Preview

ULA/AA ၏သတင်းစာရှင်းလင်းပွဲကို မတ် ၅ ရက်မှစတင်ကာ လစဉ်ပြုလုပ်သွားမည်

မတ် ၀၂/ ၂၀၂၂ | ကြည့်ရှုသူ :8991
ရခိုင် သတင်း

ပိုးဝါ
နိရဥ္စရာ၊ ဖေဖော်ဝါရီ ၂၇ / ၂၀၂၂
ရက္ခိုင်အမျိုးသားအဖွဲ့ချုပ် / ရက္ခိုင့်တပ်တော် (ULA/AA)၏ သတင်းစာရှင်းလင်းပွဲကို လာမည့်မတ်လ ၅ ရက်မှစတင်ကာ အွန်လိုင်းမှ လစဉ်ပြုလုပ်သွားမည်ဟု သိ၇သည်။
လာမည့် မတ်လ ၅ ရက်နေ့ (စနေနေ့) နံနက် ၁၀ နာရီတွင် ULA/AA ပထမဆုံးအကြိမ်သတင်းစာရှင်းလင်းပွဲကို စတင်ပြုလုပ်သွားမည်ဖြစ်ပြီး သတင်းစာရှင်းလင်းပွဲတွင် ရခိုင်ဘာသာစကားဖြင့်ပြောဆိုသွားမည်ဟု AA ပြောခွင့်ရ ဦးခိုင်သုခက သူ၏လူမှုကွန်ရက်စာမျက်နှာတွင် ယနေ့ ဖေဖော်ဝါရီ ၂၇ ရက်နေ့၌ ရေးသားထားသည်။
ယခုကဲ့သို့ သတင်းစာရှင်းလင်းပွဲများကို လစဉ်ပြုလုပ်သွားမည်ဖြစ်ပြီး သတင်းရယူလိုသည့် သတင်းထောက်များအနေဖြင့် သတင်းစာရှင်းလင်းပွဲသို့တက်ရောက်နိုင်ရန် https://forms.gle/9FkNHENUvZ9R1sMp9 မှတဆင့် စာရင်းသွင်းနိုင်ကြောင်း သိ၇သည်။
စာရင်းသွင်းထားသည့်သတင်းထောက်များကိုသာ သတင်းယူခွင့်ပြုမည်ဖြစ်ပြီး သတင်းစာရှင်းလင်းပွဲသို့တက်ရောက်နိုင်ရန် လိုအပ်သည့်အချက်အလက်များအား စာရင်းသွင်းထားသည့်သတင်းထောက်များထံ Email မှတဆင့် ပေးပို့သွားမည်ဟု ရေးသားဖော်ပြထားသည်။
သတင်းစာရှင်းလင်းပွဲတွင်မေးလိုသည့်မေးခွန်းများကို [email protected] သို့ အီးမေးလ်ပို့ပြီး မတ်လ ၁ ရက်နေ့ နောက်ဆုံးထား ပေးပို့မေးမြန်း၇မည်ဖြစ်ပြီး မေးခွန်းမေးသည့်အခါတွင်လည်း သတင်းထောက်တစ်ဦးလျှင် မေးခွန်း (၂) ခုခန့်သာ လက်ခံဖြေဆိုသွားမည်ဟု သိ၇သည်။

#အေအေ/စစ်ရေး/ နိုင်ငံရေး
မင်္ဂလာပါ လူကြီးမင်းတို့ခင်ဗျာ။ ကျနော်တို့မီဒီယာဆက်လက်ရပ်တည်ရှင်သန်ရေးအတွက် လူကြီးမင်းတို့ရဲ့ပူးပေါင်းဆောင်ရွက်မှုနဲ့ ကူညီမှုတွေကို အထူးလိုအပ်နေပါတယ်။
နိရဉ္ဇရာလှူရန်

ဆက်စပ် အကြောင်းအရာများ

တစ်နေ့တာ၏ အရေးကြီးဆုံး ပြည်တွင်းပြည်ပ သတင်းများနှင့် အဖြစ်အပျက်များကို လစဥ် လူကြီးမင်း၏ အီးမေလ်းထဲသို့ ရယူနိုင်ပါသည်

နောက်ဆုံးရသတင်းများ

တစ်နေ့တာ၏ အရေးကြီးဆုံး ပြည်တွင်းပြည်ပ သတင်းများနှင့် အဖြစ်အပျက်များကို လစဥ် လူကြီးမင်း၏ အီးမေလ်းထဲသို့ ရယူနိုင်ပါသည်
© 2024 Narinjara News. All rights reserved.