English Edition
တနင်္ဂနွေနေ့၊ မေလ ၁၁ရက်၊ ၂၀၂၅
လှူရန်
Preview
လူ့အခွင့်အရေးနှင့်ပတ်သက်သည့် ကမ်ပိန်းတစ်ခု စစ်တွေတွင်ပြုလုပ်
မတ် ၂၅/ ၂၀၂၂ | ကြည့်ရှုသူ :3697
ရခိုင် သတင်း
အောင်လင်းထွန်း
နိရဥ္စရာ၊ မတ် ၂၄ /၂၀၂၂
ရခိုင်ပြည်နယ်၊ စစ်တွေမြို့တွင် “အပြည်ပြည်ဆိုင်ရာ ဆိုးရွားသောလူ့အခွင့်အရေးချိုးဖောက်ခံရသူများ၏ အမှန်တရား ထုတ်ဖော်ပြောဆိုခွင့်နေ့" အထိမ်းအမှတ် ကမ်ပိန်းတစ်ခုကို ယနေ့နံနက်က ပြုလုပ်ခဲ့သည်။
ယင်းကမ်ပိန်းကို ရခိုင်ပြည်လုံးဆိုင်ရာကျောင်းသားနှင့် လူငယ်များအစည်းအရုံး(AASYC)၊ ရခိုင်အမျိုးသမီးကွန်ရက်နှင့် ရက္ခမဏ္ဍိုင်အဖွဲ့တို့က ပူးပေါင်းကာ စစ်တွေပွိုင့်ကမ်းခြေတွင် ယနေ့ မတ်လ ၂၄ ရက် နံနက် ရ နာရီမှစတင်ပြုလုပ်ခဲ့ခြင်းဖြစ်သည်။
ရခိုင်အပါအဝင် မြန်မာတစ်နိုင်ငံလုံးတွင် လူ့အခွင့်အရေးချိုးဖောက်ခံနေရသူများအတွက် အမှန်တရားရရှိနိုင်စေရန် ယခုကမ်ပိန်းကိုပြုလုပ်ရခြင်းဖြစ်သည်ဟု AASYC အတွင်းရေးမှူး ဦးတိန်ဦးက နိရဥ္စရာသတင်းဌာကို ပြောသည်။
"ရခိုင်ပြည်အပါအဝင် မြန်မာတစ်နိုင်ငံလုံးမှာ လူ့အခွင့်အရချိုးဖောက်ခံခဲ့ရတဲ့သူတွေမှာ သူတို့ချိုးဖောက်ခံရတာကို ပြောပြပိုင်ခွင့်မရှိ၊ ဖြစ်စဉ်မှန်ကိုဖော်ထုတ်ပိုင်ခွင့်မရှိ၊ အဲဒီလိုဖော်ထုတ်ပိုင်ခွင့်မရှိတာကြောင့် ဒီကမ်ပိန်းကိုပြုလုပ်တာပါ" ဟု ပြောသည်။
မြန်မာနိုင်ငံတစ်ဝန်း လူ့အခွင့်အရေးချိူးဖောက်ခံရမှုများကို ပြည်သူများသိရှိစေဖို့နှင့် လူတိုင်းရသင့်ရထိုက်သည့် အမှန်တရား၊ တန်းတူညီမျှမှု၊ လွပ်လပ်စွာထုတ်ဖော်ပိုင်ခွင့်ရရှိစေရန် ယခုကမ်ပိန်းတွင် ပါဝင်ရခြင်းဖြစ်သည်ဟု ကမ်းပိန်တွင်ပါဝင်သူ မပိုးအိရွှေဇင်က ပြောသည်။
"လူ့အခွင့်အရေးချိုးဖောက်မှုတွေရှိနေတာကြောင့် အလူ့အခွင့်အရေး တန်းတူညီမျှရရှိဖို့အတွက် ဒီကမ်ပိုင်းကို ပါဝင်ဖြစ်တာပါ"ဟု ပြောသည်။
အဆိုပါကမ်းပိန်းတွင် လူပေါင်း ၃၀ ကျော်ပါဝင်ခဲ့ကြပြီး ပွိုင့်ကမ်းခြေတွင် တူညီဝတ်စုံများဝတ်ဆင်ကာ စုပေါင်းဓာတ်ပုံရိုက်ကူးခြင်းများကို ပြုလုပ်ခဲ့ကြသည်။
#အမျိုးသမီးလူပ်ရှားမှု
မင်္ဂလာပါ လူကြီးမင်းတို့ခင်ဗျာ။ ကျနော်တို့မီဒီယာဆက်လက်ရပ်တည်ရှင်သန်ရေးအတွက် လူကြီးမင်းတို့ရဲ့ပူးပေါင်းဆောင်ရွက်မှုနဲ့ ကူညီမှုတွေကို အထူးလိုအပ်နေပါတယ်။
လှူရန်
ဆက်စပ် အကြောင်းအရာများ
တစ်နေ့တာ၏ အရေးကြီးဆုံး ပြည်တွင်းပြည်ပ သတင်းများနှင့် အဖြစ်အပျက်များကို လစဥ် လူကြီးမင်း၏ အီးမေလ်းထဲသို့ ရယူနိုင်ပါသည်
ရယူမည်
နောက်ဆုံးရသတင်းများ
Your browser does not support the video tag.
တစ်နေ့တာ၏ အရေးကြီးဆုံး ပြည်တွင်းပြည်ပ သတင်းများနှင့် အဖြစ်အပျက်များကို လစဥ် လူကြီးမင်း၏ အီးမေလ်းထဲသို့ ရယူနိုင်ပါသည်
ရယူမည်
ဆက်သွယ်ရန်
ကျွန်ုပ်တို့အကြောင်း
သတ်မှတ်ချက်များ
ကူညီမည်
အလုပ်ခေါ်စာ
© 2024 Narinjara News. All rights reserved.