English Edition
ဗုဒ္ဓဟူးနေ့၊ ဇန်နဝါရီလ ၁၅ရက်၊ ၂၀၂၅
လှူရန်
Preview
ပလက်၀မှ ကိုတင်ထွန်းအောင်၏ ယနေ့ရုံးချိန်းအား ရှေ့နေအပြောင်းအလဲကြောင့် မနက်ဖြန်သို့ ရွှေ့ဆိုင်းခဲ့ရ
မတ် ၀၃/ ၂၀၂၂ | ကြည့်ရှုသူ :5397
ရခိုင် သတင်း
မြထွီးသျှင်
နိရဥ္စရာ၊ မတ် ၃/ ၂၀၂၂
ချင်းပြည်နယ်၊ ပလက်၀မြို့မှ တပ်မတော်အကြည်အညိုပျက်စေမှုပုဒ်မ ၅၀၅(က)ဖြင့် တရားစွဲခံနေရသည့် ကိုတင်ထွန်းအောင်၏ ယနေ့ရုံးချိန်းအား ရှေ့နေအပြောင်းအလဲကြောင့် မနက်ဖြန်သို့ ရွှေ့ဆိုင်းလိုက်ရကြောင်း သိ၇သည်။
ကိုတင်ထွန်းအောင်၏ရှေ့နေဖြစ်သော တရားလွှတ်တော်ရှေ့နေဦးအေးကျော်သန်းသည် နေမကောင်းသဖြင့် ယနေ့ မတ်လ ၃ ရက်ရုံးချိန်းသို့လာရောက်နိုင်ခြင်းမရှိသည့်အတွက် နောက်ထပ်အကြီးတန်းရှေ့နေဦးဝင်းအောင်အား ရုံးချိန်းသို့ ရှေ့နေလွှဲစာဖြင့် စေလွှတ်ရာ ရှေ့နေအပြောင်းအလဲရုံးကိစ္စများဆောင်ရွက်ခဲ့၇သဖြင့် မနက်ဖြန် မတ်လ ၄ ရက်သို့ ရွှေ့ဆိုင်းလိုက်ရခြင်းဖြစ်ကြောင်း ကိုတင်ထွန်းအောင်၏ မိသားစုဝင်တစ်ဦးက နိရဥ္စရာသို့ပြောသည်။
“အရင်ရှေ့နေက လွှတ်လိုက်တဲ့သူက အကြီးတန်းရှေ့နေဆိုတော့ ခရိုင်ကခွင့်ပြုချက်ရမှပဲ အမှုကိုလိုက်ခွင့်ရှိတာဆိုတော့ ခရိုင်ကခွင့်ပြုချက်ပေးဖို့အတွက် ဒီနေ့မှာစာတင်ခဲ့ရတယ်။ ဒီနေ့တော့ ခွင့်ပြုချက်ရခဲ့ပါပြီ။ ဒီနေ့က အဲဒါတွေလုပ်နေရတဲ့အတွက် ရုံးထုတ်မစစ်ဆေးဖို့အတွက် နှစ်ဘက်ရှေ့နေတွေအချင်းချင်းညှိပြီး လုပ်လိုက်ကြရပါတယ်။ မနက်ဖြန်မှာတော့ ရုံးထုတ်စစ်ဆေးသွားပါမယ်” ဟုပြောသည်။
ကိုတင်ထွန်းအောင်၏အမှုတွင် စစ်ဆေးရန်ကျန်ရှိနေသေးသည့် လိုပြသက်သေ ၂ ဦးအနက် ဆယ်အိမ်ခေါင်းဦးဆင်ပသည် ခရီးလွန်နေသဖြင့် လိုပြသက်သေအဖြစ်မှ ပယ်ဖျက်လိုက်သဖြင့် ပလက်၀ရဲစခန်းမှ အမှုစစ်တစ်ဦးကိုသာ မနက်ဖြန်ရုံးချိန်းတွင် စစ်ဆေးရန်ကျန်ရှိတော့ကြောင်း သိ၇သည်။
ပလက်၀မြို့၊ မြို့မရပ်ကွက်မှ ကိုတင်ထွန်းအောင်(၃၆ နှစ်)သည် ပလက်၀မြို့နယ် ရုပ်၀အခြေခံပညာစာသင်ကျောင်းမှ အထွေထွေဝန်ထမ်း ကိုတင်ဦးနှင့်အတူ ပလက်၀အခြေစိုက် ခမ၇ ၂၈၉ တပ်ရင်းတွင် အလံဖြူထောင်သည့်ကိစ္စအား သတင်းဌာနတစ်ခုသို့ အင်တာဗျူးဖြေကြားခဲ့သည့်အတွက် တပ်မတော်အကြည်အညိုပျက်စေမှုပုဒ်မ ၅၀၅(က)ဖြင့် ပြီးခဲ့သည့်နှစ် ဒီဇင်ဘာလ ၃၀ ရက်မှစတင်ကာ အမှုရင်ဆိုင်နေ၇ခြင်းဖြစ်သည်။
၄င်းတို့နှစ်ဦးသည် ဒီဇင်ဘာလ ၂၈ ရက် ညနေ ၆ နာရီခန့်တွင် ရဲနှင့်စစ်တပ်၏ ဖမ်းဆီးခေါ်ဆောင်ခြင်းကိုခံခဲ့၇ပြီး နောက်တစ်နေ့ညနေပိုင်းတွင် ကိုတင်ဦးသည် ပလက်၀မြို့မရဲစခန်းမှ ခံဝန်ဖြင့် လွတ်မြောက်လာခဲ့သည်။
လက်ရှိတွင် ကိုတင်ထွန်းအောင်သည် ပလက်၀မြို့ ၂၈၉ တပ်ရင်းမှ ဗိုလ်ကြီးထွန်းထွန်းက တရားလိုပြုလုပ်ကာ ပလက်၀မြို့နယ်တရားရုံးတွင် တရားစွဲဆိုခံနေ၇ခြင်းဖြစ်သည်။
လက်ရှိတွင် ကိုတင်ထွန်းအောင်အား ပလက်၀ရဲစခန်း၌ ထိန်းသိမ်းထားကြောင်း သိ၇သည်။
#နိုင်ငံရေးအကျဉ်းသား
မင်္ဂလာပါ လူကြီးမင်းတို့ခင်ဗျာ။ ကျနော်တို့မီဒီယာဆက်လက်ရပ်တည်ရှင်သန်ရေးအတွက် လူကြီးမင်းတို့ရဲ့ပူးပေါင်းဆောင်ရွက်မှုနဲ့ ကူညီမှုတွေကို အထူးလိုအပ်နေပါတယ်။
လှူရန်
ဆက်စပ် အကြောင်းအရာများ
တစ်နေ့တာ၏ အရေးကြီးဆုံး ပြည်တွင်းပြည်ပ သတင်းများနှင့် အဖြစ်အပျက်များကို လစဥ် လူကြီးမင်း၏ အီးမေလ်းထဲသို့ ရယူနိုင်ပါသည်
ရယူမည်
နောက်ဆုံးရသတင်းများ
Your browser does not support the video tag.
တစ်နေ့တာ၏ အရေးကြီးဆုံး ပြည်တွင်းပြည်ပ သတင်းများနှင့် အဖြစ်အပျက်များကို လစဥ် လူကြီးမင်း၏ အီးမေလ်းထဲသို့ ရယူနိုင်ပါသည်
ရယူမည်
ဆက်သွယ်ရန်
ကျွန်ုပ်တို့အကြောင်း
သတ်မှတ်ချက်များ
ကူညီမည်
အလုပ်ခေါ်စာ
© 2024 Narinjara News. All rights reserved.