English Edition
သောကြာနေ့၊ မေလ ၀၉ရက်၊ ၂၀၂၅
လှူရန်
Preview
ရခိုင်တွင် ကူးစက်မြန် အိုမီခရွန်ပိုးတွေ့ပြီးနောက် စစ်တွေမြို့မြင်ကွင်း
ဖေဖော်ဝါရီ ၂၀/ ၂၀၂၂ | ကြည့်ရှုသူ :3309
ရခိုင် သတင်း
နိရဥ္စရာ၊ ဖေဖော်ရီ ၁၉/ ၂၀၂၂
ရခိုင်ပြည်နယ်အတွင်း ကူးစက်မြန် မျိုးဗီဇပြောင်း အိုမီခရွန် ကိုဗစ်မျိုးကွဲသစ် စစ်ဆေးတွေ့ရှိခဲ့ပြီးနောက် စစ်တွေမြို့တွင် လူထုအနေဖြင့် ပုံမှန်သွားလာလှုပ်ရှားမှုများရှိနေကြသည်ကို တွေ့ရှိ၇သည်။
စစ်တွေတွင် ဖေဖော်ဝါရီ ၁၅ ရက်က လေယာဉ်စီးခရီးသည် ၁၀ ကျော်နှင့် စစ်တွေတက္ကသိုလ်ဝန်ထမ်း ၅၀ ကျော်တို့တွင် ကိုဗစ်ပိုးတွေ့ရှိခဲ့ပြီး ယင်းအထဲမှ ၉ ဦး၏ စစ်ဆေးချက်နမူနာကို အိုမီခရွန်ဟုတ်၊ မဟုတ် ရန်ကုန်သို့ပေးပို့စစ်ဆေးရာ ၉ ဦးလုံးတွင် အိုမီခရွန်ပိုးတွေ့ရှိခဲ့သည်ဟု ယမန်နေ့တွင် ပြည်နယ်ကောင်စီက ထုတ်ပြန်ခဲ့သည်။
ရခိုင်ပြည်နယ်ကောင်စီအနေဖြင့် မြို့တော် စစ်တွေတွင် ကိုဗစ်ကူးစက်မှုအခြေအနေများ ယခုထက်ပိုမိုဆိုးရွားလာပါက လူစုလူဝေးဖြစ်စေသည့်နေရာများကို အသွားအလာကန့်သန့်မှုများပြုလုပ်သွားမည်ဖြစ်ကြောင်း ပြောဆိုထားသည်။
မျိုးဗီဇပြောင်း အိုမီခရွန်ကိုဗစ်ပိုးမှာ ရောဂါပြင်းထန်မှုမရှိသော်လည်း ကူးစက်မှုလျင်မြန်သည့်အတွက် နှာခေါင်းစည်း Mask ကိုအပြင်ထွက်တိုင်း တပ်ကြရန်လိုကြောင်း ကျန်းမာရေးဝန်ကြီးဌာနက သတိပေးထားသည်။
ရခိုင်တွင် ယမန်နေ့အထိ ကိုဗစ်ပိုးတွေ့ရှိသူ ၅,၄၇၁ ဦးနှင့် သေဆုံးသူ ၅၀၁ ဦးရှိကြောင်း ပြည်နယ်ကိုဗစ်-၁၉ ထိန်းချုပ်ရေးနှင့် အရေးပေါ်တုံ့ပြန်ရေးကော်မတီ၏စာရင်းအရ သိ၇သည်။
ဓာတ်ပုံ - ထက်အောင် / နိရ ဉ္စရာ
#လူမှုရေးရာ
မင်္ဂလာပါ လူကြီးမင်းတို့ခင်ဗျာ။ ကျနော်တို့မီဒီယာဆက်လက်ရပ်တည်ရှင်သန်ရေးအတွက် လူကြီးမင်းတို့ရဲ့ပူးပေါင်းဆောင်ရွက်မှုနဲ့ ကူညီမှုတွေကို အထူးလိုအပ်နေပါတယ်။
လှူရန်
ဆက်စပ် အကြောင်းအရာများ
တစ်နေ့တာ၏ အရေးကြီးဆုံး ပြည်တွင်းပြည်ပ သတင်းများနှင့် အဖြစ်အပျက်များကို လစဥ် လူကြီးမင်း၏ အီးမေလ်းထဲသို့ ရယူနိုင်ပါသည်
ရယူမည်
နောက်ဆုံးရသတင်းများ
Your browser does not support the video tag.
တစ်နေ့တာ၏ အရေးကြီးဆုံး ပြည်တွင်းပြည်ပ သတင်းများနှင့် အဖြစ်အပျက်များကို လစဥ် လူကြီးမင်း၏ အီးမေလ်းထဲသို့ ရယူနိုင်ပါသည်
ရယူမည်
ဆက်သွယ်ရန်
ကျွန်ုပ်တို့အကြောင်း
သတ်မှတ်ချက်များ
ကူညီမည်
အလုပ်ခေါ်စာ
© 2024 Narinjara News. All rights reserved.