စနေ၊ ဧပြီလ ၂၀ရက်၊ ၂၀၂၄

ဘင်္ဂလားဒေ့ရှ်တွင် ဒုက္ခသည်တစ်ဦး စိတ်ကြွယာဘားဆေးပြား ၁၆၉၀၀၀ နှင့်အတူ ဖမ်းဆီးခံရ


  • ရေးသူ: Web Master
  • | ရက်စွဲ: ၁၈ ဖေဖော်ဝါရီ ၂၀၂၂
  • | ကြည့်ရှုသူ: 8.8k

နိရဉ္စရာ၊ ဖေဖော်ဝါရီ၁၈/၂၀၂၂

ဘင်္ဂလားဒေ့ရှ်နိုင်ငံ၊ ကော့စ်ဘဇားခရိုင်၊ အိုကီးယားမြို့နယ်၊ ဘာလုခါလီ မြန်မာနိုင်ငံက မူဆလင် ဒုက္ခသည်စခန်းတွင် အသက် ၂၅ အရွယ် ဒုက္ခသည်တစ်ဦးထံမှ ကြာသပတေးနေ့က တာကာငွေ ၅ ဒဿမ ၇ ကုဋေ တန်ဖိုးရှိ စိတ်ကြွယာဘားဆေးပြား ၁၆၉၀၀၀ ကို ဖမ်းမိသည်ဟု UNB  သတင်းဌာနက သတင်းဖော်ပြသည်။

ဖမ်းဆီးခံရသူမှာ အသက် ၂၅ နှစ်အရွယ် ဆာဒက်ဟူစိန် ( Sadek Hossain) ဖြစ်သည်ဟု ဆိုသည်။

သတင်းအရ ဘင်္ဂလားဒေ့ရှ် ရဲတပ်ဖွဲ့က ဘာလုခါလီ မူဆလင် ဒုက္ခသည် စခန်းရှိ ဆာဒက်ဟူစိန် ဝင်ရောက် စီးနင်းရှာဖွေစဉ် စိတ်ကြွဆေးပြား ၁၆၉၀၀၀ကို ဖမ်းမိသည်ဟု ရဲတပ်ဖွဲ့ အကြီးအကဲ Kamran Hossain က  UNB သို့ ပြောသည်။

ဖမ်းဆီးခံရသူအား ထိန်းသိမ်းထားပြီး စစ်ဆေးမေးမြန်းနေကြောင်း သတင်းတွင် ဖော်ပြသည်။

၂၀၂၂ ခုနှစ် ဇန်နဝါရီ ၂၆ ရက် နေ့လယ်ကလည်းမြန်မာဘက်က တင်သွင်းလာသော  စိတ်ကြွယာဘားဆေးပြား ၁၈၀၀၀၀ ကို ကော့စ်ဘဇားခရိုင် တက်ကနက်မြို့နယ် နတ်မြစ်အတွင်း စက်လှေတစ်စီးပေါ်က  ဘင်္ဂလာဒေ့ရှ် ကမ်းခြေစောင့်တပ်ဖွဲ့က စက်လှေ တစ်စီးပေါ်က ဖမ်းမိခဲ့သည်ဟု သိရသည်။  

ဆက်စပ် သတင်းများ