English Edition
အင်္ဂါနေ့၊ ဇူလိုင်လ ၁၅ရက်၊ ၂၀၂၅
လှူရန်
Preview
နည်းပညာတက္ကသိုလ်(စစ်တွေ)မှ ကျောင်းသားများသမဂ္ဂ၏ရုံးသုံးဘာသာစကားကို ရက္ခိုင်ဘာသာအဖြစ် သတ်မှတ်
မတ် ၂၁/ ၂၀၂၂ | ကြည့်ရှုသူ :7084
ရခိုင် သတင်း
နွေဦးမေ
နိရ ဉ္စရာ၊ မတ် ၁၈ / ၂၀၂၂
နည်းပညာတက္ကသိုလ်(စစ်တွေ)မှ ကျောင်းသားများသမဂ္ဂ၏ ရုံးသုံးဘာသာစကားကို ရက္ခိုင်ဘာသာအဖြစ် တရားဝင်သတ်မှတ်လိုက်ပြီဟု သိ၇သည်။
အနာဂတ်လူငယ်များ မိမိရခိုင်စာပေကို ပြန်လည်အသုံးတွင်ကျယ်လာစေရန်ရည်ရွယ်၍ မတ်လ ၁၇ ရက်မှစတင်ကာ စစ်တွေဒေသိယလေသံကိုအခြေခံရေးသားသော ၇ခိုင်ဘာသာဖြင့် ယခုကဲ့သို့သတ်မှတ်လိုက်ခြင်းဖြစ်သည်ဟု
အဆိုပါကျောင်းသားသမဂ္ဂဥက္ကဋ္ဌ ကိုခို်င်စိုးလင်းက နိရဥ္စရာကို ပြောသည်။
“ကျနော်တို့ ဒီလိုဘာသာစကားကိုပြောင်းလဲသုံးစွဲတဲ့နေရာမှ အခက်ခဲတော့ရှိတယ်။ ဘာလို့လဲဆိုတော့ ကျနော်တို့ရခိုင်မှာက ဒေသိယစကားတွေအများကြီး ကွဲပြားတာအများကြီးရှိတယ်။ စာရေးတဲ့ဟန်တွေလည်း ကွဲပြားတာတွေလည်း ရှိတယ်။ ရခိုင်ဘာသာစကားမှာက တရားဝင်သတ်မှတ်ထားတဲ့ စာလုံးပေါင်းသတ်ပုံကျမ်း အဘိဓာန်မရှိသေးဘူးဆိုတော့။ ဒါကြောင့် ကိုယ့်ထက်ကြီးတဲ့သူတွေ တတ်သိတဲ့သူတွေက အမှားတွေကို ဝေဖန်ထောက်ပြစေချင်တယ်” ဟု ပြောသည်။
အခြားရုံးစာများနှင့် သတင်းပြန်ကြားခြင်းများကို လိုအပ်ချက်အရ ရက္ခိုင်ဘာသာအပြင် မြန်မာဘာသာဖြင့်ပါ သုံးစွဲသွားမည်ဖြစ်ပြီး ထုတ်ပြန်ချက်များ၊ ကြေညာချက်များတွင် ရက္ခိုင်စာပေအရေးအသားနှင့်ပတ်သက်၍ ဝေါဟာရ၊ သတ်ပုံအမှားအယွင်းများရှိပါက ကျောင်းသူ၊ ကျောင်းသားများနှင့် ရဟန်းရှင်လူပြည်သူများက ပြင်ဆင်တည့်မတ်ပေးကြရန်လည်း နည်းပညာတက္ကသိုလ်(စစ်တွေ)မှ ကျောင်းသားများသမဂ္ဂက မေတ္တာရပ်ခံထားသည်။
မတ်လ ၁၅ ရက်ကပြုလုပ်ခဲ့သည့် နည်းပညာတက္ကသိုလ်(စစ်တွေ)မှ ကျောင်းသားများသမဂ္ဂ၏ ဗဟိုအမှုဆောင်အဖွဲ့(ယာယီ) တတိယအကြိမ်ပုံမှန်အစည်းအဝေးတွင်ဆွေးနွေးအတည်ပြုချက်အ၇ ယခုကဲ့သို့ သတ်မှတ်ခဲ့ခြင်းဖြစ်သည်ဟုလည်း အဆိုပါသမဂ္ဂ၏ မတ်လ ၁၇ ရက်ကထုတ်ပြန်ချက်တွင် ဖော်ပြထားသည်။
#ကျောင်းသားရေးရာ
မင်္ဂလာပါ လူကြီးမင်းတို့ခင်ဗျာ။ ကျနော်တို့မီဒီယာဆက်လက်ရပ်တည်ရှင်သန်ရေးအတွက် လူကြီးမင်းတို့ရဲ့ပူးပေါင်းဆောင်ရွက်မှုနဲ့ ကူညီမှုတွေကို အထူးလိုအပ်နေပါတယ်။
လှူရန်
ဆက်စပ် အကြောင်းအရာများ
တစ်နေ့တာ၏ အရေးကြီးဆုံး ပြည်တွင်းပြည်ပ သတင်းများနှင့် အဖြစ်အပျက်များကို လစဥ် လူကြီးမင်း၏ အီးမေလ်းထဲသို့ ရယူနိုင်ပါသည်
ရယူမည်
နောက်ဆုံးရသတင်းများ
Your browser does not support the video tag.
တစ်နေ့တာ၏ အရေးကြီးဆုံး ပြည်တွင်းပြည်ပ သတင်းများနှင့် အဖြစ်အပျက်များကို လစဥ် လူကြီးမင်း၏ အီးမေလ်းထဲသို့ ရယူနိုင်ပါသည်
ရယူမည်
ဆက်သွယ်ရန်
ကျွန်ုပ်တို့အကြောင်း
သတ်မှတ်ချက်များ
ကူညီမည်
အလုပ်ခေါ်စာ
© 2024 Narinjara News. All rights reserved.