English Edition
သောကြာနေ့၊ မေလ ၀၉ရက်၊ ၂၀၂၅
လှူရန်
Preview
ဘင်္ဂလားဒေ့ရှ်သို့သွားမည့် နွား ၅၈ ကောင်ပါ နွားမှောင်ခိုစက်လှေတစ်စီးကို မာန်အောင်တွင် ဖမ်းမိ
မတ် ၁၈/ ၂၀၂၂ | ကြည့်ရှုသူ :705
ရခိုင် သတင်း
နိရ ဉ္စရာ၊ မတ် ၁၈ / ၂၀၂၂
ဘင်္ဂလားဒေ့ရှ်နိုင်ငံသို့သွားရောက်မည့် နွား ၅၈ ကောင်ပါ နွားမှောင်ခိုစက်လှေတစ်စီးကို ရခိုင်ပြည်နယ် မာန်အောင်မြို့နယ်တွင် ဖမ်းမိခဲ့သည်ဟု ရခိုင်နေ့စဉ်သတင်းတွင်ဖော်ပြချက်အရ သိ၇သည်။
ဖမ်းဆီးခံလိုက်ရသည့်စက်လှေမှာ ရတနာထွန်းအမည်ရှိ စက်လှေဖြစ်ပြီး ယမန်နေ့ မတ်လ ၁၇ ရက် နေ့လယ်ပိုင်းတွင် မာန်အောင်မြို့နယ်၊ သစ်၀အုပ်စု၊ သစ်၀ချောင်းအတွင်း ဖမ်းမိခဲ့ခြင်းဖြစ်သည်ဟု ၇ခိုင်နေ့စဉ်သတင်းတွင်ဖော်ပြသည်။
ဖမ်းမိချိန်တွင် ယင်းစက်လှေအနီး ဆိပ်ကမ်းပေါ်၌ စက်လှေပေါ်တင်ဆောင်မည့် နွားထီး ၅ ကောင်၊ နွားမ ၅၃ ကောင်၊ စုစုပေါင်း ၅၈ ကောင်နှင့်အတူ နွားပိုင်ရှင် ၄ ဦး၊ နွားရောင်းဝယ်သူ ၁ ဦး၊ စက်လှေပိုင်ရှင် ၁ ဦး၊ စက်လှေလုပ်သား ၁၀ ဦးနှင့် နွားကျောင်းသား ၂ ဦးတို့ကိုပါ ဖမ်းမိခဲ့သည်ဟု သတင်းတွင်ဖော်ပြသည်။
နွားပိုင်ရှင်များအား စစ်ဆေးမေးမြန်းချက်အရ ဖမ်းဆီးရမိနွားများအား ဘင်္ဂလားဒေ့ရှ်နိုင်ငံသို့ ပို့ဆောင်ရောင်းချရန် မာန်အောင်မြို့နယ်အတွင်းမှ နွားတစ်ကောင်လျှင် ကျပ် ၄ သိန်းနှုန်းဖြင့် ဝယ်ယူပြီး သစ်၀ကျေးရွာ၌ စုဆောင်းကာ ၇တနာထွန်းစက်လှေအား ငွေကျပ်သိန်း ၅၀ ဖြင့်ငှားရမ်း၍ စက်လှေပေါ်သို့ တင်ဆောင်ရန်ပြင်ဆင်နေစဉ် ဖမ်းဆီးခံခဲ့ခြင်းဖြစ်သည်ဟု ထွက်ဆိုခဲ့ကြောင်း သတင်းတွင် ဆက်လက်ဖော်ပြထားသည်။
ဖမ်းဆီး၇မိသည့်နွားများ၏ကာလတန်ဖိုးမှာ ကျပ်သိန်း ၂၄၀ ကျော်တန်ဖိုးရှိသည်ဟု သိ၇သည်။
လက်ရှိတွင် ဖမ်းဆီးရမိနွားများအား သစ်ပုံနယ်မြေရဲစခန်း၌ ထိန်းသိမ်းထားပြီး နွားများနှင့်အတူဖမ်းမိသူများအား အရေးကြီးကုန်စည်နှင့် ဝန်ဆောင်မှုဥပဒေ ပုဒ်မ-၅ အရ အမှုဖွင့်အရေးယူထားကြောင်း သိ၇သည်။
#သတင်း
မင်္ဂလာပါ လူကြီးမင်းတို့ခင်ဗျာ။ ကျနော်တို့မီဒီယာဆက်လက်ရပ်တည်ရှင်သန်ရေးအတွက် လူကြီးမင်းတို့ရဲ့ပူးပေါင်းဆောင်ရွက်မှုနဲ့ ကူညီမှုတွေကို အထူးလိုအပ်နေပါတယ်။
လှူရန်
ဆက်စပ် အကြောင်းအရာများ
တစ်နေ့တာ၏ အရေးကြီးဆုံး ပြည်တွင်းပြည်ပ သတင်းများနှင့် အဖြစ်အပျက်များကို လစဥ် လူကြီးမင်း၏ အီးမေလ်းထဲသို့ ရယူနိုင်ပါသည်
ရယူမည်
နောက်ဆုံးရသတင်းများ
Your browser does not support the video tag.
တစ်နေ့တာ၏ အရေးကြီးဆုံး ပြည်တွင်းပြည်ပ သတင်းများနှင့် အဖြစ်အပျက်များကို လစဥ် လူကြီးမင်း၏ အီးမေလ်းထဲသို့ ရယူနိုင်ပါသည်
ရယူမည်
ဆက်သွယ်ရန်
ကျွန်ုပ်တို့အကြောင်း
သတ်မှတ်ချက်များ
ကူညီမည်
အလုပ်ခေါ်စာ
© 2024 Narinjara News. All rights reserved.