English Edition
သောကြာနေ့၊ မေလ ၀၉ရက်၊ ၂၀၂၅
လှူရန်
Preview
ရွှေပေါင်နှံသူများနှင့် လာရောက်ရောင်းသူများလာ၍ ရွှေဆိုင်များတွင် ရွှေရောင်းချမှု ယခင်နှစ်ထက် ၅၀ ရာနှုန်း ကျဆင်း
မတ် ၁၆/ ၂၀၂၂ | ကြည့်ရှုသူ :8679
ရခိုင် သတင်း
သဥ္ဇာနွယ်
နိရဥ္စရာ၊ မတ် ၁၅ / ၂၀၂၂
၇ခိုင်ပြည်နယ်တွင် ကုန်ဈေးနှုန်းများမြင့်တာလာခြင်းကြောင့် ၂ လအတွင်း ရွှေပေါင်နှံသူများနှင့် လာရောက်ရောင်းသူများလာ၍ ရွှေဆိုင်များတွင် ရွှေရောင်းချမှုသည် ယခင်နှစ်များကထက် ၅၀ ရာနှုန်း ကျဆင်းသွားသည်ဟု ရွှေဆိုင်ပိုင်ရှင်များက ပြောသည်။
စစ်တွေမြို့ ရွှေဆိုင်ပိုင်ရှင်တစ်ဦးက “အရင်နှစ်တွေက ဒီလိုသင်္ကြန်နီးရင် တအားရောင်းရတယ်။ အခုဆိုရင် အရင်နှစ်တွေကလောက် မရောင်းရဘူး။ တစ်ဝက်နီးပါးကို ကျသွားတယ်။ ဒါတွေက စီးပွားရေးအကျပ်အတည်းကြောင့်ဖြစ်မယ်ထင်တယ်”ဟု နိရဥ္စရာကို ပြောသည်။
ယခုနှစ်အတွင်း ကုန်ဈေးနှုန်းများ အဆမတန်မြင့်တက်ခြင်း၊ စီးပွားရေးကျပ်တည်းလာခြင်းနှင့် ငွေကျပ်တန်ဖိုးကျဆင်းလာခြင်းတို့ကြောင့် ရွှေဆိုင်များတွင် ရွှေပေါင်နှံသူများ များလာသလို ပေါင်နှံပြီးနောက် ပြန်မရွေးနိုင်သော အခြေအနေများသို့လည်း ရောက်ရှိနေသည်ဟု ပေါက်တောမြို့မှ ပွင့်လင်းရွှေဆိုင်ပိုင်ရှင် ဒေါ်ခင်သန်းနုက ပြောသည်။
“ကုန်ဈေးနှုန်းတွေ အရမ်းတက်တဲ့အခါကျတော့ လူတွေက စားဝတ်နေရေးအခက်ခဲဖြစ်ကြတယ်။ ဒါကြောင့် ရွှေတွေကို ဝယ်တာထက်စာရင် ပေါင်တာတွေများလာတယ်”ဟု ပြောသည်။
ယခုလအတွင်း တစ်နေ့လျှင် ကျပ်သိန်း ၇၀၀ ခန့်အထိ ရွှေများလာရောက်ပေါင်နှံသူများနှင့် ရောင်းချသူများ ရှိလာသည်ဟုလည်း အဆိုပါရွှေဆိုင်ပိုင်ရှင်များက ပြောသည်။
လက်ရှိတွင် ၁၆ ပဲရည် ရွှေတစ်ကျပ်သားကို ကာလပေါက်ဈေး ကျပ် ၁,၉၈၀,၀၀၀ ခန့်နှင့် ၁၅ ပဲရည် ရွှေတစ်ကျပ်သားကို ၁,၈၆၃,၅၀၀ အထိ အသီးသီးရှိနေကြောင်း သိ၇သည်။
#စီးပွားရေး
မင်္ဂလာပါ လူကြီးမင်းတို့ခင်ဗျာ။ ကျနော်တို့မီဒီယာဆက်လက်ရပ်တည်ရှင်သန်ရေးအတွက် လူကြီးမင်းတို့ရဲ့ပူးပေါင်းဆောင်ရွက်မှုနဲ့ ကူညီမှုတွေကို အထူးလိုအပ်နေပါတယ်။
လှူရန်
ဆက်စပ် အကြောင်းအရာများ
တစ်နေ့တာ၏ အရေးကြီးဆုံး ပြည်တွင်းပြည်ပ သတင်းများနှင့် အဖြစ်အပျက်များကို လစဥ် လူကြီးမင်း၏ အီးမေလ်းထဲသို့ ရယူနိုင်ပါသည်
ရယူမည်
နောက်ဆုံးရသတင်းများ
Your browser does not support the video tag.
တစ်နေ့တာ၏ အရေးကြီးဆုံး ပြည်တွင်းပြည်ပ သတင်းများနှင့် အဖြစ်အပျက်များကို လစဥ် လူကြီးမင်း၏ အီးမေလ်းထဲသို့ ရယူနိုင်ပါသည်
ရယူမည်
ဆက်သွယ်ရန်
ကျွန်ုပ်တို့အကြောင်း
သတ်မှတ်ချက်များ
ကူညီမည်
အလုပ်ခေါ်စာ
© 2024 Narinjara News. All rights reserved.