English Edition
စနေနေ့၊ ဒီဇင်ဘာလ ၂၁ရက်၊ ၂၀၂၄
လှူရန်
Preview
ရန်ကုန်တွင် မဲနှစ်ကြိမ်ထည့်မှုဖြင့် နောက်ထပ်၇ခိုင်လူငယ် ၁ ဦး ဒဏ်ငွေ ကျပ် ၁ သိန်းချမှတ်ခံရပြန်
မတ် ၁၅/ ၂၀၂၂ | ကြည့်ရှုသူ :3473
ရခိုင် သတင်း
ချစ်အိလှိုင်
နိရဥ္စရာ၊ မတ် ၁၅/ ၂၀၂၂
ရန်ကုန်တိုင်းဒေသကြီးတွင် ပြီးခဲ့သည့် ၂၀၂၀ ပြည့်အထွေထွေရွေးကောက်ပွဲ၌ မဲနှစ်ကြိမ်ထည့်မှုဖြင့် နောက်ထပ် ၇ခိုင်လူငယ် ၁ ဦးသည် ဒဏ်ငွေ ကျပ် ၁ သိန်းချမှတ်ခံလိုက်ရသည်ဟု သိ၇သည်။
ဒဏ်ငွေချမှတ်ခံရသူမှာ မင်္ဂလာဒုံမြို့နယ်၊ ပုလဲမြို့သစ် ရပ်ကွက်(၂)တွင်နေထိုင်သည့် စစ်တွေဒေသခံ ကိုမောင်စိုင်းထွန်း(၂၉ နှစ်)ဖြစ်ပြီး ယမန်နေ့ မတ်လ ၁၄ ရက်နေ့တွင် မင်္ဂလာဒုံမြို့နယ်တရားရုံးက အမိန့်ချမှတ်ခဲ့ခြင်းဖြစ်သည်ဟု သိ၇သည်။
ကိုမောင်စိုင်းထွန်းက မဲစာရင်းတွင် ပုလဲမြို့သစ် ဉာဏရပ်ကွက်ရှိ သူ၏မိခင်နေအိမ်၌ သူ့အတွက် တစ်မဲပါရှိပြီး သူအိမ်ထောင်ကျပြီးနောက် ယခုလက်ရှိနေထိုင်သည့်ရပ်ကွက်တွင်လည်း နောက်ထပ် တစ်မဲပါရှိသည့်အတွက် မဲနှစ်ကြိမ်ထည့်ခဲ့မိသည်ဟု နိရဥ္စရာကိုပြောသည်။
“ကျွန်တော်က အမှန်လည်း မဲနှစ်ခါပေးခဲ့မိတာပါ။ တစ်မဲက ကြံ့ခိုင်ရေးနဲ့၊ နောက်တစ်မဲက NLD ကို ပေးပါတယ်။ ရခိုင်တိုင်းရင်းသားရေးရာမှာတော့ ဒေါ်ထုမေကိုပေးခဲ့တာပါ” ဟုပြောသည်။
အလားတူ ရန်ကုန်တိုင်းဒေသကြီး ရွှေပြည်သာမြို့(၈)ရပ်ကွက်တွင်နေထိုင်သူ ပေါက်တောဇာတိ မနန်းစိုးခိုင်(၂၁ နှစ်)နှင့် ပုဏ္ဏားကျွန်းဇာတိ မဝင်းမေ(၂၈ နှစ်)တို့သည်လည်း ပြီးခဲ့သည့်ရွေးကောက်ပွဲတွင် မဲနှစ်ကြိမ်ထည့်ခဲ့သည်ဟုဆိုကာ ပြီးခဲ့သည့်ဖေဖော်ရီလအတွင်းက ရွှေပြည်သာမြို့နယ်တရားရုံးတွင် ဒဏ်ငွေ ကျပ် ၁ သိန်းစီချမှတ်ခံခဲ့ရသည်ဟု သိ၇သည်။
ယင်းအပြင် ရခိုင်ပြည်နယ် အမ်းမြို့နယ်လေယာဉ်ကွင်းရပ်ကွက်မှ ဒေါ်မစိန်(၅၀ နှစ်)သည်လည်း မဲနှစ်ကြိမ်ထည့်ခဲ့သည်ဟုဆိုကာ ပြီးခဲ့သည့်ဖေဖော်ဝါရီ ၉ ရက်နေ့က အမ်းမြို့နယ်တရားရုံး၌ ဒဏ်ငွေ ကျပ် ၁ သိန်းချမှတ်ခံခဲ့၇သည်။
#ရွေးကောက်ပွဲ
မင်္ဂလာပါ လူကြီးမင်းတို့ခင်ဗျာ။ ကျနော်တို့မီဒီယာဆက်လက်ရပ်တည်ရှင်သန်ရေးအတွက် လူကြီးမင်းတို့ရဲ့ပူးပေါင်းဆောင်ရွက်မှုနဲ့ ကူညီမှုတွေကို အထူးလိုအပ်နေပါတယ်။
လှူရန်
ဆက်စပ် အကြောင်းအရာများ
တစ်နေ့တာ၏ အရေးကြီးဆုံး ပြည်တွင်းပြည်ပ သတင်းများနှင့် အဖြစ်အပျက်များကို လစဥ် လူကြီးမင်း၏ အီးမေလ်းထဲသို့ ရယူနိုင်ပါသည်
ရယူမည်
နောက်ဆုံးရသတင်းများ
Your browser does not support the video tag.
တစ်နေ့တာ၏ အရေးကြီးဆုံး ပြည်တွင်းပြည်ပ သတင်းများနှင့် အဖြစ်အပျက်များကို လစဥ် လူကြီးမင်း၏ အီးမေလ်းထဲသို့ ရယူနိုင်ပါသည်
ရယူမည်
ဆက်သွယ်ရန်
ကျွန်ုပ်တို့အကြောင်း
သတ်မှတ်ချက်များ
ကူညီမည်
အလုပ်ခေါ်စာ
© 2024 Narinjara News. All rights reserved.