English Edition
တနင်္ဂနွေနေ့၊ မေလ ၁၁ရက်၊ ၂၀၂၅
လှူရန်
Preview
မာန်အောင်ဟိုတယ်ဇုန်ဝန်ထမ်းသေဆုံးမှု အမှုမှန်ဖော်ထုတ်ပေးရန် နေပြည်တော်ရှိ ရဲချုပ်နှင့်မှုခင်းဌာနထံ စာတင်တောင်းဆို
မတ် ၂၃/ ၂၀၂၂ | ကြည့်ရှုသူ :9841
ရခိုင် သတင်း
သ ဉ္ဇာနွယ်
နိရဥ္စရာ၊ မတ် ၂၂ / ၂၀၂၂
ရခိုင်ပြည်နယ်၊ မာန်အောင်မြို့နယ်ရှိ မာန်အောင်ဟိုတယ်ဇုန်ဝန်ထမ်းသေဆုံးမှုကို အမှုမှန်ဖော်ထုတ်ပေးရန် နေပြည်တော်ရှိ ရဲချုပ်နှင့်မှုခင်းဌာနထံ မိသားစုဝင်များက စာတင်တောင်းဆိုလိုက်ကြောင်း သိ၇သည်။
အဆိုပါစာကို သေဆုံးသူ၏ဆွေမျိုးတော်စပ်သော မာန်အောင်မြို့နယ်အမျိုးသားလွှတ်တော်ကိုယ်စားလှယ် ဦးကျော်သန်းက မတ်လ ၂၁ ရက်တွင် ကိုယ်တိုင်သွားရောက် တင်ပြတောင်းဆိုခဲ့ခြင်းဖြစ်သည်ဟု သိ၇သည်။
မာန်အောင်ဟိုတယ်ဇုန်ဝန်ထမ်းတစ်ဦး ဒဏ်ရာများဖြင့်သေဆုံးသွားမှုမှာ လက်ရှိတွင် တစ်လကျော်ကြာနေပြီဖြစ်သော်လည်း အမှုမှန်မပေါ်ပေါက်သေးသည့်အတွက် ယခုကဲ့သို့ တောင်းဆိုရခြင်းဖြစ်သည်ဟု ဦးကျော်သန်းက နိရဥ္စရာကိုပြောသည်။
“အမှုမှန်မပေါ်ပေါက်သေးလို့ နေပြည်တော်မှာရှိတဲ့ ဌာနကိုသွားတိုင်တာပါ။ သူတို့ဘက်က ဘယ်လိုအဖြေထွက်လာမလဲတော့မသိဘူး"ဟုပြောသည်။
သေဆုံးသူမှာ မာန်အောင်ဟိုတယ်ဇုန်တွင် ပြီးခဲ့သည့် ၂၀၂၁ ခုနှစ်၊ အောက်တိုဘာလမှစတင်ကာ စားဖိုးမှူးအဖြစ်တာဝန်ထမ်းဆောင်ခဲ့သည့် မာန်အောင်မြို့နယ်၊ ကုန်းခင်ကျေးရွာမှ ကိုမင်းထက်ဝေ(၂၁ နှစ်)ဖြစ်သည်။
သူသည် ပြီးခဲ့သည့်ဖေဖော်ဝါရီလ ၂ ရက် ညဥ့် ၂ နာရီက သူအလုပ်လုပ်နေသည့် ဟိုတယ်ဇုန်အတွင်းမှ ပျောက်ဆုံးသွားခဲ့ပြီး ဖေဖော်ဝါရီလ ၅ ရက် နေ့လယ် ၁ နာရီခွဲခန့်တွင် ဟိုတယ်ဇုန်အတွင်းရှိဆည်၌ ဒဏ်ရာများဖြင့်သေဆုံးလျက်တွေ့ရှိခဲ့ကြောင်း သိ၇သည်။
လက်ရှိတွင် သေဆုံးသူနှင့်အနီးစပ်ဆုံးနေထိုင်ခဲ့သည့်သံသယရှိသူ ၂ ဦးကို ရမန်ယူပြီး မာန်အောင်မြို့နယ် ဆားချက်တိုက်နယ်စခန်းတွင် စစ်ဆေးနေသော်လည်း အမှုမှန်မပေါ်ပေါက်သေးဟု သိ၇သည်။
ဟိုတယ်ဝန်ထမ်းသေဆုံးမှုကြောင့် လက်ရှိတွင် မာန်အောင်ဟိုတယ်ဇုန်ကိုလည်း ယာယီပိတ်ထားရကြောင်း သိ၇သည်။
#မူခင်း
မင်္ဂလာပါ လူကြီးမင်းတို့ခင်ဗျာ။ ကျနော်တို့မီဒီယာဆက်လက်ရပ်တည်ရှင်သန်ရေးအတွက် လူကြီးမင်းတို့ရဲ့ပူးပေါင်းဆောင်ရွက်မှုနဲ့ ကူညီမှုတွေကို အထူးလိုအပ်နေပါတယ်။
လှူရန်
ဆက်စပ် အကြောင်းအရာများ
တစ်နေ့တာ၏ အရေးကြီးဆုံး ပြည်တွင်းပြည်ပ သတင်းများနှင့် အဖြစ်အပျက်များကို လစဥ် လူကြီးမင်း၏ အီးမေလ်းထဲသို့ ရယူနိုင်ပါသည်
ရယူမည်
နောက်ဆုံးရသတင်းများ
Your browser does not support the video tag.
တစ်နေ့တာ၏ အရေးကြီးဆုံး ပြည်တွင်းပြည်ပ သတင်းများနှင့် အဖြစ်အပျက်များကို လစဥ် လူကြီးမင်း၏ အီးမေလ်းထဲသို့ ရယူနိုင်ပါသည်
ရယူမည်
ဆက်သွယ်ရန်
ကျွန်ုပ်တို့အကြောင်း
သတ်မှတ်ချက်များ
ကူညီမည်
အလုပ်ခေါ်စာ
© 2024 Narinjara News. All rights reserved.