English Edition
ဗုဒ္ဓဟူးနေ့၊ ဇန်နဝါရီလ ၁၅ရက်၊ ၂၀၂၅
လှူရန်
Preview
ရခိုင်မှ လူငယ်စာရေးဆရာ မင်းဒီပါ PDF နှင့်ဆက်စပ်သည်ဟုဆိုကာ အလုပ်ကြမ်းနှင့် ထောင်ဒဏ် ၁၀ နှစ်ချမှတ်ခံရ
ဖေဖော်ဝါရီ ၂၅/ ၂၀၂၂ | ကြည့်ရှုသူ :6526
ရခိုင် သတင်း
မြထွီးသျှင်
နိရဉ်စရာ၊ ဖေဖော်ဝါရီ ၂၅/ ၂၀၂၂
ရခိုင်ပြည်နယ် မြောက်ဦးမြို့နယ်မှ လူငယ်စာရေးဆရာ ကိုမင်းဒီပါသည် PDF နှင့်ဆက်စပ်သည်ဟုဆိုကာ အလုပ်ကြမ်းနှင့် ထောင်ဒဏ် ၁၀ နှစ်ချမှတ်ခြင်းကိုခံလိုက်ရသည်ဟု သိ၇သည်။
သူသည် ယနေ့ ဖေဖော်ဝါရီလ ၂၅ ရက်ရုံးချိန်းတွင် မြောက်ဦးခရိုင်တရားရုံး၏ ထောင်ဒဏ်ချမှတ်ခြင်းကိုခံလိုက်ရခြင်းဖြစ်သည်ဟု အမှုအားလိုက်ပါဆောင်ရွက်ပေးနေသည့်တရားလွှတ်တော်ရှေ့နေ ဦးကျော်စိုးလင်းက နိရဥ္စရာသို့ပွောသညျ။
"အလုပ်ကြမ်းနဲ့ ၁၀ နှစ်ချမှတ်လိုက်ပါတယ်။ ပုဒ်မ ၅၀(ည)နဲ့ စွဲထားတာမှာတော့ ၁၀ နှစ်ဆိုတာက အနည်းဆုံးပြစ်ဒဏ်ပါ။ အများဆုံးတစ်သက်တစ်ကျွန်းအထိချမှတ်လို့၇ပါတယ်"ဟုပြောသည်။
စာရေးဆရာမင်းဒီပါအား လက်ရှိတွင် မြောက်ဦးအချုပ်၌ ထိန်းသိမ်းထားပြီး မည်သည့်နေ့တွင် စစ်တွေအကျဉ်းထောင်သို့ပြောင်းရွှေ့မည်ကို မသိရသေးကြောင်း ရှေ့နေက ဆက်ပြောသည်။
မြောက်ဦးမြို့နယ်၊ ပန်းမော်ကျေးရွာမှ အသက် ၂၀ ကျော်အရွယ် ကိုမင်းဒီပါ(ခ) ကိုအောင်နိုင်မြင့်ကို PDF နှင့်ဆက်စပ်သည်ဟု စွပ်စွဲချက်ဖြင့် ပြီးခဲ့သည့် ၂၀၂၁ ခုနှစ်၊ အောက်တိုဘာလ ၁၅ ရက်တွင် ၎င်း၏နေအိမ်မှ ရဲတပ်ဖွဲ့ဝင်များက ဖမ်းဆီးခေါ်ဆောင်သွားခဲ့ခြင်းဖြစ်သည်။
ယင်းနောက် သူ့ကို မြောက်ဦးမြို့မရဲစခန်းမှူး ဒုရဲမှူးစောတင်က တရားလိုလုပ်ကာ နိုဝင်ဘာလ ၁၂ ရက်တွင် အကြမ်းဖက်မှုတိုက်ဖျက်ရေးဥပဒေပုဒ်မ ၅၀(ည) ဖြင့်စတင်တရားစွဲဆိုခဲ့ပြီး ပြီးခဲ့သည့် ဒီဇင်ဘာလ ၁၀ ရက်တွင် မြောက်ဦးခရိုင်တရားရုံးတွင် စွဲချက်တင်ခဲ့သည်။
လက်ရှိတွင် ရခိုင်ပြည်နယ်၌ PDF နှင့်ဆက်စပ်သံသယဖြင့် အကြမ်းဖက်မှုပုဒ်မများဖြင့် ဖမ်းဆီးအမှုဖွင့်တရားစွဲခံထား၇သူနောက်ထပ် ၉ ဦးရှိနေကြောင်း သိ၇သည်။
#နိုင်ငံရေးအကျဉ်းသား
မင်္ဂလာပါ လူကြီးမင်းတို့ခင်ဗျာ။ ကျနော်တို့မီဒီယာဆက်လက်ရပ်တည်ရှင်သန်ရေးအတွက် လူကြီးမင်းတို့ရဲ့ပူးပေါင်းဆောင်ရွက်မှုနဲ့ ကူညီမှုတွေကို အထူးလိုအပ်နေပါတယ်။
လှူရန်
ဆက်စပ် အကြောင်းအရာများ
တစ်နေ့တာ၏ အရေးကြီးဆုံး ပြည်တွင်းပြည်ပ သတင်းများနှင့် အဖြစ်အပျက်များကို လစဥ် လူကြီးမင်း၏ အီးမေလ်းထဲသို့ ရယူနိုင်ပါသည်
ရယူမည်
နောက်ဆုံးရသတင်းများ
Your browser does not support the video tag.
တစ်နေ့တာ၏ အရေးကြီးဆုံး ပြည်တွင်းပြည်ပ သတင်းများနှင့် အဖြစ်အပျက်များကို လစဥ် လူကြီးမင်း၏ အီးမေလ်းထဲသို့ ရယူနိုင်ပါသည်
ရယူမည်
ဆက်သွယ်ရန်
ကျွန်ုပ်တို့အကြောင်း
သတ်မှတ်ချက်များ
ကူညီမည်
အလုပ်ခေါ်စာ
© 2024 Narinjara News. All rights reserved.