Preview

ပလက်၀မှ ကိုတင်ထွန်းအောင် စစ်ကြောရေးတွင်စစ်ဆေးခံခဲ့ရသဖြင့် ကျန်းမာရေးထိခိုက်မှု ရှိ/မရှိ စစ်ဆေးလိုဟု မိသားစုများပြော

ဖေဖော်ဝါရီ ၂၅/ ၂၀၂၂ | ကြည့်ရှုသူ :3034
ရခိုင် သတင်း
မြထွီးသျှင်
နိရဥ္စရာ၊ ဖေဖော်ဝါရီ ၂၃/ ၂၀၂၂
ချင်းပြည်နယ်၊ ပလက်၀မြို့မှ တပ်မတော်အကြည်အညိုပျက်စေမှုပုဒ်မ ၅၀၅(က)ဖြင့် တရားစွဲခံနေရသည့် ကိုတင်ထွန်းအောင်သည် စစ်ကြောရေးတွင်စစ်ဆေးခံခဲ့ရသည်ဟုဆိုကာ ကျန်းမာရေးထိခိုက်မှုရှိ/မရှိ ဆေးခန်းပြစစ်ဆေးကြည့်လိုကြောင်း မိသားစုဝင်များက ပြောသည်။
လက်ရှိတွင် ကိုတင်ထွန်းအောင်သည် ဆိုးဆိုးရွားရွားကျန်းမာရေးထိခိုက်နေခြင်းမရှိသော်လည်း စစ်ကြောရေးတွင် စစ်ဆေးခံခဲ့ရစဉ်က ထိခိုက်ဒဏ်ရာများရရှိခဲ့ပြီး ခန္ဓာတွင် အတွင်းဒဏ်ရာများရှိ၊ မရှိကို စစ်ဆေးလို၍ ဆေးခန်းပြချင်ကြောင်း မိသားစုဝင်တစ်ဦးက နိရဥ္စရာသို့ပြောသည်။
"သူကတော့ သက်သာတယ်ပဲပြောတယ်။ ဒါပေမဲ့ မိသားစုအနေနဲ့က စစ်ကြောရေးမှာ စစ်ဆေးခဲ့တုန်းက ထုထောင်းခဲ့တဲ့ဒဏ်တွေရှိမယ်ပေါ့။ ရင်ဘတ်တွေဘောတွေလည်း ဓာတ်မှန်ရိုက်ကြည့်ချင်တယ်။ သူ့ကို အထဲမှာတစ်ခုခုဖြစ်သွားမှာ စိုးရိမ်တယ်။ ဆေးခန်းပြဖို့တောင်းတော့လည်း ရဲဘက်ကတော့ နေကောင်းသားပဲ။ ပြစရာမလိုဘူးလို့ပြောတယ်" ဟုပြောသည်။
မိသားစုဝင်များအနေဖြင့် ကိုတင်ထွန်းအောင်ကို ဆေးခန်းပြခွင့်ရရန် သက်ဆိုင်ရာသို့ ထပ်မံတောင်းဆိုသွားမည်ဟုလည်း ဆက်ပြောသည်။
ပလက်၀မြို့၊ မြို့မရပ်ကွက်မှ ကိုတင်ထွန်းအောင်(၃၆ နှစ်)သည် ပလက်၀မြို့နယ် ရုပ်၀အခြေခံပညာစာသင်ကျောင်းမှ အထွေထွေဝန်ထမ်း ကိုတင်ဦးနှင့်အတူ ပလက်၀အခြေစိုက် ခမ၇ ၂၈၉ တပ်ရင်းတွင် အလံဖြူထောင်သည့်ကိစ္စအား သတင်းဌာနတစ်ခုသို့အင်တာဗျူးဖြေကြားခဲ့သည့်အတွက် တပ်မတော်အကြည်အညိုပျက်စေမှုပုဒ်မ ၅၀၅(က)ဖြင့် ပြီးခဲ့သည့်နှစ် ဒီဇင်ဘာလ ၃၀ ရက်မှစတင်ကာ အမှုရင်ဆိုင်နေ၇ခြင်းဖြစ်သည်။
၄င်းတို့နှစ်ဦးသည် ဒီဇင်ဘာလ ၂၈ ရက် ညနေ ၆ နာရီခန့်တွင် ရဲနှင့်စစ်တပ်၏ ဖမ်းဆီးခေါ်ဆောင်ခြင်းကိုခံခဲ့၇ပြီး နောက်တစ်နေ့ညနေပိုင်းတွင် ကိုတင်ဦးသည် ပလက်၀မြို့မရဲစခန်းမှ ခံဝန်ဖြင့် လွတ်မြောက်လာခဲ့သည်။
လက်ရှိတွင် ကိုတင်ထွန်းအောင်သည် ပလက်၀မြို့ ၂၈၉ တပ်ရင်းမှ ဗိုလ်ကြီးထွန်းထွန်းက တရားလိုပြုလုပ်ကာ ပလက်၀မြို့နယ်တရားရုံးတွင် တရားစွဲဆိုခံနေ၇ခြင်းဖြစ်သည်။
ယနေ့ ဖေဖော်ဝါရီလ ၂၃ ရက်ရုံးချိန်းတွင် ကိုတင်ထွန်းအောင်၏အမှုမှ လိုပြသက်သေတစ်ဦးဖြစ်သော ရွာမအုပ်ချုပ်ရေးမှူး ဦးအောင်ဝင်းစိုးအား ပလက်၀မြို့နယ်တရားရုံးတွင် စစ်ဆေးခဲ့ပြီး လာမည့်မတ်လ ၃ ရက်အား ထပ်မံချိန်းဆိုလိုက်ကြောင်း သိ၇သည်။
လက်ရှိတွင် ကိုတင်ထွန်းအောင်အား ပလက်၀ရဲစခန်း၌ ထိန်းသိမ်းထားကြောင်း သိ၇သည်။
#တရားစီရင်ရေး
မင်္ဂလာပါ လူကြီးမင်းတို့ခင်ဗျာ။ ကျနော်တို့မီဒီယာဆက်လက်ရပ်တည်ရှင်သန်ရေးအတွက် လူကြီးမင်းတို့ရဲ့ပူးပေါင်းဆောင်ရွက်မှုနဲ့ ကူညီမှုတွေကို အထူးလိုအပ်နေပါတယ်။
နိရဉ္ဇရာလှူရန်

ဆက်စပ် အကြောင်းအရာများ

တစ်နေ့တာ၏ အရေးကြီးဆုံး ပြည်တွင်းပြည်ပ သတင်းများနှင့် အဖြစ်အပျက်များကို လစဥ် လူကြီးမင်း၏ အီးမေလ်းထဲသို့ ရယူနိုင်ပါသည်

နောက်ဆုံးရသတင်းများ

တစ်နေ့တာ၏ အရေးကြီးဆုံး ပြည်တွင်းပြည်ပ သတင်းများနှင့် အဖြစ်အပျက်များကို လစဥ် လူကြီးမင်း၏ အီးမေလ်းထဲသို့ ရယူနိုင်ပါသည်
© 2024 Narinjara News. All rights reserved.