English Edition
သောကြာနေ့၊ မေလ ၀၉ရက်၊ ၂၀၂၅
လှူရန်
Preview
မဲ ၂ ကြိမ်ပေးသည်ဟုဆိုကာ တရားစွဲခံနေရသည့် ရန်ကုန်ရောက်၇ခိုင်သူနှစ်ဦးအနက် ၁ ဦး ဒဏ်ငွေ ကျပ် ၁ သိန်းချမှတ်ခံရ
ဖေဖော်ဝါရီ ၁၂/ ၂၀၂၂ | ကြည့်ရှုသူ :6868
ရခိုင် သတင်း
ချစ်အိလှိုင်
နိရဥ္စရာ၊ ဖေဖော်ဝါရီ ၉/ ၂၀၂၂
ရန်ကုန်တိုင်းဒေသကြီး၊ ရွေပြည်သာမြို့နယ်တွင် မဲမသာမှုစွပ်စွဲချက်ဖြင့် တရားစွဲခံထားရသည့် ၇ခိုင်သူ ၂ ဦးအနက် ၁ ဦးသည် ဒဏ်ငွေကျပ် ၁ သိန်းချမှတ်ခံလိုက်ရသည်ဟု သိ၇သည်။
ဒဏ်ငွေကျပ် ၁ သိန်းချမှတ်ခံလိုက်ရသူမှာ ရွှေပြည်သာမြို့နယ်၊ ရပ်ကွက်(၈)တွင်နေထိုင်သူ ပေါက်တောမြို့နယ်ဇာတိ မနန်းစိုးခိုင်(၂၁)နှစ်ဖြစ်သည်။
သူမကို ယနေ့ ဖေဖော်ဝါရီလ ၉ ရက် နံနက်တွင် ရွှေပြည်သာမြို့နယ်တရားရုံးက ဒဏ်ငွေကျပ် ၁ သိန်းချမှတ်ခဲ့ခြင်းဖြစ်သည်ဟု ကာယကံရှင် မနန်းစိုးခိုင်က ပြောသည်။
“ကွင်းလုံးကျွတ်လွှတ်ပေးတာပါ။ အမှုရုပ်သိမ်းပေးတယ်လို့ပြောတယ်။ ငွေတစ်သိန်းဒဏ်ငွေပေးဆောင်ခဲ့၇ပါတယ်။ လွှတ်ပေးတယ်ဆိုတော့ ပျော်တာပေါ့” ဟုပြောသည်။
သူမမှာ ရွှေပြည်သာမြို့နယ်မှ အထည်ချုပ်စက်ရုံတစ်ခုတွင်အလုပ်လုပ်ကိုင်နေသူဖြစ်ပြီး လွန်ခဲ့သည့် ၂၀၂၀ ပြည့်နှစ် ပါတီစုံရွေးကောက်ပွဲတွင် မဲနှစ်ခါထည့်သည်ဟုဆိုကာ နောက်ထပ်၇ခိုင်သူတစ်ဦးဖြစ်သူ ပုဏ္ဏားကျွန်းမြို့နယ်ဇာတိ မဝင်းမေ(၂၈)နှစ်နှင့်အတူ မဲမသာမာမှုပုဒ်မ ၁၇၁(စ)ဖြင့် တရားစွဲခံခဲ့ရသည်ဟု သိ၇သည်။
၄င်းတို့အား လိုက်ပါကူညီဆောင်ရွက်ပေးနေသည့် ရန်ကုန်မှ ရခိုင်လူမှုရေးလှုပ်ရှားနေသူ ဦးမင်းစောမင်းက “သူ့ကို ဝန်ခံခိုင်းတယ်ဗျ။ သူ့လိုပဲ အရင်ကအဲဒီလိုပဲ အမှုဖွင့်ခံရတဲ့လူတွေကိုလည်း ဝန်ခံခိုင်းပြီး ဒဏ်ငွေတစ်သိန်းပေးဆောင်ခိုင်းတယ်လို့ သိ၇တယ်” ဟုပြောသည်။
မနန်းစိုးခိုင်နှင့်အတူ တရားစွဲခံနေရသည့် မဝင်းမေကို လာမည့် ဖေဖော်ဝါရီ ၂၁ ရက်တွင် ရုံးချိန်းခေါ်ယူထားကြောင်း သိ၇သည်။
ပုဒ်မ ၁၇၁(စ)သည် ထောင်ဒဏ် (၁)နှစ်ဖြစ်စေ၊ ငွေဒဏ်တစ်ရပ်ရပ်ဖြစ်စေ ချမှတ်နိုင်သည်ဟုလည်း သိ၇သည်။
#ရွေးကောက်ပွဲ
မင်္ဂလာပါ လူကြီးမင်းတို့ခင်ဗျာ။ ကျနော်တို့မီဒီယာဆက်လက်ရပ်တည်ရှင်သန်ရေးအတွက် လူကြီးမင်းတို့ရဲ့ပူးပေါင်းဆောင်ရွက်မှုနဲ့ ကူညီမှုတွေကို အထူးလိုအပ်နေပါတယ်။
လှူရန်
ဆက်စပ် အကြောင်းအရာများ
တစ်နေ့တာ၏ အရေးကြီးဆုံး ပြည်တွင်းပြည်ပ သတင်းများနှင့် အဖြစ်အပျက်များကို လစဥ် လူကြီးမင်း၏ အီးမေလ်းထဲသို့ ရယူနိုင်ပါသည်
ရယူမည်
နောက်ဆုံးရသတင်းများ
Your browser does not support the video tag.
တစ်နေ့တာ၏ အရေးကြီးဆုံး ပြည်တွင်းပြည်ပ သတင်းများနှင့် အဖြစ်အပျက်များကို လစဥ် လူကြီးမင်း၏ အီးမေလ်းထဲသို့ ရယူနိုင်ပါသည်
ရယူမည်
ဆက်သွယ်ရန်
ကျွန်ုပ်တို့အကြောင်း
သတ်မှတ်ချက်များ
ကူညီမည်
အလုပ်ခေါ်စာ
© 2024 Narinjara News. All rights reserved.