English Edition
သောကြာနေ့၊ မတ်လ ၂၁ရက်၊ ၂၀၂၅
လှူရန်
Preview
ကျောက်ဖြူရှိ ကျောက်တလုံးမူဆလင်ကယ်ဆယ်ရေးစခန်းကို ဖျက်သိမ်းကာ ရွာအဖြစ်တည်ဆောက်
မတ် ၀၉/ ၂၀၂၂ | ကြည့်ရှုသူ :747
ရခိုင် သတင်း
အေးမြတ်ခိုင်
နိရဥ္စရာ၊ မတ် ၉/ ၂၀၂၂
ရခိုင်ပြည်နယ်၊ ကျောက်ဖြူမြို့ရှိ ကျောက်တလုံးမူဆလင်ကယ်ဆယ်ရေးစခန်းကို ဖျက်သိမ်းကာ ရွာအဖြစ်တည်ဆောက်နေပြီဟု ပြည်နယ်ကောင်စီပြောခွင့်၇သူ ပြည်နယ်ဥပဒေချုပ် ဦးလှသိန်းက ပြောသည်။
အစိုး၇အနေဖြင့် လူသားချင်းစာနာပြီး လုပ်ပေးသင့်သည်ကို လုပ်ပေးနေခြင်းဖြစ်ကြောင်း ဦးလှသိန်းက ယနေ့တွင် သတင်းထောက်များနှင့်တွေ့ဆုံစဉ် ပြောသည်။
"ကျောက်ဖြူက ကျောက်တလုံးက သီးခြားလေးလည်းဖြစ်တယ်။ လုံခြုံစိတ်ချရတဲ့နေရာလည်းဖြစ်တယ်ဆိုတော့ ကျောက်ဖြူ IDP Camp ရဲ့အနောက်ဘက် သိပ်မဝေးတဲ့နေရာမှာ ရွာပေါ့။ မြို့အနေနဲ့ဆို ရပ်ကွက်ပေါ့။ ရွာသဘောမျိုးလေးတည်ပေးဖို့လုပ်နေပါတယ်"ဟု ပြောသည်။
လက်ရှိတွင် အဆိုပါကယ်ဆယ်ရေးစခန်းအနောက်ဘက်တွင် ဆေးပေးခန်း၊ ပညာရေးဝန်ထမ်းနှင့် ကျန်းမာရေးဝန်ထမ်းများအတွက် အဆောင် ၃ ဆောင်ဆောက်လုပ်နေပြီး ကယ်ဆယ်ရေးစခန်းမှလူများအတွက် လုံးချင်းအိမ်ယာများဆောက်လုပ်ပေးသွားမည်ဟု ကျောက်တလုံးရပ်ကွက်အုပ်ချုပ်ရေးမှူးဦးမောင်နီက နိရဥ္စရာကို ပြောသည်။
"ကယ်ဆယ်ရေးဆိုတဲ့စခန်းနာမည်ကို ဖျောက်ပစ်ချင်လို့ပါ။ ရပ်ကွက်မဟုတ်ရင် ကျေးရွာဖြစ်သွားမှာပေါ့။ လောလောဆယ်တော့ နာမည်မရှိသေးပါဘူး"ဟု ပြောသည်။
ယခုကိစ္စနှင့်ပတ်သက်ပြီး ကျောက်ဖြူမှ ပြည်နယ်လွှတ်တော်ကိုယ်စားလှယ်ဟောင်း ဦးဖိုးစံက "ဘာပဲပြောပြော သူတို့လည်း လူသားတွေဖြစ်တဲ့အတွက် အကောင်းဆုံးအနေအထားကိုလုပ်ပေးနိုင်ရင် ဘာပဲဖြစ်ဖြစ်တော့ ဝမ်းသာစရာပေါ့။ အကောင်းဆုံးအနေအထားကိုမရောက်ဘဲ ပဋိပက္ခအသွင်ကိုဆောင်လာတဲ့ပုံစံမျိုးဆိုရင်တော့ မကောင်းဘူးလေ"ဟု ပြောသည်။
ကျောက်တလုံးကယ်ဆယ်ရေးစခန်းသည် ၂၀၁၂ ခုနှစ်အရေးအခင်းအပြီးတွင် စတင်တည်ဆောက်ခဲ့ခြင်းဖြစ်ပြီး ကျောက်ဖြူမြို့ ပိုက်ဆိပ်မှ မူဆလင်အများစုနေထိုင်နေသော ကယ်ဆယ်ရေးစခန်းတစ်ခုဖြစ်သည်။ ယင်းစခန်းတွင် လူဦးရေ ၁၅၃၂ ဦးရှိသည်။
#သတင်း
မင်္ဂလာပါ လူကြီးမင်းတို့ခင်ဗျာ။ ကျနော်တို့မီဒီယာဆက်လက်ရပ်တည်ရှင်သန်ရေးအတွက် လူကြီးမင်းတို့ရဲ့ပူးပေါင်းဆောင်ရွက်မှုနဲ့ ကူညီမှုတွေကို အထူးလိုအပ်နေပါတယ်။
လှူရန်
ဆက်စပ် အကြောင်းအရာများ
တစ်နေ့တာ၏ အရေးကြီးဆုံး ပြည်တွင်းပြည်ပ သတင်းများနှင့် အဖြစ်အပျက်များကို လစဥ် လူကြီးမင်း၏ အီးမေလ်းထဲသို့ ရယူနိုင်ပါသည်
ရယူမည်
နောက်ဆုံးရသတင်းများ
Your browser does not support the video tag.
တစ်နေ့တာ၏ အရေးကြီးဆုံး ပြည်တွင်းပြည်ပ သတင်းများနှင့် အဖြစ်အပျက်များကို လစဥ် လူကြီးမင်း၏ အီးမေလ်းထဲသို့ ရယူနိုင်ပါသည်
ရယူမည်
ဆက်သွယ်ရန်
ကျွန်ုပ်တို့အကြောင်း
သတ်မှတ်ချက်များ
ကူညီမည်
အလုပ်ခေါ်စာ
© 2024 Narinjara News. All rights reserved.