Preview

ငပလီတွင် PDF သံသယဖြင့် တရားစွဲခံထား၇သည့် ဒေါ်ငြိမ်းအိဖြိုးကျော်၏ ၂ နှစ်အရွယ် သမီးငယ် သံတွဲထောင်ထဲတွင် ကွယ်လွန်

ဖေဖော်ဝါရီ ၁၈/ ၂၀၂၂ | ကြည့်ရှုသူ :4343
ရခိုင် သတင်း

မြထွီးသျှင်၊ သဉ်ဇာနှယျ
နိရဉ်စရာ၊ ဖေဖော်ဝါရီ ၁၈/ ၂၀၂၂
ရခိုင်ပြည်နယ်၊ ငပလီမြို့မှ PDF ကို ငွေကြေးထောက်ပံ့သည့် သံသယဖြင့် တရားစွဲခံထား၇သည့် ဒေါ်ငြိမ်းအိဖြိုးကျော်၏ ၂ နှစ်အရွယ် သမီးဖြစ်သူသည် ယမန်နေ့ည ၉ နာရီခန့်တွင် သံတွဲအကျဉ်းထောင်၌ ကွယ်လွန်သွားကြောင်း သိ၇သည်။
ဒေါ်ငြိမ်းအိဖြိုးကျော် (၃၅ နှစ်)၏ သမီးဖြစ်သူ အသက် ၂ နှစ်နှင့် ၄ လအရွယ် မရွှေယွန်းအိမ်သည် မွေးရာပါ စအိုမပါသည့်အတွက် ခွဲစိတ်မှုပြုလုပ်ထားရသူဖြစ်ပြီး မိခင်ဖြစ်သူကို သံတွဲအကျဉ်းထောင်တွင် ထိန်းသိမ်းခံထားရစဉ်ကပင် မိခင်နှင့်အတူ ပို့ထားရကြောင်း သိ၇သည်။
ယင်းသို့ပို့ဆောင်ထားစဉ် ယမန်နေ့ ဖေဖော်ဝါရီ ၁၇ ရက် ညတွင်သေဆုံးသွားခြင်းဖြစ်ပြီး အလောင်းကို သံတွဲဆေးရုံမှ ယနေ့နံနက်တွင်သွားယူခဲ့ရသည်ဟု မရွှေယွန်းအိမ်၏ အဖိုးဖြစ်သူဦးကျော်လွင်က ပြောသည်။
"ကလေးက အန်ပြီးတော့ ဆုံးသွားတယ်။ ကလေးကရောဂါတွေတော့ မရှိဘူး။ နဂိုထဲက အစာလမ်းကြောင်းအပြည့်အစုံမပါဘူး။ သူ့အမေနဲ့လည်း မတွေ့ရသေးဘူး။ ကလေးအလောင်းကို ဆေးရုံကသွားယူလာ၇တာ"ဟုပြောသည်။
မရွှေယွန်းအိမ်၏အလောင်းသည် သံတွဲအကျဉ်းထောင်မှ သံတွဲဆေးရုံသို့ ယမန်နေ့ည ၁၀ နာရီခန့်တွင် ရောက်ရှိလာပြီး သေမှုသေခင်းနှင့် ရင်ခွဲစစ်ဆေးမှုလုပ်ခဲ့ကာ မည်သည့်အကြောင်းရင်းကြောင့် သေဆုံးရခြင်းကို မသိရသေးကြောင်း သံတွဲဆေးရုံအုပ် ဒေါက်တာရဲဝင်းထွန်းက နိရဉ်စရာသို့ပွောသညျ။
"ဘာကြောင့်သေဆုံးရလဲဆိုတာ အဲဒီစစ်ဆေးမှုလုပ်သူတွေရဲ့ Report က ကျနော့်ဆီမတက်လာသေးဘူး။ မနက်ဖြန်လောက်မှ ကျနော်တို့ Report တွေတက်မှာပါ "ဟုပြောသည်။
ယခုကိစ္စနှင့်ပတ်သက်ပြီး သံတွဲထောင်ပိုင်ကြီး ဦးရန်နိုင်ကို နိရဉ်စရာက ဆက်သွယ်ရာ သူက ကျနော်ခွင့်နဲ့အိမ်ပြန်နေလို့ အတိကျမသိ၇သေးပါဘူး။ ဒါပေမယ့် ကျနော်စုံစမ်းပြီး ပြန်ဆက်သွယ်ပေးပါမယ်ဟု ပြောသည်။
နောက်ထပ် ၁ နာရီခန့်အကြာ သူ့ကိုထပ်မံဆက်သွယ်ရာ ဖုန်းလက်ခံဖြေကြားခြင်းမရှိခဲ့ပါ။
သေဆုံးသူ၏မိခင် ဒေါ် ငြိမ်းအိဖြူကျော်သည် ပြီးခဲ့သည့် ၂၀၂၁ ခုနှစ် နိုဝင်ဘာလ ၃ ရက်တွင် PDF ကို ငွေကြေးထောက်ပံ့သည့် သံသယဖြင့် ငပလီမြို့ရှိ သူမ၏နေအိမ်မှ ဖမ်းဆီးခံခဲ့၇ပြီး အကြမ်းဖက်မှုပုဒ်မ ၅၀(ည) ဖြင့် တရားစွဲဆိုခံနေရကြောင်း သိ၇သည်။

#လူမှုရေးရာ
မင်္ဂလာပါ လူကြီးမင်းတို့ခင်ဗျာ။ ကျနော်တို့မီဒီယာဆက်လက်ရပ်တည်ရှင်သန်ရေးအတွက် လူကြီးမင်းတို့ရဲ့ပူးပေါင်းဆောင်ရွက်မှုနဲ့ ကူညီမှုတွေကို အထူးလိုအပ်နေပါတယ်။
နိရဉ္ဇရာလှူရန်

ဆက်စပ် အကြောင်းအရာများ

တစ်နေ့တာ၏ အရေးကြီးဆုံး ပြည်တွင်းပြည်ပ သတင်းများနှင့် အဖြစ်အပျက်များကို လစဥ် လူကြီးမင်း၏ အီးမေလ်းထဲသို့ ရယူနိုင်ပါသည်

နောက်ဆုံးရသတင်းများ

တစ်နေ့တာ၏ အရေးကြီးဆုံး ပြည်တွင်းပြည်ပ သတင်းများနှင့် အဖြစ်အပျက်များကို လစဥ် လူကြီးမင်း၏ အီးမေလ်းထဲသို့ ရယူနိုင်ပါသည်
© 2024 Narinjara News. All rights reserved.