English Edition
သောကြာနေ့၊ မေလ ၀၉ရက်၊ ၂၀၂၅
လှူရန်
Preview
ကိုရီးယား POSCO က MOGE နှင့် ပူးပေါင်းပြီး ၇ခိုင်ကမ်းလွန်လုပ်ကွက် A-1 တွင် တူးဖော်မှု စတင်ရန် ပြင်ဆင်နေ
ဖေဖော်ဝါရီ ၁၆/ ၂၀၂၂ | ကြည့်ရှုသူ :9180
ရခိုင် သတင်း
နိရဉ္စရာ၊ ၁၆ ဖေဖော်ဝါရီ ၂၀၂၂
တောင်ကိုရီးယား POSCO International Corporation (Myanmar E&P) က မြန်မာ့ရေနံနှင့် သဘာ၀ဓာတ်ငွေ့လုပ်ငန်း (MOGE) နှင့် ပူးပေါင်းပြီး ရွှေသဘာ၀ဓာတ်ငွေ့ စီမံကိန်းအပိုင်း(၂)၏ ၇ခိုင်ကမ်းလွန်လုပ်ကွက် A-1 မှာ တူးဖော်ရေးလုပ်ငန်းများ စတင်နိုင်ရန် ပြင်ဆင်မှုများ ပြုလုပ် လျက်ရှိနေကြောင်း BETV စီးပွားရေးသတင်းတွင် ဖော်ပြသည်။
Myanmar E&P အနေနဲ့ A-1 မှာ ရွှေအဆင့်(၂) ဖွံ့ဖြိုးတိုးတက်ရေး စီမံကိန်းအရ တပ်ဆင်ခြင်း လုပ်ငန်းများကို ကမ်းလွန်ဆောက်လုပ်ရေးရေယာဉ် ‘‘DLV 2000’’ နှင့် ဖေဖော်ဝါရီ ၁၆ ရက်မှ မတ်လ ၁၅ ရက်အထိ ဆောင်ရွက်သွားမည်ဟု ကြေညာထားသည်။
ရွှေစီမံကိန်းမှာ POSCO International က ရှယ်ယာ ၅၁ ရာခိုင်နှုန်း ပိုင်ဆိုင်ကာ အော်ပရေတာအဖြစ် လုပ်ကိုင်ခွင့်ရရှိထားပြီး MOGE(မြန်မာ)က ၁၅ ရာခိုင်နှုန်း၊ ONGC(အိန္ဒိယ)က ၁၇ ရာခိုင်နှုန်း၊ KOGAS (တောင်ကိုရီးယား)နှင့် GAIL(အိန္ဒိယ)တို့က ၈.၅ ရာခိုင်နှုန်းစီ အချိုးကျပါဝင်ကာ ပူးပေါင်းဆောင်ရွက်နေခြင်း ဖြစ်ကြောင်း သိ၇သည်။
ကမ်းလွန်လုပ်ကွက် A-1 နှင့် A-3 တို့တွင် ပါရှိသည့် ရွှေစီမံကိန်းအတွင်း A-1 အတွင်း ‘ရွှေ’ နှင့် ‘ရွှေဖြူ’ လုပ်ကွက်တို့ရှိပြီး A-3 မှာ ‘မြ’ လုပ်ကွက်တို့ရှိကာ ထွက်ရှိလာသည့် ဓာတ်ငွေ့များ ကို တရုတ်အမျိုးသားရေနံကော်ပိုရေးရှင်းထံ ၂၀၁၃ ခုနှစ်မှ စတင်ကာ ပိုက်လိုင်းဖြင့် ပို့လွှတ်ရောင်းချခဲ့သည်ဟု သတင်းတွင် ဖော်ပြသည်။
POSCO ၏ ထုတ်ပြန်ချက်အရ ရွှေအဆင့်(၂) ဖွံ့ဖြိုးတိုးတက်ရေး စီမံကိန်း အတွက် အမေရိကန်ဒေါ်လာ ၄၇၃ သန်း ရင်းနှီးမြှုပ်နှံဖို့ လျာထားပြီး ကမ်းလွန်လုပ်ကွက် A-1 ရှိ ‘ရွှေ’ နှင့် ‘ရွှေဖြူ’ လုပ်ကွက်ဧရိယာအတွင်း စီးပွားဖြစ်ထုတ်လုပ်ရေး ရှစ်တွင်း တူးဖော်မည်ဟုလည်း သိ၇သည်။
ရွှေစီမံကိန်းမှ ၂၀၂၁ ပထမသုံးလမှာ နေ့စဉ် သဘာ၀ဓာတ်ငွေ့ကုဗပေသန်း ၅၇၀ ရောင်းချခြင်းမှ အမြတ် ကိုရီးယားဝမ် ၃၀ ဒသမ ၄ ဘီလီယံနှင့် ဒုတိယသုံးလမှာ ကုဗပေသန်း ၅၂၀ ရောင်းချရမှုအတွက် အမြတ် ကိုရီးယားဝမ် ၃၇ ဒသမ ရ ဘီလီယံရရှိခဲ့ကြောင်း POSCO International ၏ ၂၀၂၁ ဒုတိယသုံးလပတ် အစီရင်ခံစာမှာ ဖော်ပြထားသည်။
#သဘာဝသယံဇာတ
မင်္ဂလာပါ လူကြီးမင်းတို့ခင်ဗျာ။ ကျနော်တို့မီဒီယာဆက်လက်ရပ်တည်ရှင်သန်ရေးအတွက် လူကြီးမင်းတို့ရဲ့ပူးပေါင်းဆောင်ရွက်မှုနဲ့ ကူညီမှုတွေကို အထူးလိုအပ်နေပါတယ်။
လှူရန်
ဆက်စပ် အကြောင်းအရာများ
တစ်နေ့တာ၏ အရေးကြီးဆုံး ပြည်တွင်းပြည်ပ သတင်းများနှင့် အဖြစ်အပျက်များကို လစဥ် လူကြီးမင်း၏ အီးမေလ်းထဲသို့ ရယူနိုင်ပါသည်
ရယူမည်
နောက်ဆုံးရသတင်းများ
Your browser does not support the video tag.
တစ်နေ့တာ၏ အရေးကြီးဆုံး ပြည်တွင်းပြည်ပ သတင်းများနှင့် အဖြစ်အပျက်များကို လစဥ် လူကြီးမင်း၏ အီးမေလ်းထဲသို့ ရယူနိုင်ပါသည်
ရယူမည်
ဆက်သွယ်ရန်
ကျွန်ုပ်တို့အကြောင်း
သတ်မှတ်ချက်များ
ကူညီမည်
အလုပ်ခေါ်စာ
© 2024 Narinjara News. All rights reserved.