English Edition
စနေနေ့၊ ဒီဇင်ဘာလ ၂၁ရက်၊ ၂၀၂၄
လှူရန်
Preview
ရခိုင်ပင်လယ်ပြင်သို့ ဖေဖော်ဝါရီ ၂၆ ရက်နှင့်မတ်လ ၂ ရက်အတွင်း တရုတ်အာကာသယာဉ်အပျက်အစီးများ ထပ်မံကျရောက်မည်ဟု သတိပေးချက်ထုတ်ပြန်
ဖေဖော်ဝါရီ ၂၆/ ၂၀၂၂ | ကြည့်ရှုသူ :4176
ရခိုင် သတင်း
ချစ်အိလှိုင်
နိရဥ္စရာ၊ ဖေဖော်ဝါရီ ၂၆/ ၂၀၂၂
ရခိုင်ပင်လယ်ပြင်ထဲသို့ ယနေ့ ဖေဖော်ဝါရီ ၂၆ ရက်မှ မတ်လ ၂ ရက်အတွင်း တရုတ်အာကာသလွန်းပျံယာဉ်အပျက်အစီးပစ္စည်းများ ထပ်မံကျရောက်မည်ဟု သိ၇သည်။
၎င်းအာကာသယာဉ်အပျက်အစီးပစ္စည်းများမှာ သံတွဲလေဆိပ်၏အနောက်တောင်ဘက် ရေမိုင် ၃၀ ခန့်အကွာနှင့် မာန်အောင်လေဆိပ်၏ အနောက်တောင်ဘက် ရေမိုင် ၆၃ မိုင်အကွာ ဘင်္ဂလားပင်လယ်အော်အတွင်း ကျရောက်နိုင်ကြောင်း ငါးလုပ်ငန်းဦးစီးဌာနနှင့် လေကြောင်းဦးစီးဌာနတို့က သတိပေးချက်များ ထုတ်ပြန်ထားသည်ဟု သိ၇သည်။
သံတွဲလေဆိပ်တာဝန်ခံ ဦးဇော်မှိုင်းက “ကျွန်တော်တို့ဆီကိုတော့ စာရောက်တာရှိတယ်။ ရက်က မနက်ဖြန် မနက်လို့ပါတယ်။ သူတို့တွက်ချက်ထားပြီးသား။ ကိုယ်တွေရဲ့ ဒီလေကြောင်းတွေအန္တရာယ်လွတ်ကင်းဖို့ပေါ့” ဟု ပြောသည်။
အဆိုပါအာသာသယာဉ်အပျက်အစီးအစိတ်အပိုင်းကျရောက်နိုင်သည့်နယ်နိမိတ်အတွင်းသွားလာနေသော ရေယာဉ်ကြီးငယ်များ၊ ကုန်တင်သင်္ဘောများ၊ စက်လှေများနှင့် စက်တပ်သမ္ဗာန်များ သွားလာခြင်း၊ ကျောက်ချရပ်နားခြင်းမပြုကြရန် သတိပေးစာတွင် ဖော်ပြထားသည်။
တရုတ်အာကာသလွန်းပျံယာဉ်မှ အစိတ်အပိုင်းများသည် လွန်ခဲ့သည့် ၂၀၂၁ ခုနှစ် နိုဝင်ဘာ ၂၃ ရက် နံနက်ပိုင်းနှင့် ဒီဇင်ဘာ ၂၃ ရက်တို့ကလည်း ရခိုင်ပင်လယ်ပြင်အတွင်းသို့ကျရောက်ခဲ့သည်။
ပြီးခဲ့သည့် ဇန်နဝါရီ ၂၆ ရက်ကလည်း ကောင်းကင်ပေါ်မှ ပေါက်ကွဲသံများနှင့်အတူ အမျိုးအမည်မသိပစ္စည်းတစ်ခု မာန်အောင်နှင့် သံတွဲမြို့အနီးပင်လယ်ပြင်သို့ ကျရောက်ခဲ့ကြောင်း သိ၇သည်။
ဓာတ်ပုံ - ရခိုင်ပင်လယ်ပြင်သို့ တရုတ်အာကာသယာဉ်အပိုင်းအစများ ၂၀၂၁ ခုနှစ် နိုဝင်ဘာ ၂၃ ရက်က ကျရောက်ခဲ့စဉ်။
#အာကာသလွန်းပျံယာဉ်
မင်္ဂလာပါ လူကြီးမင်းတို့ခင်ဗျာ။ ကျနော်တို့မီဒီယာဆက်လက်ရပ်တည်ရှင်သန်ရေးအတွက် လူကြီးမင်းတို့ရဲ့ပူးပေါင်းဆောင်ရွက်မှုနဲ့ ကူညီမှုတွေကို အထူးလိုအပ်နေပါတယ်။
လှူရန်
ဆက်စပ် အကြောင်းအရာများ
တစ်နေ့တာ၏ အရေးကြီးဆုံး ပြည်တွင်းပြည်ပ သတင်းများနှင့် အဖြစ်အပျက်များကို လစဥ် လူကြီးမင်း၏ အီးမေလ်းထဲသို့ ရယူနိုင်ပါသည်
ရယူမည်
နောက်ဆုံးရသတင်းများ
Your browser does not support the video tag.
တစ်နေ့တာ၏ အရေးကြီးဆုံး ပြည်တွင်းပြည်ပ သတင်းများနှင့် အဖြစ်အပျက်များကို လစဥ် လူကြီးမင်း၏ အီးမေလ်းထဲသို့ ရယူနိုင်ပါသည်
ရယူမည်
ဆက်သွယ်ရန်
ကျွန်ုပ်တို့အကြောင်း
သတ်မှတ်ချက်များ
ကူညီမည်
အလုပ်ခေါ်စာ
© 2024 Narinjara News. All rights reserved.