Preview

ရမ်းဗြဲ ရခိုင်ရိုးရာရမ္မာ၀တီလှီပြိုင်ပွဲတွင် ရခိုင်တစ်ပြည်လုံးမှပါဝင်ယှဉ်ပြိုင်ရန်ဖိတ်ခေါ်ထား

ဖေဖော်ဝါရီ ၂၆/ ၂၀၂၂ | ကြည့်ရှုသူ :3452
ရခိုင် သတင်း

ချစ်အိလှိုင်

နိရဥ္စရာ၊ဖေဖော်ဝါရီ ၂၅/ ၂၀၂၂

ရခိုင်ပြည်နယ်ရမ်းဗြဲမြို့တွင်ကျင်းပမည့် ရမ္မာ၀တီရခိုင်ရိုးရာလှီပြိုင်ပွဲတွင်၇ခိုင်တစ်ပြည်လုံးမှ ပါဝင်ယှဉ်ပြိုင်ရန် ဖိတ်ခေါ်ထားကြောင်းသတင်းရရှိသည်။

အဆိုပါပြိုင်ပွဲကိုလာမည့် မေလအတွင်းတွင် ရမ်းဗြဲမြို့ပေါ်ရှိ တန်းချောင်းထဲ၌ စည်ကားစွာ ကျင်းပမည်ဖြစ်ပြီး လက်ရှိတွင်ရခိုင်တစ်ဝှမ်းမှ စိတ်ပါဝင်စားသည့် ပြိုင်ပွဲဝင်အသင်းများကိုဖိတ်ခေါ်လျက်ရှိနေသည်ဟု သိ၇သည်။

ရမ်းဗြဲလှီပြိုင်ပွဲဖြစ်မြောက်ရေးကော်မတီမှ ကိုမျိုးမင်းထွန်းက ကျောက်နီမော်ရော၊ မာန်အောင်ကရော၊စစ်တွေတွေကရောခေါ်ထားတယ်။ ရမ်းဗြဲနယ်ခံတွေကတော့ ကိုယ့်ရပ်ကွက်အလိုက်ထွက်မယ်ဟုပြောသည်။

အဆိုပါပြိုင်ပွဲတွင်ချီးမြှင့်မည့်ဆုကြေးကိုမသတ်မှတ်ရသေးဘဲ လက်ရှိတွင် ရန်ပုံငွေရရှိရန် ကံစမ်းလက်မှတ်များကိုစတင်ရောင်းချနေပြီဟုလည်း ဆိုသည်။

ကျွန်တော်တို့ကံစမ်းမဲလက်မှတ်တွေလည်းရောင်းနေကြပြီ။ ကံစမ်းမဲမှာ ကားတစ်စီးပါမယ်ဟု သိ၇သည်။

အဆိုပါပြိုင်ပွဲတွင်ရမ်းဗြဲမြို့နယ် ကျောက်နီမော်ကျေးရွာရှိ လှိုင်းပုတ်သံပရဟိတအဖွဲ့မှရခိုင်လူငယ်များနှင့် မြောက်ပိုင်းပရဟိတအဖွဲ့မှ ကမန်လူငယ်များစုပေါင်း၍အသင်းတစ်သင်းအနေဖြင့် ပါဝင်ယှဉ်ပြိုင်သွားမည်ဟုလည်း သိ၇သည်။

လှိုင်းပုတ်သံပ၇ဟိတအဖွဲ့ဥက္ကဋ္ဌကိုမြသောင်းက ကျွန်တော်တို့ကကျောက်နီမော်ဒေသဖြစ်တဲ့အတွက်ကြောင့်လူမူရေး၊ ဘာသာရေးမခွဲခြားဘဲ ကျောက်နီမော်ရမ်းဗြဲသားဆိုပြီးကိုယ်စားပြုပြီးကမန်တိုင်းရင်းသားလူငယ်တွေပါပါနိုင်အောင် လုပ်နေကြတယ်ဟုပြောသည်။

အဆိုပါပြိုင်ပွဲကိုနှစ်စဉ်မေလအတွင်းတွင်ကျင်းပပြီး ရခိုင်ပြည်နယ်တဝှမ်းလုံးမှ လူ ထောင်နှင့်ချီ၍လာရောက်အားပေးတတ်သည့် အလွန်ထင်ရှားသည့် လှီ(လှေ)ပြိုင်ပွဲတစ်ခုဖြစ်သည်။

ယခင်နှစ်ကအသင်း ၁၉ သင်းဝင်ရောက်ယှဉ်ပြိုင်ခဲ့ကြပြီး ပထမဆု ကျပ် ၁၀ သိန်း၊ ဒုတိယဆု ၇သိန်းနှင့် တတိယဆု ကျပ် ၅ သိန်းချီးမြှင့်ပေးခဲ့သည်ဟု သိ၇သည်။

ဓာတ်ပုံ- ယခင်နှစ်က ပုံဟောင်း / Photo - facebook

#ရိုးရာယဉ်ကျေးမှု အစဉ်အလာ
မင်္ဂလာပါ လူကြီးမင်းတို့ခင်ဗျာ။ ကျနော်တို့မီဒီယာဆက်လက်ရပ်တည်ရှင်သန်ရေးအတွက် လူကြီးမင်းတို့ရဲ့ပူးပေါင်းဆောင်ရွက်မှုနဲ့ ကူညီမှုတွေကို အထူးလိုအပ်နေပါတယ်။
နိရဉ္ဇရာလှူရန်

ဆက်စပ် အကြောင်းအရာများ

တစ်နေ့တာ၏ အရေးကြီးဆုံး ပြည်တွင်းပြည်ပ သတင်းများနှင့် အဖြစ်အပျက်များကို လစဥ် လူကြီးမင်း၏ အီးမေလ်းထဲသို့ ရယူနိုင်ပါသည်

နောက်ဆုံးရသတင်းများ

တစ်နေ့တာ၏ အရေးကြီးဆုံး ပြည်တွင်းပြည်ပ သတင်းများနှင့် အဖြစ်အပျက်များကို လစဥ် လူကြီးမင်း၏ အီးမေလ်းထဲသို့ ရယူနိုင်ပါသည်
© 2024 Narinjara News. All rights reserved.