သောကြာ၊ ဧပြီလ ၁၉ရက်၊ ၂၀၂၄

တစ်နိုင်ငံလုံး မေလအထိ လျှပ်စစ်မီးမကြာခဏပြတ်တောက်နေဦးမည်ဟု နစကကောင်စီပြော


  • ရေးသူ: Web Master
  • | ရက်စွဲ: ၂၅ မတ် ၂၀၂၂
  • | ကြည့်ရှုသူ: 3.4k


သဥ္ဇာနွယ်
နိရဥ္စရာ၊ မတ် ၂၄ / ၂၀၂၂
ရခိုင်အပါအဝင် တစ်နိုင်ငံလုံးရှိ မြို့နယ်များတွင် မေလအထိ လျှပ်စစ်မီးမကြာခဏ ပြတ်တောက်နေဦးမည်ဟု နစကကောင်စီပြောခွင့်ရသူ ဗိုလ်ချုပ်ဇော်မင်းထွန်းက ယနေ့ ပြောကြားလိုက်သည်။
“မေလလောက်အထိကတော့ ဒီပုံအတိုင်းသွားနေမယ့်သဘောရှိပါတယ်”ဟု ပြောသည်။
ယနေ့ မတ်လ ၂၄ ရက်တွင်ပြုလုပ်သည့် နစကကောင်စီ၏ (၁၂)ကြိမ်မြောက်သတင်းစာရှင်းလင်းပွဲတွင် သတင်းထောက်များ၏မေးမြန်းမှုကိုဖြေကြားခဲ့ခြင်းဖြစ်သည်။
မေလကုန်လျှင် လျှပ်စစ်မီးပုံမှန်ရရှိရေး ဆောင်ရွက်ပေးသွားမည်ဟုလည်း သူက ဆိုသည်။
ရခိုင်အပါအဝင် တစ်နိုင်ငံလုံးတွင် လျှပ်စစ်မီးမကြာခဏ ပြတ်တောက်နေမှုကြောင့် လျှပ်စစ်မီးသုံးစွဲသူများတွင် အလွန်အခက်ခဲဖြစ်နေကြကြောင်း သိရသည်။
ရခိုင်တွင် မတ်လ ၁၈ ရက်မှစတင်၍ တစ်နေ့လျှင် လျှပ်စစ်မီး ၃ ကြိမ်ပြတ်တောက်မည်ဖြစ်ပြီး တစ်ကြိမ်ပြတ်တောက်လျှင် ၂ နာရီမှ ၃ နာရီထိကြာမြင့်နိုင်သည်ဟု ပြည်နယ်လျှပ်စစ်ဓာတ်အားဖြန့်ဖြူးရေးလုပ်ငန်းက ထုတ်ပြန်ကြေညာခဲ့သည်။

ဆက်စပ် သတင်းများ