English Edition
သောကြာနေ့၊ မေလ ၀၉ရက်၊ ၂၀၂၅
လှူရန်
Preview
မဲနှစ်ကြိမ်ပေးမှုဖြင့် နောက်ထပ် ရန်ကုန်ရောက်၇ခိုင်အမျိုးသမီးတစ်ဦး ဒဏ်ငွေ ၁ သိန်း ချမှတ်ခံရ
ဖေဖော်ဝါရီ ၂၂/ ၂၀၂၂ | ကြည့်ရှုသူ :4171
ရခိုင် သတင်း
ချစ်အိလှိုင်
နိရဥ္စရာ၊ ဖေဖော်ဝါရီ ၂၁/ ၂၀၂၂
မဲနှစ်ခါထည့်သည်ဟု စွပ်စွဲချက်ဖြင့် တရားစွဲခံထားရသည့် ရန်ကုန်ရောက် ၇ခိုင် အမျိုးသမီး ၃ ဦးအထဲက နောက်ထပ်တစ်ဦးသည် ယနေ့တွင် ဒဏ်ငွေ ၁ သိန်းချမှတ်ခံရသည်ဟု သိ၇သည်။
ဒဏ်ငွေ ၁ သိန်းချမှတ်ခံလိုက်ရသူမှာ ရန်ကုန်မြို့၊ ရွှေပြည်သာမြို့နယ် (၈)ရပ်ကွက်တွင်နေထိုင်သည့် ပုဏ္ဏားကျွန်းမြို့နယ်ဇာတိဖြစ်သူ မဝင်းမေ(၂၈ နှစ်)ဖြစ်သည်။
သူမကို ယနေ့ ဖေဖော်ဝါရီ ၂၁ ရက်နေ့ နံနက်ပိုင်းတွင် မဲမသာမာမှု ၁၇၁(စ)ဖြင့် ရွှေပြည်သာတရားရုံးက ဒဏ်ငွေချမှတ်ခဲ့ခြင်းဖြစ်သည်ဟု သိ၇သည်။
အဆိုပါအမှုအား လိုက်ပါကူညီဆောင်ရွက်ပေးနေသူ ရခိုင်လူမှုရေးလှုပ်ရှားသူ ကိုမင်းစောမင်းက “မနန်းစိုးလိုပဲ သူ့ကိုလည်း ဒဏ်ငွေတစ်သိန်းနဲ့ ပြန်လွှတ်ပေးတာပါ” ဟုပြောသည်။
သူမသည် လွန်ခဲ့သည့် ၂၀၂၀ ပြည့်နှစ် အထွေထွေရွေးကောက်ပွဲတွင် မဲ ၂ ခါထည့်ခဲ့သည်ဟု စွပ်စွဲချက်ဖြင့် ၂၀၂၁ ခုနှစ်၊ နိုဝင်ဘာလက တစ်ရပ်ကွက်တည်းနေ ပေါက်တောမြို့နယ်ဇာတိ မနန်းစိုးခိုင်နှင့်အတူ မဲမသာမှုပုဒ်မ ၁၇၁(စ)ဖြင့် အမှုဖွင့်တရားစွဲဆိုခံခဲ့၇ခြင်းဖြစ်သည်။
ယင်းနောက် မနန်းစိုးခိုင်အား ဖေဖော်ဝါရီ ၉ ရက်နေ့တွင် ရွှေပြည်သာမြို့နယ်တရားရုံးက ဒဏ်ငွေ ၁ သိန်းချမှတ်ခဲ့သည်။
ရခိုင်ပြည်နယ် အမ်းမြို့နယ်၊ လေယာဉ်ကွင်းရပ်ကွက်မှ ဒေါ်မစိန်အသက် (၅၀ နှစ်)ကိုလည်း ၂၀၂၀ ရွေးကောက်ပွဲတွင် မဲနှစ်ခါထည့်မှုဖြင့် ဖေဖော်ဝါရီလ ၉ ရက်နေ့တွင် အမ်းမြို့နယ်တရားရုံးက ဒဏ်ငွေကျပ် ၁ သိန်း ချမှတ်ခဲ့သည်။
#ရွေးကောက်ပွဲ
မင်္ဂလာပါ လူကြီးမင်းတို့ခင်ဗျာ။ ကျနော်တို့မီဒီယာဆက်လက်ရပ်တည်ရှင်သန်ရေးအတွက် လူကြီးမင်းတို့ရဲ့ပူးပေါင်းဆောင်ရွက်မှုနဲ့ ကူညီမှုတွေကို အထူးလိုအပ်နေပါတယ်။
လှူရန်
ဆက်စပ် အကြောင်းအရာများ
တစ်နေ့တာ၏ အရေးကြီးဆုံး ပြည်တွင်းပြည်ပ သတင်းများနှင့် အဖြစ်အပျက်များကို လစဥ် လူကြီးမင်း၏ အီးမေလ်းထဲသို့ ရယူနိုင်ပါသည်
ရယူမည်
နောက်ဆုံးရသတင်းများ
Your browser does not support the video tag.
တစ်နေ့တာ၏ အရေးကြီးဆုံး ပြည်တွင်းပြည်ပ သတင်းများနှင့် အဖြစ်အပျက်များကို လစဥ် လူကြီးမင်း၏ အီးမေလ်းထဲသို့ ရယူနိုင်ပါသည်
ရယူမည်
ဆက်သွယ်ရန်
ကျွန်ုပ်တို့အကြောင်း
သတ်မှတ်ချက်များ
ကူညီမည်
အလုပ်ခေါ်စာ
© 2024 Narinjara News. All rights reserved.