Preview

ရခိုင်မှ မလေးရှားသို့သွားသည့် အထောက်အထားမဲ့ မူဆလင် ၆၅ ဦး မြ၀တီမြို့တွင် ဖမ်းဆီးအမှုဖွင့်ခံရ

မတ် ၀၃/ ၂၀၂၂ | ကြည့်ရှုသူ :3204
ရခိုင် သတင်း
ချစ်အိလှိုင်
နိရဥ္စရာ၊ မတ် ၂/ ၂၀၂၂
ရခိုင်ပြည်နယ်မှ မလေးရှားနိုင်ငံသို့သွားသည့် အထောက်အထားမဲ့မူဆလင် ၆၅ ဦးသည် ကရင်ပြည်နယ်၊ မြ၀တီမြို့တွင် ယမန်နေ့က ဖမ်းဆီးအမှုဖွင့်ခံလိုက်ရသည်ဟု သိ၇သည်။
၄င်းတို့သည် မြ၀တီမြို့ရှိ ရပ်ကွက်(၂) ရှိနေအိမ်တစ်လုံးတွင်တည်းခိုနေစဉ် ယမန်နေ့ မတ်လ ၁ ရက်နေ့ညနေပိုင်းတွင် မြ၀တီမြို့မှ ရဲနှင့် လ၀ကတို့၏ ဖမ်းဆီးခြင်းကိုခံခဲ့၇ခြင်းဖြစ်သည်ဟု မြ၀တီမြို့နယ် လ၀ကမှူး ဦးတင်စိုးအောင်က နိရဥ္စရာအား ပြောသည်။
“မလေးရှားက အမျိုးတွေဆီကိုသွားတယ်လို့ပြောတယ်။ ထိုင်းနိုင်ငံဘက်ကို ခိုးဝင်မယ်။ အဲဒီကတဆင့် ခိုးဝင်မယ်ပေါ့။ ရပ်ကွက်ကသိလို့ ဖမ်းတာပါ။ သူတို့ကိုပို့ပေးတဲ့လူကတဆင့် သွားကြတာလို့ပြောတယ်။ ဗမာလိုတောင် မတတ်လို့ ဘင်္ဂါလီစကားတတ်တဲ့လူနဲ့ ဘာသာပြန် မေး၇တယ်” ဟုပြောသည်။
ဖမ်းဆီးခံရသူများသည် ၇ခိုင်ပြည်နယ် စစ်တွေ၊ မောင်တောနှင့် ဘူးသီးတောင်မြို့နယ်တို့မှဖြစ်သည်ဟု ဆက်ပြောသည်။
၄င်းတို့သည် မလေးရှားနိုင်ငံသို့ ထိုင်းနိုင်ငံမှတဆင့် သွားရောက်ရန် ၇ခိုင်မှ မြ၀တီသို့ ကားလမ်းဖြင့်အဆင့်အဆင့်သွားရောက်ခဲ့ခြင်းဖြစ်သည်ဟု သိ၇သည်။
၎င်းတို့ ၆၅ ဦးတွင် ကလေးငယ် ၁၀ ဦးအပါအဝင် အမျိုးသမီး ၃၈ ဦး၊ ၂၇ ဦးပါဝင်ကြောင်း မြ၀တီမြို့ ရပ်ကွက်(၂) အုပ်ချုပ်ရေးမှူးက ပြောသည်။
၎င်းတို့အား လက်ရှိတွင် လ၀က အက်ဥပဒေပုဒ်မ(၆၃)ဖြင့် အမှုဖွင့်ထားပြီး ပြစ်ဒဏ်ချမှတ်ပြီးပါက ရခိုင်သို့ ပြန်ပို့ရန်စီစဉ်သွားမည်ဟု မြ၀တီမြို့နယ် လ၀ကမှူးက ပြောသည်။
ရခိုင်ပြည်နယ်မှတဆင့် မလေးရှားနိုင်ငံနှင့် အခြားနိုင်ငံများသို့ သွားရောက်သည့် အထောက်အထားမဲ့မူဆလင်များသည် နှစ်စဉ်ရာနှင့်ချီ၍ ဖမ်းဆီးခံနေရသည်ဟု သိ၇သည်။
ရခိုင်ပြည်ပြင်ပတွင်ဖမ်းဆီးခံရသူများကို ပြစ်ဒဏ်ချမှတ်ပြီးပါက ရခိုင်သို့ ပြန်လည်ပို့ဆောင်ပေးကြကြောင်း သိ၇သည်။
----------------------------
#လူမှောင်ခို
မင်္ဂလာပါ လူကြီးမင်းတို့ခင်ဗျာ။ ကျနော်တို့မီဒီယာဆက်လက်ရပ်တည်ရှင်သန်ရေးအတွက် လူကြီးမင်းတို့ရဲ့ပူးပေါင်းဆောင်ရွက်မှုနဲ့ ကူညီမှုတွေကို အထူးလိုအပ်နေပါတယ်။
နိရဉ္ဇရာလှူရန်

ဆက်စပ် အကြောင်းအရာများ

တစ်နေ့တာ၏ အရေးကြီးဆုံး ပြည်တွင်းပြည်ပ သတင်းများနှင့် အဖြစ်အပျက်များကို လစဥ် လူကြီးမင်း၏ အီးမေလ်းထဲသို့ ရယူနိုင်ပါသည်

နောက်ဆုံးရသတင်းများ

တစ်နေ့တာ၏ အရေးကြီးဆုံး ပြည်တွင်းပြည်ပ သတင်းများနှင့် အဖြစ်အပျက်များကို လစဥ် လူကြီးမင်း၏ အီးမေလ်းထဲသို့ ရယူနိုင်ပါသည်
© 2024 Narinjara News. All rights reserved.