English Edition
တနင်္လာနေ့၊ ဇူလိုင်လ ၀၇ရက်၊ ၂၀၂၅
လှူရန်
Preview
စစ်တွေတွင် ရခိုင်ရိုးရာသဲပုံစေတီပွဲတော်ကို စည်ကားသိုက်မြိုက်စွာကျင်းပမည်
မတ် ၁၄/ ၂၀၂၂ | ကြည့်ရှုသူ :4028
ရခိုင် သတင်း
သဥ္ဇာနွယ်
နိရဥ္စရာ၊ မတ် ၁၄ / ၂၀၂၂
ရခိုင်ပြည်နယ်၊ စစ်တွေမြို့တွင် ရခိုင်ရိုးရာသဲပုံစေတီပွဲတော်ကို ယခုနှစ်တွင် စည်ကားသိုက်မြိုက်စွာ ကျင်းပသွားမည်ဖြစ်ကြောင်း သိ၇သည်။
စစ်တွေမြို့၊ ပွိုင့်ကမ်းခြေတွင် မတ်လ ၁၆ ရက်နေ့တွင်ကျရောက်မည့် တပေါင်းလပြည့်နေ့၌ သျှစ်သောင်းမြောက်ပွဲ (ခေါ်) သဲပုံစေတီတော်ပွဲကို စည်ကားသိုက်မြိုက်စွာကျင်းပသွားမည်ဟု သာကီမဏ္ဍိုင်ရခိုင့်ယဉ်ကျေးမှုအဖွဲ့ဥက္ကဋ္ဌ ဦးကျော်ဇံမောင်က နိရဥ္စရာကို ပြောသည်။
"ဒီနှစ်မှာတော့ စည်တီးတဲ့အဖွဲ့တွေက ပထမဆုံးမြို့ပတ်ပြီးတော့ ကမ်းခြေသွားပြီး သဲပုံစေတီပွဲလုပ်ကြမယ်။ ဒီလိုရခိုင်မျိုးဆက်သစ် ပြည်သူပြည်သားတွေ လူငယ်တွေ ဒီလိုသမိုင်းဆိုင်ရာ သဲပုံစေတီပွဲ သျှစ်သောင်းမြောက်ပွဲကို မျိုးဆက်သစ်တွေ ဆက်လုပ်နိုင်အောင် အဲ့လိုရည်ရွယ်ချက်ကြောင့် လုပ်ဖြစ်တာပါ"ဟုပြောသည်။
သဲပုံစေတီပွဲတော်တွင် မြောက်ဦးရှိ ဘုရားပုထိုးစေတီများ၏ ပုံစံများ၊ ပုဏ္ဏားကျွန်းမြို့ရှိ ဂူ၀ပုံစံ၊ ပေါက်တောမြို့နယ်ရှိဆံတော်ရှင် စေတီပုံစံများကို သဲများဖြင့် ပုံဖော်ဖန်တီးကာ ပူဇော်လေ့ရှိကြပြီး လူပေါင်း ထောင်နှင့်ချီ လာရောက်လည်ပတ်တတ်သည့် ပွဲတော်တစ်ခုဖြစ်သည်။
အဆိုပါပွဲတော်ကို ရခိုင်ဘုရင်တို့အုပ်ချုပ်ခဲ့သည့် ဝေသာလီခေတ်မှ မြောက်ဦးခေတ်အထိ ကျင်းပခဲ့ပြီး သဲများဖြင့်ပုံဖော်ဖန်တီးပူဇော်ထားသည့် ဘုရားပုထိုးစေတီများသည် ဒီရေအတက်ဖြင့် ပြိုပျက်စီးသွားသည်ကို ကြည့်ခြင်းအားဖြင့် မမြဲသောတရားကို ရှုမြင်စေလိုသည့်ရည်ရွယ်ချက်ဖြင့် ကျင်းပတတ်ကြောင်း သမိုင်းမှတ်တမ်းများအရ သိ၇သည်။
ယင်းပွဲကို စစ်တွေကမ်းခြေတွင် နှစ်စဉ် စည်စည်ကားကားပြုလုပ်တတ်သော်လည်း ပြီးခဲ့သည့် ၂၀၁၉ ခုနှစ်နှင့် ၂၀၂၀ ပြည့်နှစ်တို့တွင် ရခိုင်ပြည်နယ်အတွင်း တိုက်ပွဲနှင့် ကိုဗစ်အခြေအနေတို့ကြောင့် စည်စည်ကားကားကျင်းပနိုင်ခြင်းမရှိခဲ့ဟု သိ၇သည်။
သဲပုံစေတီတော်ပွဲကို ရခိုင်ပြည်နယ်အတွင်း သံတွဲမြို့နယ်ရှိ ငပလီကမ်းခြေတွင် နှစ်စဉ်ကျင်းပလေ့ရှိသော်လည်း ယခုနှစ်တွင် ကျင်းပရန်အစီအစဉ်မရှိဟု ဒေသခံများက ပြောသည်။
#ရိုးရာယဉ်ကျေးမှု အစဉ်အလာ
မင်္ဂလာပါ လူကြီးမင်းတို့ခင်ဗျာ။ ကျနော်တို့မီဒီယာဆက်လက်ရပ်တည်ရှင်သန်ရေးအတွက် လူကြီးမင်းတို့ရဲ့ပူးပေါင်းဆောင်ရွက်မှုနဲ့ ကူညီမှုတွေကို အထူးလိုအပ်နေပါတယ်။
လှူရန်
ဆက်စပ် အကြောင်းအရာများ
တစ်နေ့တာ၏ အရေးကြီးဆုံး ပြည်တွင်းပြည်ပ သတင်းများနှင့် အဖြစ်အပျက်များကို လစဥ် လူကြီးမင်း၏ အီးမေလ်းထဲသို့ ရယူနိုင်ပါသည်
ရယူမည်
နောက်ဆုံးရသတင်းများ
Your browser does not support the video tag.
တစ်နေ့တာ၏ အရေးကြီးဆုံး ပြည်တွင်းပြည်ပ သတင်းများနှင့် အဖြစ်အပျက်များကို လစဥ် လူကြီးမင်း၏ အီးမေလ်းထဲသို့ ရယူနိုင်ပါသည်
ရယူမည်
ဆက်သွယ်ရန်
ကျွန်ုပ်တို့အကြောင်း
သတ်မှတ်ချက်များ
ကူညီမည်
အလုပ်ခေါ်စာ
© 2024 Narinjara News. All rights reserved.