English Edition
သောကြာနေ့၊ မေလ ၀၉ရက်၊ ၂၀၂၅
လှူရန်
Preview
မဲ ၂ ကြိမ်ထည့်သည်ဟုဆိုကာ တရားစွဲခံခဲ့၇သော အမ်းမြို့မှ အမျိုးသမီး ဒဏ်ငွေကျပ် ၁ သိန်းချမှတ်ခံရ
ဖေဖော်ဝါရီ ၁၂/ ၂၀၂၂ | ကြည့်ရှုသူ :1353
ရခိုင် သတင်း
သဥ္ဇာနွယ်
နိရဥ္စရာ၊ ဖေဖော်ဝါရီ ၉ /၂၀၂၂
၇ခိုင်ပြည်နယ်၊ အမ်းမြို့တွင် ပြီးခဲ့သည့် ၂၀၂၀ ရွေးကောက်ပွဲအတွင်း မဲ ၂ ကြိမ်ထည့်ခဲ့သည်ဟုဆိုကာ တရားစွဲခံခဲ့၇သည့်အမျိုးသမီးသည် ယနေ့တွင် ဒဏ်ငွေကျပ် ၁ သိန်းချမှတ်ခံရပြီးနောက် အမှုမှ လွတ်မြောက်လာခဲ့သည်ဟု သိ၇သည်။
အမှုမှလွတ်မြောက်လာသူမှာ အမ်းမြို့၊ လေယာဉ်ကွင်းရပ်ကွက်မှ ဒေါ်မစိန် (၅၀ နှစ်ခန့်)ဖြစ်သည်။
သူမသည် မဲ ၂ ကြိမ်ထည့်ခဲ့သည်ဟု ယနေ့ ဖေဖော်ဝါရီလ ၉ ရက်တွင်ဝန်ခံသဖြင့် အမ်းမြို့နယ်တရားရုံးက ဒဏ်ငွေကျပ် ၁ သိန်းအမိန့်ချခဲ့ပြီးနောက် အမှုမှ လွတ်မြောက်လာခြင်းဖြစ်သည်ဟု အမှုကိုလိုက်ပါဆောင်ရွက်ပေးနေသည့် တရားလွှတ်တော်ရှေ့နေ ဦးကျော်ဆန်းနိုင်က နိရဥ္စရာကို ပြောသည်။
"ဒီနေ့အမှုပြီးသွားပြီ။ သူက မဲနှစ်ကြိမ်ထည့်တယ်လို့ဝန်ခံခဲ့တယ်။ မဲထည့်ဖို့ သူ့ဆီကို စာရွက် ၂ ရွက် ရောက်လာလို့ ထည့်လိုက်တာလို့ပြောတယ်။ ဒဏ်ငွေ ၁ သိန်း ဆောင်၇တယ်"ဟုပြောသည်။
ဒေါ်မစိန်သည် ရာဇသတ်ကြီးဥပဒေပုဒ်မ ၁၇၁(စ)ဖြင့် အမ်းမြို့နယ်ရွေးကောက်ပွဲကော်မရှင်ဦးစီးမှူး ဦးသူရိန်ထွန်းက တရားလိုလုပ်ကာ တရားစွဲဆိုခံခဲ့ရခြင်းဖြစ်သည်ဟု သိ၇သည်။
ပုဒ်မ ၁၇၁(စ)သည် ထောင်ဒဏ် (၁)နှစ်ဖြစ်စေ၊ ငွေဒဏ်တစ်ရပ်ရပ်ဖြစ်စေ ချမှတ်နိုင်သည်ဟုလည်း သိ၇သည်။
ပြီးခဲ့သည် ဇန်နဝါရီ ၁၁ ရက်နေ့ကလည်း ရန်ကုန်တိုင်းဒေသကြီး၊ ရွှေပြည်သာမြို့နယ်ရှိ ရပ်ကွက် (၈)တွင်နေထိုင်သည့် ၇ခိုင်အမျိုးသမီး ၃ ဦးသည်လည်း ၂၀၂၀ ရွေးကောက်ပွဲအတွင်း မဲ ၂ ကြိမ်ထည့်သည့်စွပ်စွဲချက်ဖြင့် တရားစွဲဆိုခံနေရသည်ဟု သိ၇သည်။
ဓာတ်ပုံ - ၂၀၂၀ ရွေးကောက်ပွဲအတွင်း မဲလာထည့်နေသည့် ရခိုင်အမျိုးသမီးတစ်ဦးအားတွေ့၇စဉ်။ Photo - သျှင်မင်းဇံ/နိရ ဉ္စရာ
#ရွေးကောက်ပွဲ
မင်္ဂလာပါ လူကြီးမင်းတို့ခင်ဗျာ။ ကျနော်တို့မီဒီယာဆက်လက်ရပ်တည်ရှင်သန်ရေးအတွက် လူကြီးမင်းတို့ရဲ့ပူးပေါင်းဆောင်ရွက်မှုနဲ့ ကူညီမှုတွေကို အထူးလိုအပ်နေပါတယ်။
လှူရန်
ဆက်စပ် အကြောင်းအရာများ
တစ်နေ့တာ၏ အရေးကြီးဆုံး ပြည်တွင်းပြည်ပ သတင်းများနှင့် အဖြစ်အပျက်များကို လစဥ် လူကြီးမင်း၏ အီးမေလ်းထဲသို့ ရယူနိုင်ပါသည်
ရယူမည်
နောက်ဆုံးရသတင်းများ
Your browser does not support the video tag.
တစ်နေ့တာ၏ အရေးကြီးဆုံး ပြည်တွင်းပြည်ပ သတင်းများနှင့် အဖြစ်အပျက်များကို လစဥ် လူကြီးမင်း၏ အီးမေလ်းထဲသို့ ရယူနိုင်ပါသည်
ရယူမည်
ဆက်သွယ်ရန်
ကျွန်ုပ်တို့အကြောင်း
သတ်မှတ်ချက်များ
ကူညီမည်
အလုပ်ခေါ်စာ
© 2024 Narinjara News. All rights reserved.