English Edition
ကြာသပတေးနေ့၊ ဇန်နဝါရီလ ၂၃ရက်၊ ၂၀၂၅
လှူရန်
Preview
မြေပုံ စညှင်းစစ်ဘေးရှောင်စခန်းတွင် စစ်ဘေးရှောင် ၃၃ ဦးကို ရှင်ပြုပေး
မတ် ၂၅/ ၂၀၂၂ | ကြည့်ရှုသူ :6786
ရခိုင် သတင်း
သဥ္ဇာနွယ်
နိရဥ္စရာ၊ မတ် ၂၅ / ၂၀၂၂
ရခို်င်ပြည်နယ်၊ မြေပုံမြို့နယ်ရှိ စညှင်းစစ်ဘေးရှောင်စခန်းတွင် စစ်ဘေးရှောင် ၃၃ ဦးအား ရှင်ပြုပေးခဲ့ကြောင်း သိ၇သည်။
အဆိုပါစခန်းအတွင်းရှိစစ်ဘေးရှောင်များအနက် ရှင်မပြု၇သေးသော အသက် ၁၁ နှစ်မှ ၃၀ နှစ်အထိ စစ်ဘေးရှောင် ၃၃ ဦးကို ယမန်နေ့ မတ်လ ၂၅ ရက်တွင် စခန်းတာဝန်ခံဖြစ်သည့် ကိုယ်တော်သဘာ၀နဒီက သူ၏သက်တော် ၂၈ နှစ်ပြည့် အထိမ်းအမှတ်အဖြစ် မိဘခွင့်ပြုချက်များကိုရယူကာ ရှင်ပြုပေးခဲ့ခြင်းဖြစ်သည်ဟု ကိုယ်တော်သဘာ၀နဒီက နိရဥ္စရာကို မိန့်သည်။
“ဒီလိုမျိုးကုသိုလ်မျိုးလုပ်ပေးရတာ အကြီးအကျယ် ပီတီဖြစ်မိတယ်။ ကိုယ်တော်အနေနဲ့ပြောရရင် ကိုယ့်တော်ကို လူ့လောကထဲကို အမေက မွေးပေးခဲ့တဲ့နေ့ရက်မျိုးမှာ ဒီလိုမျိုးလုပ်ခွင့်၇လို့ပါ”ဟု မိန့်သည်။
စညှင်းစစ်ဘေးရှောင်စခန်းတွင် အိမ်ထောင်စု ၅၃ စု၊ လူဦးရေ ၂၄၂ ဦးရှိပြီး မြေပုံမြို့နယ်ထဲမှ အင်ကြင်း၊ ဟင်းခရော်၊ လီသွန်နှင့် ဒါးလက်ချောင်းစသည့် ကျေးရွာများမှ ဝင်ရောက်နေထိုင်နေကြခြင်းဖြစ်သည်ဟု သိ၇သည်။
သူတို့သည် ၇ခိုင်တွင် ၂၀၁၈ မှ ၂၀၂၀ အထိဖြစ်ပွားခဲ့သည့်တိုက်ပွဲများကြောင့် ထွက်ပြေးတိမ်းရှောင်လာကြသူများဖြစ်ကြသည်။
တောတောင်ကိုမှီခိုစားသောက်နေကြသူများဖြစ်ပြီး ၄င်းတို့၏ကျေးရွာအနီး ယခုထိ စစ်တပ်စွဲထားမှုများရှိနေ၍ နေရပ်ပြန်မပြန်နိုင်သေးကြောင်းလည်း သိ၇သည်။
#သတင်း
မင်္ဂလာပါ လူကြီးမင်းတို့ခင်ဗျာ။ ကျနော်တို့မီဒီယာဆက်လက်ရပ်တည်ရှင်သန်ရေးအတွက် လူကြီးမင်းတို့ရဲ့ပူးပေါင်းဆောင်ရွက်မှုနဲ့ ကူညီမှုတွေကို အထူးလိုအပ်နေပါတယ်။
လှူရန်
ဆက်စပ် အကြောင်းအရာများ
တစ်နေ့တာ၏ အရေးကြီးဆုံး ပြည်တွင်းပြည်ပ သတင်းများနှင့် အဖြစ်အပျက်များကို လစဥ် လူကြီးမင်း၏ အီးမေလ်းထဲသို့ ရယူနိုင်ပါသည်
ရယူမည်
နောက်ဆုံးရသတင်းများ
Your browser does not support the video tag.
တစ်နေ့တာ၏ အရေးကြီးဆုံး ပြည်တွင်းပြည်ပ သတင်းများနှင့် အဖြစ်အပျက်များကို လစဥ် လူကြီးမင်း၏ အီးမေလ်းထဲသို့ ရယူနိုင်ပါသည်
ရယူမည်
ဆက်သွယ်ရန်
ကျွန်ုပ်တို့အကြောင်း
သတ်မှတ်ချက်များ
ကူညီမည်
အလုပ်ခေါ်စာ
© 2024 Narinjara News. All rights reserved.