Preview

မောင်တောတွင် ယမန်နေ့ညတိုက်ပွဲအတွင်း အမျိုးသမီးတစ်ဦးနှင့် ကားသမားတစ်ဦးသေဆုံး

ဖေဖော်ဝါရီ ၀၈/ ၂၀၂၂ | ကြည့်ရှုသူ :9073
ရခိုင် သတင်း

အေးမြတ်ခိုင်
နိရဥ္စရာ၊ ဖေဖော်ဝါရီ၈/ ၂၀၂၂


ရခိုင်ပြည်နယ်၊မောင်တောမြို့နယ်မြောက်ပိုင်း ဖားဝပ်ချောင်းရွာအနီးတွင် ယမန်နေ့ညက ဖြစ်ပွားခဲ့သည့်တိုက်ပွဲအတွင်းအမျိုးသမီးတစ်ဦးနှင့် ကားသမားတစ်ဦးတို့ သေဆုံးသွားခဲ့ကြောင်း သိ၇သည်။


သေဆုံးသွားသူများမှာ ဖားဝပ်ချောင်းကျေးရွာမှအသက် ၄၀ ကျော်အရွယ် ဒေါ်စောခင်လှနှင့် ငန်းချောင်းကျေးရွာမှမူဆလင်ကားသမားတစ်ဦးတို့ဖြစ်သည်ဟု ဖားဝပ်ချောင်း ကျေးရွာအုပ်ချုပ်ရေးမှူးကနိရဥ္စရာကို ပြောသည်။


ယမန်နေ့ ဖေဖော်ဝါရီလရ ရက်နေ့ည ၁၁ နာရီဝန်းကျင်ခန့်က ဖားဝပ်ချောင်းကျေးရွာနှင့် ငန်းချောင်းမူဆလင်ကျေးရွာအကြားတိုက်ပွဲဖြစ်ပွားခဲ့မှုကြောင့် သေဆုံးခဲ့ခြင်းဖြစ်သည်ဟုလည်း ဆိုသည်။


"ညဉ့် ၁၁နာရီလောက်ကတော့ သေနတ်သံတွေကြားလိုက်တယ်။ မိုးလင်းပြီးမှ ကျွန်တော်တို့ရွာက အမျိုးသမီးတစ်ယောက်နဲ့ငန်းချောင်းက မူဆလင်တစ်ယောက်သေတယ်လို့သိ၇တယ်"ဟု ပြောသည်။


သေဆုံးသူအမျိုးသမီးမှာသစ်၊ ဝါးရောင်းချသူတစ်ဦးဖြစ်ပြီး မောင်တောမြောက်ပိုင်းသို့ သစ်ဝယ်ရန် မကြာခဏသွားလာနေသူဖြစ်ကြောင်းသိ၇သည်။


ယမန်နေ့ကသစ်ဝယ်ရန်သွားချိန်တွင် စစ်တပ်၏ပေါ်တာဆွဲခြင်းကိုခံရပြီး ကားမိုင်းဆွဲခံရ၍သေဆုံးသွားခြင်းဖြစ်သည်ဟု ဒေသခံများ၏ပြောဆိုချက်အရ သိ၇သည်။


"တပ်ကလည်း အဲ့လိုပုံစံတော့ပြောပါတယ်။ လူက ကားလမ်းဘေးကျသွားတယ်။ ကားအခြေအနေက ရှေ့ကစက်အုံတွေဘာတွေအကာအမိုးတွေတော့ ပြိုသွားပါတယ်။ တာယာတွေပေါက်သွားတယ်" ဟု ဖားဝပ်ချောင်းကျေးရွာအုပ်ချုပ်ရေးမှူးက နိရဉ္စရာကို ပြောသည်။


သေဆုံးသွားသူနှစ်ဦး၏အလောင်းကို လာယူရန်ယနေ့နံနက် စစ်တပ်ဘက်က ဖားဝပ်ချောင်းကျေးရွာသို့ ဆက်သွယ်လာပြီး လက်ရှိတွင်အလောင်းများကို ကျေးရွာအသီးသီးသို့ သယ်ဆောင်သွားကြပြီဟု သိ၇သည်။


အဆိုပါအလောင်းများကိုယနေ့ ညနေ ၄ နာရီခန့်တွင် သင်္ဂြိုဟ်မည်ဟု သိ၇သည်။

မောင်တောမြောက်ပိုင်းတွင်ဖေဖော်ဝါရီလ ၄ ရက်မှစတင်ကာ တိုက်ပွဲများတစ်ကျော့ပြန် ဖြစ်ပွားနေခြင်းဖြစ်သည်ဟုသိ၇သည်။


အဆိုပါတိုက်ပွဲများမှာဖေဖော်ဝါရီလ ၄ ရက်က တစ်ကြိမ်၊ ၆ ရက်က တစ်ကြိမ်နှင့် ရ ရက်ကတစ်ကြိမ်အပြင်းအထန်ဖြစ်ပွားနေသည်ဟု ဒေသခံများက ပြောသည်။

#စစ်ရေး
မင်္ဂလာပါ လူကြီးမင်းတို့ခင်ဗျာ။ ကျနော်တို့မီဒီယာဆက်လက်ရပ်တည်ရှင်သန်ရေးအတွက် လူကြီးမင်းတို့ရဲ့ပူးပေါင်းဆောင်ရွက်မှုနဲ့ ကူညီမှုတွေကို အထူးလိုအပ်နေပါတယ်။
နိရဉ္ဇရာလှူရန်

ဆက်စပ် အကြောင်းအရာများ

တစ်နေ့တာ၏ အရေးကြီးဆုံး ပြည်တွင်းပြည်ပ သတင်းများနှင့် အဖြစ်အပျက်များကို လစဥ် လူကြီးမင်း၏ အီးမေလ်းထဲသို့ ရယူနိုင်ပါသည်

နောက်ဆုံးရသတင်းများ

တစ်နေ့တာ၏ အရေးကြီးဆုံး ပြည်တွင်းပြည်ပ သတင်းများနှင့် အဖြစ်အပျက်များကို လစဥ် လူကြီးမင်း၏ အီးမေလ်းထဲသို့ ရယူနိုင်ပါသည်
© 2024 Narinjara News. All rights reserved.