဲ့သည့် ၂၀၂၁ ခုနှစ် နိုဝင်ဘာလ ၂၃ ရက်နေ့က စစ်တွေ့မြို့နယ်အနီး ရခိုင်ပင်လယ်ပြင်သို့ တရုတ်အာကာ သယာဉ်အပိုင်းအစအချို့ ကျရောက်ခဲ့မှုဖြစ်ပွားခဲ့ကြောင်း သိ၇သည်။

#အာကာသလွန်းပျံယာဉ်
မင်္ဂလာပါ လူကြီးမင်းတို့ခင်ဗျာ။ ကျနော်တို့မီဒီယာဆက်လက်ရပ်တည်ရှင်သန်ရေးအတွက် လူကြီးမင်းတို့ရဲ့ပူးပေါင်းဆောင်ရွက်မှုနဲ့ ကူညီမှုတွေကို အထူးလိုအပ်နေပါတယ်။
နိရဉ္ဇရာလှူရန်

ဆက်စပ် အကြောင်းအရာများ

တစ်နေ့တာ၏ အရေးကြီးဆုံး ပြည်တွင်းပြည်ပ သတင်းများနှင့် အဖြစ်အပျက်များကို လစဥ် လူကြီးမင်း၏ အီးမေလ်းထဲသို့ ရယူနိုင်ပါသည်

နောက်ဆုံးရသတင်းများ

တစ်နေ့တာ၏ အရေးကြီးဆုံး ပြည်တွင်းပြည်ပ သတင်းများနှင့် အဖြစ်အပျက်များကို လစဥ် လူကြီးမင်း၏ အီးမေလ်းထဲသို့ ရယူနိုင်ပါသည်
© 2024 Narinjara News. All rights reserved.