English Edition
ဗုဒ္ဓဟူးနေ့၊ ဇန်နဝါရီလ ၁၅ရက်၊ ၂၀၂၅
လှူရန်
Preview
AA နှင့်ပတ်သက်သည်ဟုဆိုကာ ဖမ်းဆီးခံရသည့် မာန်အောင်ဒေသခံ ပြန်လွတ်လာ
မတ် ၀၂/ ၂၀၂၂ | ကြည့်ရှုသူ :8539
ရခိုင် သတင်း
အေးမြတ်ခိုင်
နိရဥ္စရာ၊ ဖေဖော်ဝါရီ ၂၇/၂၀၂၂
ရခိုင်ပြည်နယ်၊ မာန်အောင်မြို့နယ်တွင် ရက္ခိုင့်တပ်တော်(AA)နှင့်ပတ်သက်သည်ဟုဆိုကာ ဒေသခံ ၁ ဦး ယမန်နေ့ညက ဖမ်းဆီးခံခဲ့ရပြီးနောက် ယနေ့ နေ့လယ်က ပြန်လည်လွတ်မြောက်လာပြီဟု သိ၇သည်။
ဖမ်းဆီးခံ၇ပြီးနောက် ပြန်လွတ်မြောက်လာသူမှာ မာန်အောင်မြို့နယ် ချောင်း၀ကျေးရွာတွင်နေထိုင်သည့် အသက် ၄၂ နှစ်အရွယ် ဦးဦးသိန်းထွန်းဖြစ်သည်။
သူသည် ယမန်နေ့က ဖမ်းဆီးခံရပြီးနောက် ယနေ့ ဖေဖော်ဝါရီလ ၂၇ ရက် နေ့လယ် ၂ နာရီခွဲခန့်တွင် ပြန်လွတ်လာခြင်းဖြစ်သည်ဟု မိသားစုဝင်များက ပြောသည်။
ဇနီးဖြစ်သူ ဒေါ်အိပ်စံမက "လူစိမ်းတွေရောက်ရင် နောက်တစ်ခါ ဘုတ်(စက်လှေ)နဲ့ လိုက်မပို့နဲ့ပြောဆိုပြီး သူ့ကို ရိုက်လည်းမရိုက်၊ ပုတ်လည်းမပုတ် ကောင်းကောင်းမွန်မွန် ပြန်အပ်လိုက်တယ်။ စစ်ဆေးမေးမြန်းဖို့ ခေါ်တာပါလို့ ပြောတယ်"ဟု ပြောသည်။
ဦးဦးသိန်းထွန်းသည် ယမန်နေ့ ဖေဖော်ဝါရီလ ၂၆ ရက် ည ၁၀ နာရီခန့်တွင် နေအိမ်အတွင်းသို့ စစ်သားများနှင့် ရဲတပ်ဖွဲ့ဝင်စုစုပေါင်း အင်အား ၃၀ ခန့်၏ ဝင်ရောက်ဖမ်းဆီးခေါ်ဆောင်ခြင်းကို ခံခဲ့၇ခြင်းဖြစ်သည်။
ယင်းနောက် သူ့ကို မာန်အောင်မြို့မရဲစခန်း၌ တစ်ညတာဖမ်းဆီးထိန်းသိမ်းခဲ့ကာ ယနေ့တွင် ပြန်လည်လွတ်မြောက်လာခြင်းဖြစ်သည်။
ဦးဦးသိန်းထွန်းသည် ငါးဖမ်းလုပ်ငန်းလုပ်ကိုင်သူဖြစ်သည်ဟုလည်း သိ၇သည်။
မင်္ဂလာပါ လူကြီးမင်းတို့ခင်ဗျာ။ ကျနော်တို့မီဒီယာဆက်လက်ရပ်တည်ရှင်သန်ရေးအတွက် လူကြီးမင်းတို့ရဲ့ပူးပေါင်းဆောင်ရွက်မှုနဲ့ ကူညီမှုတွေကို အထူးလိုအပ်နေပါတယ်။
လှူရန်
ဆက်စပ် အကြောင်းအရာများ
တစ်နေ့တာ၏ အရေးကြီးဆုံး ပြည်တွင်းပြည်ပ သတင်းများနှင့် အဖြစ်အပျက်များကို လစဥ် လူကြီးမင်း၏ အီးမေလ်းထဲသို့ ရယူနိုင်ပါသည်
ရယူမည်
နောက်ဆုံးရသတင်းများ
Your browser does not support the video tag.
တစ်နေ့တာ၏ အရေးကြီးဆုံး ပြည်တွင်းပြည်ပ သတင်းများနှင့် အဖြစ်အပျက်များကို လစဥ် လူကြီးမင်း၏ အီးမေလ်းထဲသို့ ရယူနိုင်ပါသည်
ရယူမည်
ဆက်သွယ်ရန်
ကျွန်ုပ်တို့အကြောင်း
သတ်မှတ်ချက်များ
ကူညီမည်
အလုပ်ခေါ်စာ
© 2024 Narinjara News. All rights reserved.