English Edition
စနေနေ့၊ ဒီဇင်ဘာလ ၂၁ရက်၊ ၂၀၂၄
လှူရန်
Preview
မင်းပြားတွင် ကျောင်းသူ ၂ ဦး ကားတိုက်ခံ၇၍ ၉ တန်းကျောင်းသူ ပွဲချင်းပြီးသေဆုံး
ဖေဖော်ဝါရီ ၁၇/ ၂၀၂၂ | ကြည့်ရှုသူ :4191
ရခိုင် သတင်း
ထက်အောင်
နိရဥ္စရာ၊ ဖေဖော်ဝါရီ ၁၆/ ၂၀၂၂
၇ခိုင်ပြည်နယ်၊ မင်းပြားမြို့နယ်တွင် ယမန်နေ့က ကျောင်းသူ ၂ ဦး ကားတိုက်ခံ၇၍ ၉ တန်းကျောင်းသူ ၁ ဦး ပွဲချင်းပြီးသေဆုံးသွားကြောင်း သိ၇သည်။
သေဆုံးသွားသူမှာ မင်းပြားမြို့နယ် အထက်ခချီးမြောင်ကျေးရွာမှ (၉)တန်းကျောင်းသူ မစုလှိုင်ဦး (၁၄ နှစ်)ဖြစ်သည်။
သူမသည် ကမ်းနီအထက်တန်းကျောင်းတွင်ပညာသင်ကြားနေသူဖြစ်ပြီး ယမန်နေ့ ဖေဖော်ဝါရီလ ၁၅ ရက်နေ့ ညနေပိုင်း ၄ နာရီက (၅)တန်းကျောင်းသူ မနီလာဝင်း (၁၁ နှစ်)နှင့်အတူ စက်ဘီးဖြင့် ရွာသို့ ကျောင်းဆင်း၍ ပြန်လာစဉ် ကမ်းနီကျေးရွာ၏ မြောက်ဘက် စစ်တွေ-ရန်ကုန် ကားလမ်းပေါ်တွင် ကုန်ကား ၁ စီး၏ တိုက်မိခြင်းကို ခံခဲ့၇ခြင်းဖြစ်သည်ဟု မိသားစုဝင်များက ပြောသည်။
ဒဏ်ရာရရှိသွားသည့် မနီလာဝင်း၏အဖိုး ဦးအောင်လှက “သူတို့က ချောင်းနက်ရွာကနေပြီး ကမ်းနီမှာ ကျောင်းတက်နေတာ။ မနေ့က ကျောင်းဆင်းလာချိန်မှာ ကျောင်းသူတွေကတော့ စက်ဘီးနဲ့ သွားတယ်။ အဲဒါကို နောက်ကနေ ဝင်တိုက်တာ။ ဒီလို ဖြစ်ရပ်အပေါ်မှာ စိတ်မကောင်းဖြစ်၇ပါတယ်” ဟု ပြောသည်။
သေဆုံးသွားသည့်ကျောင်းသူသည် ကားဘီးကြိတ်ခံရ၍ ဦးခေါင်းပြိုကွဲဒဏ်ရာဖြင့် နေရာတွင်ပင် ပွဲချင်းပြီး သေဆုံးသွားပြီး ၅ တန်းကျောင်းသူတွင် အတွင်းဒဏ်ရာရသွား၍ မင်းပြားဆေးရုံတွင် ဆေးကုသမှု ခံယူနေရကြောင်း သိ၇သည်။
ဒဏ်ရာရရှိသွားသည့်ကျောင်းသူမှာ မင်းပြားမြို့နယ် ချောင်းနက်ကျေးရွာမှ ဖြစ်သည်။
တိုက်မိခဲ့သည့်ကားမှာ ၁၂ ဘီးယာဉ်အမျိုးအစားဖြစ်ပြီး လက်ရှိတွင် ယာဉ်မောင်းဖြစ်သူ ဦးဇော်ဇော်ထွေးကို ရက္ခိုင်ပြည်သူ့အာဏာပိုင်အဖွဲ့က စစ်ဆေးအရေးယူရန် ခေါ်ဆောင်သွားသည်ဟု ဒေသခံများက ပြောသည်။
#ယာဉ်မတော်တဆ
မင်္ဂလာပါ လူကြီးမင်းတို့ခင်ဗျာ။ ကျနော်တို့မီဒီယာဆက်လက်ရပ်တည်ရှင်သန်ရေးအတွက် လူကြီးမင်းတို့ရဲ့ပူးပေါင်းဆောင်ရွက်မှုနဲ့ ကူညီမှုတွေကို အထူးလိုအပ်နေပါတယ်။
လှူရန်
ဆက်စပ် အကြောင်းအရာများ
တစ်နေ့တာ၏ အရေးကြီးဆုံး ပြည်တွင်းပြည်ပ သတင်းများနှင့် အဖြစ်အပျက်များကို လစဥ် လူကြီးမင်း၏ အီးမေလ်းထဲသို့ ရယူနိုင်ပါသည်
ရယူမည်
နောက်ဆုံးရသတင်းများ
Your browser does not support the video tag.
တစ်နေ့တာ၏ အရေးကြီးဆုံး ပြည်တွင်းပြည်ပ သတင်းများနှင့် အဖြစ်အပျက်များကို လစဥ် လူကြီးမင်း၏ အီးမေလ်းထဲသို့ ရယူနိုင်ပါသည်
ရယူမည်
ဆက်သွယ်ရန်
ကျွန်ုပ်တို့အကြောင်း
သတ်မှတ်ချက်များ
ကူညီမည်
အလုပ်ခေါ်စာ
© 2024 Narinjara News. All rights reserved.