Preview

အမျိုးသမီးများနေ့အထိမ်းအမှတ်ကျင်းပသော ရခိုင်အမျိုးသမီးဘောလုံးပြိုင်ပွဲတွင် ယူနတီအသင်း ဗိုလ်စွဲ

မတ် ၀၉/ ၂၀၂၂ | ကြည့်ရှုသူ :6245
ရခိုင် သတင်း
နွေဦးမေ
နိရဥ္စရာ၊ မတ် ၈ / ၂၀၂၂
ယနေ့ မတ်လ ၈ ရက်နေ့တွင်ကျရောက်သော အပြည်ပြည်ဆိုင်ရာ အမျိုးသမီးများနေ့အထိမ်းအမှတ်အဖြစ် စစ်တွေမြို့တွင် ကျင်းပသော အမျိုးသမီးဖူဆယ်ဘောလုံးပြိုင်ပွဲတွင် ယူနတီအသင်းက ဗိုလ်စွဲသွားခဲ့သည်ဟု သိ၇သည်။
ယနေ့ မတ်လ ၈ ရက်နံနက်က စစ်တွေမြို့ ရွာကြီးမြောက်ရပ်ကွက်ရှိ ဖူဆယ်ဘောလုံးကွင်းတွင်ကျင်းပခဲ့သည့် ဗိုလ်လုပွဲ၌ ယူနတီအမျိုးသမီးအသင်းက သဇင်အမျိုးသမီးအသင်းကို ၆ ဂိုး ၂ ဂိုးဖြင့် အနိုင်ရဗိုလ်စွဲသွားခြင်းဖြစ်သည်ဟု သိ၇သည်။
ယူနတီအမျိုးသမီးအသင်းမှ မမိုးမြင့်မောင်က “ဒီလိုမျိုး အမျိုးသမီးများနေ့မှာ ပြိုင်ပွဲကျင်းပပေးတဲ့အတွက်ကျေးဇူးတင်တယ်။ ဘောလုံးဆိုရင် ပတ်ဝန်းကျင်တွေမှာ အမြဲလိုလို ယောကျာ်းလေးတွေ ကန်နေကြ။ ပြိုင်ပွဲတွေလည်း မရှိသလောက် ရှားပါတယ်။ ခုလိုပွဲသေးလေးဆိုပေမယ့် ပြိုင်ပွဲလုပ်ပေးတာရော၊ ဝင်ရောက်ယှဉ်ပြိုင်ရတဲ့အတွက်ရော အရမ်းဂုဏ်ယူမိပါတယ်”ဟု ပြောသည်။
ဗိုလ်စွဲသွားသည့်အသင်းကို ကျပ် ၁ သိန်းခွဲနှင့် ဒုတိယဆုရရှိခဲ့သည့် သဇင်အမျိုးသမီးအသင်းကို ကျပ် ၁ သိန်းချီးမြှင့်ပေးခဲ့သည်ဟုလည်း သိ၇သည်။
အဆိုပါအမျိုးသမီးဘောလုံးပြိုင်ပွဲကို စစ်တွေရှိ Women Geaneration အဖွဲ့က ဦးဆောင်ကာ မတ်လ ၅ ရက်မှစတင်ပြုလုပ်ခြင်းဖြစ်သည်ဟု သိ၇သည်။
ယင်းပြိုင်ပွဲတွင် စစ်တွေရှိ အရပ်ဘက်အဖွဲ့အစည်းများ၊ ခမီအမျိုးသမီးအသင်းနှင့် ပြင်ပမှ အမျိုးသမီးများအသင်း စသည့် အသင်း ၁၂ သင်း ပါဝင်ယှဉ်ပြိုင်ခဲ့ကြသည်ဟု သိ၇သည်။
Women Generation ဥက္ကဋ္ဌ မခင်မြင့်ဇော်က “ဘောလုံးကန်တာက ယောကျာ်းလေးတွေပဲ ကန်တယ်လို့ အများကမြင်ကြတယ်။ ဒီနေ့မှာ ကျမတို့အဓိက ဘောလုံးကန်တာကို ယောကျာ်းလေးပဲကန်နိုင်တာမဟုတ်ဘဲ မိန်းကလေးတွေလည်း ကန်နို်င်တယ်ဆိုတာကိုပြသနိုင်ခဲ့တယ်”ဟု နိရဥ္စရာကိုပြောသည်။
အားကစားဖြင့် အမျိုးသမီးများကို ဂုဏ်ပြုကြိုဆိုခြင်းနှင့် အမျိုးသမီးများသည်လည်း ဘက်ပေါင်းစုံတွင် ထူးချွန်မှုရှိကြောင်း ပြသချင်သောကြောင့် ယခုပြိုင်ပွဲကို ကျင်းပ၇ခြင်းဖြစ်သည်ဟု သူမက ပြောသည်။
ယနေ့ကျရောက်သည့် ၁၁၁ နှစ်မြောက် အပြည်ပြည်ဆိုင်ရာအမျိုးသမီးများနေ့ကိုဂုဏ်ပြုကြိုဆိုသောအားဖြင့် စစ်တွေရှိ အမျိုးသမီးကွန်ရက်၊ လူငယ်ကွန်ရက်နှင့် လူမှုဘ၀ဖွံ့ဖြိုးရေးအဖွဲ့တို့ကလည်း စစ်တွေမြို့လယ်ချောင်းအနီးတို့တွင် အမှိုက်များကောက်ခဲ့ကြသည်ဟု သိ၇သည်။
#အမျိုးသမီးလူပ်ရှားမှု
မင်္ဂလာပါ လူကြီးမင်းတို့ခင်ဗျာ။ ကျနော်တို့မီဒီယာဆက်လက်ရပ်တည်ရှင်သန်ရေးအတွက် လူကြီးမင်းတို့ရဲ့ပူးပေါင်းဆောင်ရွက်မှုနဲ့ ကူညီမှုတွေကို အထူးလိုအပ်နေပါတယ်။
နိရဉ္ဇရာလှူရန်

ဆက်စပ် အကြောင်းအရာများ

တစ်နေ့တာ၏ အရေးကြီးဆုံး ပြည်တွင်းပြည်ပ သတင်းများနှင့် အဖြစ်အပျက်များကို လစဥ် လူကြီးမင်း၏ အီးမေလ်းထဲသို့ ရယူနိုင်ပါသည်

နောက်ဆုံးရသတင်းများ

တစ်နေ့တာ၏ အရေးကြီးဆုံး ပြည်တွင်းပြည်ပ သတင်းများနှင့် အဖြစ်အပျက်များကို လစဥ် လူကြီးမင်း၏ အီးမေလ်းထဲသို့ ရယူနိုင်ပါသည်
© 2024 Narinjara News. All rights reserved.