Preview

၇ခိုင်မှ စာစစ်ဌာန ၂၀ ကို မြို့ပေါ်သို့ပြောင်းရွှေ့ခြင်းမှာ လုံခြုံရေးရယူရန် ရဲစခန်းများမရှိ၍ဟုဆို

မတ် ၁၂/ ၂၀၂၂ | ကြည့်ရှုသူ :5363
ရခိုင် သတင်း
သဥ္ဇာနွယ်
နိရဥ္စရာ၊ မတ် ၁၂ / ၂၀၂၂
ရခိုင်ပြည်နယ်ရှိ မြို့နယ် ၆ ခုမှ စာစစ်ဌာန ၂၀ ကို မြို့ပေါ်သို့ ပြောင်းရွှေ့ဖြေဆိုစေခြင်းမှာ လုံခြုံရေးရယူရန်အတွက် ရဲစခန်းများမရှိခြင်းကြောင့်ဖြစ်သည်ဟု ပြည်နယ်ပညာရေးမှူး ဦးဘထွီးစိန်က နိရဥ္စရာကို ပြောသည်။
“စာစစ်ဌာနအချို့ကို မြို့ပေါ်ကိုပြောင်းရွှေ့ရတာက ကလေးတွေအတွက် လုံခြုံရေးမထားပေးနိုင်လို့။ အခြေနေအရပ်ရပ်ကြောင့် ရဲစခန်းတွေက နယ်ဘက်တွေမှာမရှိကြတော့ဘူး။ အခုလို ရွှေ့ပြောင်းပေးလိုက်လို့ ကလေးတွေ လုံခြုံစိတ်ချ၇ပါတယ်”ဟု ပြောသည်။
မြို့ပေါ်သို့ပြောင်းရွှေ့ဖြေဆိုရမည့် စာစစ်ဌာနများမှာ ရခိုင်ပြည်နယ်အတွင်းရှိ ပုဏ္ဏားကျွန်း၊ ရသေ့တောင်၊ ကျောက်တော်၊ မင်းပြား၊ မြေပုံ၊ အမ်း စသည့်မြို့နယ်များမှ ပါဝင်သည်ဟု သိ၇သည်။
ယခုကဲ့သို့ ကိုယ့်ရပ်ကိုယ်ရွာတွင် မဖြေဆိုရဘဲ မြို့ပေါ်သို့သွားရောက်ဖြေဆိုရမှုကြောင့် အသွားအလာနှင့် နေစရိတ်စားစရိတ်များ အခက်ခဲကြုံရသည်ဟု အမ်းမြို့နယ် ကျောက်မြောင်းကျေးရွာမှ ကျောင်းသားမိဖတစ်ဦးဖြစ်သူ ဦးတန်ရွှေမောင်က ပြောသည်။
“ကျနော်တို့ ကျောက်မြောင်းကနေ တပ်တောင်သွားဖြေရတဲ့အတွက် လှေငှားရတယ်။ ကားငှားရတယ်။ ဟိုကိုရောက်ပြန်ရင်လည်း အိမ်ငှားပြီးနေရတယ်။ ငွေရေးကြေးရေးက ကုန်ကျတယ်။ ကိုယ့်ရွာမှာဖြေရင်လည်း လုံခြုံပါတယ်။ ပြီးခဲ့တဲ့နှစ်ကနေစပြီးတော့ လုံခြုံရေး အကြောင်းပြီး တပ်တောင်မှာသွားဖြေ၇တယ်”ဟု ပြောသည်။
၇ခိုင်တွင် ၂၀၂၀ ပြည့်နှစ်က စာစစ်ဌာန ၁၂၆ ခုရှိခဲ့ပြီး ယခုနှစ်တွင် ၂ ခုတိုးမြှင့်မည်ဖြစ်သည့်အတွက် ၁၂၈ ခုအထိရှိမည်ဖြစ်ကြောင်း ပြည်နယ်ပညာရေးမှူးရုံးမှ သိ၇သည်။
၇ခိုင်တွင် ပြီးခဲ့သည့် ၂၀၂၀ ပြည့်နှစ်က တက္ကသိုလ်ဝင်တန်းစာမေးပွဲဖြေဆိုခဲ့သူ ၄၉,၁၈၃ ဦးအထိရှိခဲ့သော်လည်း ယခုနှစ်တွင် ပြင်ပဖြေဆိုသူများ ဝင်ရောက်ဖြေဆိုရန်လျှောက်ထားမှုနည်းပါးသောကြောင့် ၄၅,၅၉၂ ဦးအထိသာရှိပြီး ကျောင်းသားဦးရေ ၃,၅၀၀ ကျော်အထိလျော့ကျသွားကြောင်း သိ၇သည်။
ယင်းသို့လျော့ကျသွားသော်လည်း ရခိုင်ပြည်နယ်သည် မြန်မာတစ်နိုင်ငံလုံးအတိုင်းအတာအားဖြင့် တက္ကသိုလ်ဝင်တန်းစာမေးပွဲဖြေဆိုသူဦးရေ အများဆုံးဖြစ်နေသည်ဟု ပြည်နယ်ပညာရေးမှူး ဦးဘထွီးစိန်က ပြောသည်။
၇ခိုင်တွင် ၂၀၂၀ ပြည့်နှစ်က တက္ကသိုလ်ဝင်တန်းစာမေးပွဲ အောင်ချက် ရာခိုင်နှုန်း ၂၇ ဒသမ ၂၇ ရာခိုင်နှုန်းရှိခဲ့ပြီး ၂၀၁၅ မှ ၂၀၂၀ အထိ ၅ နှစ်အတွင်းအောင်ချက်အမြင့်ဆုံးဖြစ်ခဲ့သည်ဟု သိ၇သည်။

#ပညာရေး
မင်္ဂလာပါ လူကြီးမင်းတို့ခင်ဗျာ။ ကျနော်တို့မီဒီယာဆက်လက်ရပ်တည်ရှင်သန်ရေးအတွက် လူကြီးမင်းတို့ရဲ့ပူးပေါင်းဆောင်ရွက်မှုနဲ့ ကူညီမှုတွေကို အထူးလိုအပ်နေပါတယ်။
နိရဉ္ဇရာလှူရန်

ဆက်စပ် အကြောင်းအရာများ

တစ်နေ့တာ၏ အရေးကြီးဆုံး ပြည်တွင်းပြည်ပ သတင်းများနှင့် အဖြစ်အပျက်များကို လစဥ် လူကြီးမင်း၏ အီးမေလ်းထဲသို့ ရယူနိုင်ပါသည်

နောက်ဆုံးရသတင်းများ

တစ်နေ့တာ၏ အရေးကြီးဆုံး ပြည်တွင်းပြည်ပ သတင်းများနှင့် အဖြစ်အပျက်များကို လစဥ် လူကြီးမင်း၏ အီးမေလ်းထဲသို့ ရယူနိုင်ပါသည်
© 2024 Narinjara News. All rights reserved.