English Edition
သောကြာနေ့၊ မေလ ၀၉ရက်၊ ၂၀၂၅
လှူရန်
Preview
မဲ(၂)ကြိမ်ထည့်သည်ဟုဆိုကာ အမ်းမြို့မှ အမျိုးသမီးတစ်ဦး တရားစွဲဆိုခံရ
ဇန်နဝါရီ ၂၈/ ၂၀၂၂ | ကြည့်ရှုသူ :2683
ရခိုင် သတင်း
သဥ္ဇာနွယ်
နိရဥ္စရာ၊ ဇန်နဝါရီ ၂၇ / ၂၀၂၂
၇ခိုင်ပြည်နယ်၊ အမ်းမြို့မှ အမျိုးသမီးတစ်ဦးသည် ပြီးခဲ့သည့် ၂၀၂၀ ရွေးကောက်ပွဲအတွင်း မဲ (၂)ကြိမ်ထည့်ခဲ့သည်ဟုဆိုကာ တရားစွဲဆိုခံထားရသည်ဟု သတင်းရရှိသည်။
တရားစွဲဆိုခံရသည့် အမျိုးသမီးမှာ အမ်းမြို့၊ လေယာဉ်ကွင်းရပ်ကွက်မှဖြစ်ပြီး ၂၀၂၀ ရွေးကောက်ပွဲတွင် အမ်းမြို့နယ် ရွေးကောက်ပွဲကော်မရှင်အဖွဲ့ခွဲရုံး၌ မဲ ၂ ကြိမ်ပေးသည့်စွပ်စွဲချက်ဖြင့် တရားစွဲဆိုခံထားရခြင်းဖြစ်သည်ဟု အမှုကိုလိုက်ပါဆောင်ရွက်ပေးနေသည့် သဇင်ဥပဒေဆိုင်ရာအဖွဲ့အစည်းမှ ရှေ့နေ ကိုကျော်ဆန်းနိုင်က နိရဥ္စရာကို ပြောသည်။
“ဘယ်နေ့ကစပြီးစွဲတာလဲတော့ အတိအကျမသိဘူး။ နည်းနည်းတော့ကြာနေပြီ။ မဲ ၂ ခါပေးတယ်ဆိုပြီး တရားလိုဘက်က စွဲဆိုထားတာ”ဟုပြောသည်။
တရားစွဲခံထားရသူ၏အမည်နှင့် အသက်ကို ထုတ်ဖော်မပြောလိုဟုလည်း ရှေ့နေက ဆိုသည်။
အဆိုပါအမျိုးသမီးအား ရာဇသတ်ကြီးဥပဒေပုဒ်မ ၁၇၁(စ)ဖြင့် အမ်းမြို့နယ်ရွေးကောက်ပွဲကော်မရှင်ဦးစီးမှူး ဦးသူရိန်ထွန်းက တရားလိုလုပ်ကာ တရားစွဲဆိုထားခြင်းဖြစ်သည်ဟု ဆက်ပြောသည်။
၄င်းတို့ကို လာမည့်ဖေဖော်ဝါရီလ ၉ ရက်တွင် အမ်းမြို့နယ်တရားရုံး၌ ရုံးချိန်းခေါ်ယူထားပြီး ယင်းနေ့တွင် တရားလိုကို စစ်ဆေးသွားမည်ဟု သိ၇သည်။
ရာဇသတ်ကြီးပုဒ်မ ၁၇၁(စ)သည် ထောင်ဒဏ် (၁)နှစ်ဖြစ်စေ၊ ငွေဒဏ်တစ်ရပ်ရပ်ဖြစ်စေ ချမှတ်နိုင်သည်ဟုလည်း သိ၇သည်။
ပြီးခဲ့သည် ဇန်နဝါရီ ၁၁ ရက်နေ့ကလည်း ရန်ကုန်တိုင်းဒေသကြီး၊ ရွှေပြည်သာမြို့နယ်ရှိ ရပ်ကွက် (၈)တွင်နေထိုင်သည့် ၇ခိုင်အမျိုးသမီး ၃ ဦးသည်လည်း ပြီးခဲ့သည့်ရွေးကောက်ပွဲအတွင်း မဲ (၂)ကြိမ်ထည့်သည့် စွပ်စွဲချက်ဖြင့် တရားစွဲဆိုခံနေရသည်ဟု သိ၇သည်။
ဓာတ်ပုံ - ၂၀၂၀ ရွေးကောက်ပွဲအတွင်း မဲထည့်နေသည့် ရခိုင်သူတစ်ဦးအားတွေ့၇စဉ်။ Photo - သျှင်မင်းဇံ / နိရ ဉ္စရာ
#ရွေးကောက်ပွဲ
မင်္ဂလာပါ လူကြီးမင်းတို့ခင်ဗျာ။ ကျနော်တို့မီဒီယာဆက်လက်ရပ်တည်ရှင်သန်ရေးအတွက် လူကြီးမင်းတို့ရဲ့ပူးပေါင်းဆောင်ရွက်မှုနဲ့ ကူညီမှုတွေကို အထူးလိုအပ်နေပါတယ်။
လှူရန်
ဆက်စပ် အကြောင်းအရာများ
တစ်နေ့တာ၏ အရေးကြီးဆုံး ပြည်တွင်းပြည်ပ သတင်းများနှင့် အဖြစ်အပျက်များကို လစဥ် လူကြီးမင်း၏ အီးမေလ်းထဲသို့ ရယူနိုင်ပါသည်
ရယူမည်
နောက်ဆုံးရသတင်းများ
Your browser does not support the video tag.
တစ်နေ့တာ၏ အရေးကြီးဆုံး ပြည်တွင်းပြည်ပ သတင်းများနှင့် အဖြစ်အပျက်များကို လစဥ် လူကြီးမင်း၏ အီးမေလ်းထဲသို့ ရယူနိုင်ပါသည်
ရယူမည်
ဆက်သွယ်ရန်
ကျွန်ုပ်တို့အကြောင်း
သတ်မှတ်ချက်များ
ကူညီမည်
အလုပ်ခေါ်စာ
© 2024 Narinjara News. All rights reserved.