Preview

မောင်တောတွင် ငါးရှာသွားသည့်အမျိုးသမီး ၁ ဦး တောဆင်ရိုင်း တိုက်ခိုက်ခံရ၍ သေဆုံး

မတ် ၀၂/ ၂၀၂၂ | ကြည့်ရှုသူ :326
ရခိုင် သတင်း
ထက်အောင်
နိရဥ္စရာ၊ ဖေဖော်ဝါရီ ၂၇ / ၂၀၂၂
ရခိုင်ပြည်နယ် မောင်တောမြို့နယ်၊ ရွှေတောင်ကျေးရွာတွင် ငါးရှာသွားသည့်အမျိုးသမီး ၁ ဦးသည် တောဆင်ရိုင်းတစ်ကောင်၏ တိုက်ခိုက်ခြင်းကိုခံရ၍ သေဆုံးသွားကြောင်း သိ၇သည်။
သေဆုံးသွားသူမှာ ရွှေတောင်ကျေးရွာမှ ဒေါ်ဦးညွန့်စိန် (၃၀ နှစ်)ဖြစ်သည်။
သူမသည် တစ်ရွာတည်းနေ ဒေါ်သာအေးစိန် (၆၀ နှစ်)နှင့် ဦးထွေးလှစိန် (၆၅ နှစ်)တို့နှင့်အတူ ယနေ့ ဖေဖော်ဝါရီလ ၂၇ ရက် နံနက် ၁၀ နာရီခန့်တွင် ငါးရှာသွားစဉ် ကယုချောင်းအနီး၌ ဆင်တစ်ကောင်၏ တိုက်ခိုက်ခြင်းကိုခံရပြီးနောက် သေဆုံးသွားခြင်းဖြစ်သည်ဟု သိ၇သည်။
ရွှေတောင်ရွာတာဝန်ခံ ဦးမောင်ဘန်းက "သေဆုံးသွားတဲ့အမျိုးသမီးက လည်ပင်းကျိုးသွားတယ်။ ဆင်နှာမောင်းနဲ့ ကောက်ပြီး လွှင့်ပစ်လိုက်တာမှာ လည်ပင်းကျိုးပြီးဆုံးသွားတာ။ နောက်ထပ်တစ်ယောက်ကတော့ ဆင်ကိုယ်လုံးနဲ့ တိုက်လိုက်တာ နာကျင်ဒဏ်ရာ၇သွားတယ်။ ကျန်တစ်ယောက်ကတော့ လွတ်မြောက်ခဲ့ပါတယ်"ဟု ပြောသည်။
ယင်းသို့တိုက်ခိုက်မှုကြောင့် ဒဏ်ရာအနည်းငယ်ရကာ ကြောက်လန့်၍ ထွက်ပြေးရာမှ ဒေါ်သာအေးစိန်သည် သတိလစ်မေ့မျောသွားခဲ့ပြီး ဦးထွေးလှစိန်သည် ထွက်ပြေးလွတ်မြောက်သွားခဲ့၍ တစ်စုံတစ်ရာထိခိုက်ဒဏ်ရာရရှိခြင်းမရှိခဲ့ဟု သိ၇သည်။
လက်ရှိတွင် သေဆုံးသူရုပ်အလောင်းနှင့် ဒဏ်ရာရရှိသွားသည့်အမျိုးသမီးကို မောင်တောဆေးရုံသို့ပို့ဆောင်လိုက်ကြောင်း သိ၇သည်။
သေဆုံးသွားသည့်ဒေါ်ဦးညွန့်စိန်တွင် ခင်ပွန်းနှင့် အရွယ်မရောက်သေးသည့်သားသမီး (၃)ဦး ကျန်ရစ်ခဲ့ကြောင်း သိ၇သည်။
သူတို့မိသားစုမှာ ကြုံရာကျဘန်းအလုပ်လုပ်ကိုင်ပြီး ဘ၀ကိုရှင်သန်နေရာမှ ယခုကဲ့သို့ ကလေး ၃ ဦး၏မိခင် သေဆုံးသွားသည့်အတွက် ကလေးများ၏အနာဂတ်ကိုစဉ်းစားရင်း စိတ်မကောင်းဖြစ်၇သည်ဟု သေဆုံးသူ၏ ယောက်မဖြစ်သူ ဒေါ်မလှချေက ပြောသည်။
"ကလေးတွေကိုတော့ ဆွေမျိုးတွေဝိုင်းပြီး ပြုစုပျိုးထောင်ပေးရမှာပေါ့။ ဒီလောက် စားဖို့သောက်ဖို့မရှိတဲ့အချိန်မှ ဆင်တိုက်ခိုက်ခံ၇ပြီးသေတယ်"ဟု ပြောသည်။
ရွှေတောင်ကျေးရွာတွင် ယခင်က ဤသို့ဖြစ်ရပ်မျိုး တစ်ကြိမ်တစ်ခါမျှမဖြစ်ခဲ့ဖူးဟု ရွာတာဝန်ခံက ဆိုသည်။
ဓာတ်ပုံ - ကိုလှမောင်သန်း
#လူမှုရေးရာ
မင်္ဂလာပါ လူကြီးမင်းတို့ခင်ဗျာ။ ကျနော်တို့မီဒီယာဆက်လက်ရပ်တည်ရှင်သန်ရေးအတွက် လူကြီးမင်းတို့ရဲ့ပူးပေါင်းဆောင်ရွက်မှုနဲ့ ကူညီမှုတွေကို အထူးလိုအပ်နေပါတယ်။
နိရဉ္ဇရာလှူရန်

ဆက်စပ် အကြောင်းအရာများ

တစ်နေ့တာ၏ အရေးကြီးဆုံး ပြည်တွင်းပြည်ပ သတင်းများနှင့် အဖြစ်အပျက်များကို လစဥ် လူကြီးမင်း၏ အီးမေလ်းထဲသို့ ရယူနိုင်ပါသည်

နောက်ဆုံးရသတင်းများ

တစ်နေ့တာ၏ အရေးကြီးဆုံး ပြည်တွင်းပြည်ပ သတင်းများနှင့် အဖြစ်အပျက်များကို လစဥ် လူကြီးမင်း၏ အီးမေလ်းထဲသို့ ရယူနိုင်ပါသည်
© 2024 Narinjara News. All rights reserved.