English Edition
တနင်္ဂနွေနေ့၊ မေလ ၁၁ရက်၊ ၂၀၂၅
လှူရန်
Preview
အပြည်ပြည်ဆိုင်ရာအမျိုးသမီးများနေ့အထိမ်းအမှတ် ရခိုင်အမျိုးသမီးဘောလုံးပြိုင်ပွဲကျင်းပမည်
မတ် ၀၃/ ၂၀၂၂ | ကြည့်ရှုသူ :4742
ရခိုင် သတင်း
နွေဦးမေ
နိရဥ္စရာ၊ မတ် ၃ / ၂၀၂၂
မတ်လ ၈ ရက်တွင်ကျရောက်မည့် (၁၁၁)နှစ်မြောက် အပြည်ပြည်ဆိုင်ရာအမျိုးသမီးများနေ့အထိမ်းအမှတ်အဖြစ် ရခိုင်ပြည်နယ်၊ စစ်တွေမြို့တွင် အမျိုးသမီးဘောလုံးပြိုင်ပွဲတစ်ခုကို ကျင်းပသွားမည်ဟု သိ၇သည်။
အဆိုပါအမျိုးသမီးဘောလုံးပြိုင်ပွဲကို စစ်တွေရှိ လူမှုရေးအဖွဲ့တစ်ခုဖြစ်သော Women Generation အဖွဲ့က ဦးဆောင်ကာ စစ်တွေမြို့ရှိ ဖူဆယ်ဘောလုံးကွင်းတစ်ခုတွင် မတ်လ ၈ ရက်၌ ပြုလုပ်သွားမည်ဟု သိ၇သည်။
အားကစားဖြင့် အမျိုးသမီးများကို ဂုဏ်ပြုကြိုဆိုခြင်းနှင့် အမျိုးသမီးများသည်လည်း ဘက်ပေါင်းစုံတွင် ထူးချွန်မှုရှိကြောင်း ပြသချင်သောကြောင့် ကျင်းပရခြင်းဖြစ်သည်ဟု Women Generation ဥက္ကဋ္ဌ မခင်မြင့်ဇော်က နိရဥ္စရာကို ပြောသည်။
“အဓိကတော့ ကျမတို့အမျိုးသမီးတွေလည်း ဘက်ပေါင်းစုံမှာ ထူးချွန်မှုရှိတာကို ပြသချင်တာကြောင့် ဒီအားကစားနည်းပညာတစ်ခုဖြစ်တဲ့ ဘောလုံးပြိုင်ပွဲကို ကျင်းပမယ်လို့စီစဉ်ဖြစ်တာပါ”ဟု ပြောသည်။
အဆိုပါဘောလုံးပြိုင်ပွဲတွင် အသင်း ရ သင်းပါဝင်ယှဉ်ပြိုင်၇မည်ဖြစ်ပြီး ပထမဆု ကျပ် ၁ သိန်းခွဲနှင့် ဒုတိယဆု ကျပ် ၁ သိန်းချီးမြှင့်ပေးသွားမည်ဟု သိ၇သည်။
ပြိုင်ပွဲတွင် အသက် ၁၆ နှစ်မှ ၃၅ နှစ်ကြား အမျိုးသမီးများ ပါဝင်ယှဉ်ပြိုင်နိုင်ပြီး မတ်လ ၄ ရက်နေ့ နောက်ဆုံးထားလျှောက်ထားရမည်ဟုလည်း သိ၇သည်။
#အမျိုးသမီးလူပ်ရှားမှု
မင်္ဂလာပါ လူကြီးမင်းတို့ခင်ဗျာ။ ကျနော်တို့မီဒီယာဆက်လက်ရပ်တည်ရှင်သန်ရေးအတွက် လူကြီးမင်းတို့ရဲ့ပူးပေါင်းဆောင်ရွက်မှုနဲ့ ကူညီမှုတွေကို အထူးလိုအပ်နေပါတယ်။
လှူရန်
ဆက်စပ် အကြောင်းအရာများ
တစ်နေ့တာ၏ အရေးကြီးဆုံး ပြည်တွင်းပြည်ပ သတင်းများနှင့် အဖြစ်အပျက်များကို လစဥ် လူကြီးမင်း၏ အီးမေလ်းထဲသို့ ရယူနိုင်ပါသည်
ရယူမည်
နောက်ဆုံးရသတင်းများ
Your browser does not support the video tag.
တစ်နေ့တာ၏ အရေးကြီးဆုံး ပြည်တွင်းပြည်ပ သတင်းများနှင့် အဖြစ်အပျက်များကို လစဥ် လူကြီးမင်း၏ အီးမေလ်းထဲသို့ ရယူနိုင်ပါသည်
ရယူမည်
ဆက်သွယ်ရန်
ကျွန်ုပ်တို့အကြောင်း
သတ်မှတ်ချက်များ
ကူညီမည်
အလုပ်ခေါ်စာ
© 2024 Narinjara News. All rights reserved.