Preview

နိုင်ငံကျော် ရုပ်ရှင်သရုပ်ဆောင် နေတိုးနှင့် မသဲစုမြတ်ရွှေတို့ ယနေ့ မင်္ဂလာလက်မှတ်ရေးထိုး

ဖေဖော်ဝါရီ ၀၈/ ၂၀၂၂ | ကြည့်ရှုသူ :7794
ရခိုင် သတင်း
အေးမြတ်ခိုင်
နိရ ဉ္စရာ၊ ဖေဖော်ဝါရီ ၅ / ၂၀၂၂
နိုင်ငံကျော် ရုပ်ရှင်သရုပ်ဆောင် နေတိုး(ခ)ကိုနေလင်းအောင်နှင့် မသဲစုမြတ်ရွှေတို့သည် ယနေ့နံနက်တွင် မင်္ဂလာလက်မှတ် ရေးထိုးလိုက်ကြပြီဟု သိ၇သည်။
နေတိုးနှင့် မသဲစုမြတ်ရွှေတို့သည် ယနေ့ ဖေဖော်ဝါရီ ၅ ရက်နံနက်တွင် ရန်ကုန်တိုင်းဒေသကြီး၊ သာကေတမြို့နယ် မြခွာညိုအိမ်ရာရှိ နေတိုး၏နေအိမ်တွင် ရခိုင်ရိုးရာအပြင်အဆင်များဖြင့် မင်္ဂလာလက်မှတ်ရေးထိုးလိုက်ကြခြင်းဖြစ်ပြီး မင်္ဂလာဦးဆွမ်းကျွေးပွဲကိုလည်း တပြိုင်တည်းပြုလုပ်ခဲ့သည်ဟု တက်ရောက်ခဲ့သူများက ပြောသည်။
အဆိုပါပွဲသို့ သရုပ်ဆောင်နေထက်လင်း၊ အဆိုတော်ဝင်းကိုခိုင်အပါအဝင် အခြားအနုပညာရှင်အချို့နှင့် ဖိတ်ကြားထားသည့်ဧည့်သည်များ တက်ရောက်ခဲ့ကြသည်ဟု သိ၇သည်။
အဆိုတော်ဝင်းကိုခိုင်က “ကိုယ့်ရခိုင်အချင်းချင်းဆိုတော့ ဝမ်းသာတယ်အားလုံး။ သူ့ကံတရားကလည်း အခုလိုမျိုး ရခိုင်နဲ့တည့်တည့်ကျတယ်ပေါ့လေ”ဟု နိရ ဉ္စရာကို ပြောသည်။
နေတိုးနှင့် မသဲစုမြတ်ရွှေတို့သည် ရခိုင်ပြည်နယ် မာန်အောင်မြို့ဇာတိဖြစ်ကြပြီး မသဲစုမြတ်ရွှေသည် ဘဏ်ဝန်ထမ်းတစ်ဦးဖြစ်သည်ဟုလည်း သိ၇သည်။
#လူမှုရေးရာ
မင်္ဂလာပါ လူကြီးမင်းတို့ခင်ဗျာ။ ကျနော်တို့မီဒီယာဆက်လက်ရပ်တည်ရှင်သန်ရေးအတွက် လူကြီးမင်းတို့ရဲ့ပူးပေါင်းဆောင်ရွက်မှုနဲ့ ကူညီမှုတွေကို အထူးလိုအပ်နေပါတယ်။
နိရဉ္ဇရာလှူရန်

ဆက်စပ် အကြောင်းအရာများ

တစ်နေ့တာ၏ အရေးကြီးဆုံး ပြည်တွင်းပြည်ပ သတင်းများနှင့် အဖြစ်အပျက်များကို လစဥ် လူကြီးမင်း၏ အီးမေလ်းထဲသို့ ရယူနိုင်ပါသည်

နောက်ဆုံးရသတင်းများ

တစ်နေ့တာ၏ အရေးကြီးဆုံး ပြည်တွင်းပြည်ပ သတင်းများနှင့် အဖြစ်အပျက်များကို လစဥ် လူကြီးမင်း၏ အီးမေလ်းထဲသို့ ရယူနိုင်ပါသည်
© 2024 Narinjara News. All rights reserved.