English Edition
တနင်္လာနေ့၊ ဇူလိုင်လ ၀၇ရက်၊ ၂၀၂၅
လှူရန်
Preview
တောင်ကုတ်တွင် စစ်ကြောင်းတစ်ခုကဖမ်းဆီးသွားသည့်အမျိုးသားနှင့် ၄ ရက်ကြာသည်ထိ မိသားစုများအဆက်အသွယ်မရသေးဟုဆို
မတ် ၁၄/ ၂၀၂၂ | ကြည့်ရှုသူ :3794
ရခိုင် သတင်း
ချစ်အိလှိုင်
နိရဥ္စရာ၊ မတ် ၁၄/ ၂၀၂၂
၇ခိုင်ပြည်နယ်၊ တောင်ကုတ်မြို့နယ်တွင် စစ်ကြောင်းတစ်ခုက ဖမ်းဆီးခေါ်ဆောင်သွားသူအမျိုးသားနှင့် ၄ ရက်ကြာသည်အထိ အဆက်အသွယ်မ၇သေးဟု ဇနီးဖြစ်သူ ဒေါ်မအေးပြုံးက ပြောသည်။
ဖမ်းဆီးခေါ်ဆောင်ခံရပြီးပျောက်ဆုံးနေသူမှာ တောင်ကုတ်မြို့နယ် ပဒါအုပ်စု၊ ပေါက်အင်းကျေးရွာနေ ဦးလှရွှေ(၄၇)နှစ်ဖြစ်ပြီး လွန်ခဲ့သည့် မတ်လ ၁၀ ရက်နေ့ ည ၉ နာရီခန့်က ဖမ်းဆီးခေါ်ဆောင်ခံခဲ့၇ခြင်းဖြစ်သည်ဟု ဒေါ်မအေးပြုံးက ပြောသည်။
“ဘာကြောင့်အဖမ်းခံ၇တာကိုမသိဘူး။ ၅၅ တပ်က ဖမ်းသွားတာပါ။ ရွာထဲကနေဖမ်းသွားတာပါ။ အဲဒီနေ့ ညက အိမ်ကိုရောက်မလာခဲ့ဘူး။ မနက်မှ ရွာထဲက ကောင်လေးတစ်ယောက်က စစ်သားတွေဖမ်းသွားတာ မြင်လိုက်တယ်လို့ပြောတယ်။ စစ်သားတွေလည်း အဲဒီညက ရွာကပြန်ထွက်သွားကြတယ်။ အခုထိ အဆက်အသွယ်မ၇သေးပါဘူး” ဟု ယနေ့ မတ်လ ၁၄ ရက် ညနေပိုင်းတွင် ပြောသည်။
အင်အားစစ်သား ၄၀ ခန့်ပါဝင်သည့်အဆိုပါစစ်ကြောင်းသည် မတ်လ ၉ ရက်က ပေါက်အင်းရွာထဲသို့ရောက်ရှိလာပြီး စခန်းချနေထိုင်ကာ နောက်တစ်နေ့ မတ်လ ၁၀ ရက် ည ၁၀ နာရီခန့်တွင် ဦးလှရွှေအားဖမ်းဆီးပြီးနောက် ရွာမှ ပြန်ထွက်သွားကြောင်း ဒေသခံများက ပြောသည်။
ဖမ်းဆီးခံရပြီးနောက် ပျောက်ဆုံးနေသူသည် ပေါက်အင်းကျေးရွာတွင် ဝက်မွေးမြူရေးလုပ်ကိုင်ပြီး နှလုံးနှင့် ဆီးချိုရောဂါရှိသည့်အတွက် သူ၏ကျန်းမာရေးကို စိုးရိမ်မိသည်ဟုလည်း ဒေါ်မအေးပြုံးက ဆက်ပြောသည်။
“ရွာမှာအုပ်ချုပ်ရေးမှူးကလည်း ခရီးလွန်နေတယ်ဆိုတော့ ကျွန်မတို့ အသိ အငြိမ်းစားဗိုလ်ကြီးတစ်ယောက်နဲ့ တောင်ကုတ်က ၅၄၄ တပ်ကို မတ်လ ၁၃ ရက်နေ့က သွားမေးတော့ အဲဒီမှာမရှိဘူးလို့ သိရတယ်။ ဒီနေ့လည်း ရဲစခန်းကိုသွားစုံစမ်းနေကြပါတယ်။ စိတ်ပူမိပါတယ်ရှင်” ဟု ဆက်ပြောသည်။
ယခုကိစ္စနှင့်ပတ်သက်ပြီး တောင်ကုတ်မြို့မရဲစခန်းမှူး ဒုရဲမှူးဇော်လတ်အား မေးမြန်းစုံစမ်းရာ ၎င်းတို့အပိုင်မဟုတ်သဖြင့် သိရှိထားခြင်းမရှိကြောင်း ပြောသည်။
ဆက်လက်ပြီး ရခိုင်ပြည်နယ်ကောင်စီမှ လုံခြုံရေးနှင့် နယ်စပ်ရေးရာဝန်ကြီး ဗိုလ်မှူးကြီး ကျော်သူရအား နိရဥ္စရာက အကြိမ်ကြိမ်ဆက်သွယ်ခဲ့သော်လည်း ဖုန်းပြန်လည်ဖြေကြားခြင်းမရှိခဲ့ပါ။
#အေအေ/စစ်ရေး/ နိုင်ငံရေး
မင်္ဂလာပါ လူကြီးမင်းတို့ခင်ဗျာ။ ကျနော်တို့မီဒီယာဆက်လက်ရပ်တည်ရှင်သန်ရေးအတွက် လူကြီးမင်းတို့ရဲ့ပူးပေါင်းဆောင်ရွက်မှုနဲ့ ကူညီမှုတွေကို အထူးလိုအပ်နေပါတယ်။
လှူရန်
ဆက်စပ် အကြောင်းအရာများ
တစ်နေ့တာ၏ အရေးကြီးဆုံး ပြည်တွင်းပြည်ပ သတင်းများနှင့် အဖြစ်အပျက်များကို လစဥ် လူကြီးမင်း၏ အီးမေလ်းထဲသို့ ရယူနိုင်ပါသည်
ရယူမည်
နောက်ဆုံးရသတင်းများ
Your browser does not support the video tag.
တစ်နေ့တာ၏ အရေးကြီးဆုံး ပြည်တွင်းပြည်ပ သတင်းများနှင့် အဖြစ်အပျက်များကို လစဥ် လူကြီးမင်း၏ အီးမေလ်းထဲသို့ ရယူနိုင်ပါသည်
ရယူမည်
ဆက်သွယ်ရန်
ကျွန်ုပ်တို့အကြောင်း
သတ်မှတ်ချက်များ
ကူညီမည်
အလုပ်ခေါ်စာ
© 2024 Narinjara News. All rights reserved.