Preview

တက္ကသိုလ်ဝင်တန်းစာမေးပွဲကာလအတွင်း ဆူညံခြင်းများမပြုလုပ်ကြရန် ဆရာများနှင့် ကျောင်းသားမိဘများလိုလားနေ

မတ် ၃၀/ ၂၀၂၂ | ကြည့်ရှုသူ :8118
ရခိုင် သတင်း

သဥ္ဇာနွယ်
နိရဥ္စရာ၊ မတ် ၂၈ / ၂၀၂၂
ရခိုင်တွင် တက္ကသိုလ်ဝင်တန်း စာမေးပွဲကာလအတွင်း ဆူညံခြင်းများမပြုလုပ်ကြရန် ဆရာ၊ ဆရာမများနှင့် ကျောင်းသားမိဘများက လိုလားလျက်ရှိနေသည်ဟု သိ၇သည်။
စာမေးပွဲကာလအတွင်း ကျောင်းသူ၊ ကျောင်းသားများ သင်ခန်းစာများကို လေ့လာကျက်မှတ်ရာတွင် အနှောင့်အယှက်မဖြစ်စေရန်အတွက် နေ့အချိန်နှင့် ညအချိန်တို့၌ ဆူညံသံများမပြုလုပ်ကြရန်လိုအပ်သည်ဟု စစ်တွေအထက (၄)ကျောင်းအုပ်ဆရာကြီး ဦးဝင်းမောင်က နိရဥ္စရာကိုပြောသည်။
“ဆောင်းဘောက်တွေ အကျယ်ကြီးဖွင့်ရင် စာမေးပွဲဖြေမယ့်ကလေးတွေအတွက် စာကိုအာရုံမရောက်တော့ဘူး။ ပတ်ဝန်းကျင်ကို ငြိမ်သက်အောင် သက်ဆိုင်ရာ ရပ်ကွက်အုပ်ချုပ်ရေးမှူးတွေက လုပ်ဆောင်ပေးသင့်ပါတယ်”ဟု ပြောသည်။
တက္ကသိုလ်ဝင်တန်းစာမေးပွဲကို မတ်လ ၃၁ ရက်မှ ဧပြီလ ၉ ရက်အထိကျင်းပတော့မည်ဟု သိ၇သည်။
တက္ကသိုလ်ဝင်တန်းစာမေးပွဲကာလအတွင်း လျှပ်စစ်မီးမပြတ်အောင်ဆောင်ရွက်ပေးရန်၊ ဆူညံခြင်းများ၊ စားသောက်ဆိုင်များ၊ အလှူပွဲများတွင် ဆောင်းဘောက်များကျယ်လောင်စွာမဖွင့်ရန်နှင့် ပတ်ဝန်းကျင်တွင် တိတ်ဆိတ်ငြိမ်သက်နေစေရန် ရပ်ရွာလူကြီးများအနေဖြင့် လုပ်ဆောင်ပေးသင့်သည်ဟုလည်း ကျောင်းသားမိဘများက ပြောသည်။
ယခုကိစ္စနှင့်ပတ်သက်ပြီး စစ်တွေမြို့ မိဇံရပ်ကွက်အုပ်ချုပ်ရေးမှူး ဦးထွန်းဝင်းက "ကလေးတွေစာမေးပွဲဖြေနေချိန်မှာ အလှူပွဲတို့၊ ဆူညံတာမျိုးလုပ်တာရှိရင်တော့ ကျနော်တို့အနေနဲ့ လူမှုရေးအရ တားသင့်တာ တားဆီးပြီး ဆောင်ရွက်ပေးသွားမှာပါ"ဟု ပြောသည်။
၇ခိုင်ပြည်နယ် ကျောက်ဖြူမြို့နယ်တွင်ဆိုလျှင်လည်း တက္ကသိုလ်ဝင်တန်းစာမေးပွဲကာလအတွင်း မော်တော်ယာဉ်များဖြင့် အသံချဲ့ စက်များ/ ဆောင်းဘောက်များတင်ဆောင်ပြီး လှည့်လည်သွားလာခြင်း၊ နေအိမ်များ၊ ဈေးဆို်င်များ၊ ရုံးဌာနများ၊ အများပြည်သူဆိုင်ရာနေရာများတွင် ဂီတာတီးခတ်သီဆိုခြင်း၊ ဆူပူအော်ဟစ်ခြင်း၊ ပျော်ပွဲရွှင်ပွဲများ၊ ဗီဒီယိုရုံပြသခြင်းများနှင့် ဘာသာရေး/ လူမှုရေး ပွဲလမ်းသဘင်များပြုလုပ်ခြင်း၊ အရက်ဆိုင်/ ဘီယာဆိုင်နှင့် စားသောက်ဆိုင်များအား ည (၉) နာရီနောက်ပိုင်းဖွင့်လှစ်ရောင်းချခြင်းများမပြုလုပ်ကြရန် မြို့နယ်အုပ်ချုပ်ရေးမှူး ဦးမျိုးမင်းထွန်းက မတ်လ ၁၇ ရက်တွင် လက်မှတ်ရေးထိုးကာ ဒေသန္တ၇အမိန့်ကိုထုတ်ပြန်ထားသည်။
ထုတ်ပြန်ထားသည့်အမိန့်ကို မလိုက်နာပါက ပြစ်မှုဆိုင်ရာ ဥပဒေပုဒ်မ - ၁၈၈ အရသော်လည်းကောင်း၊ တည်ဆဲဥပဒေတစ်ရပ်ရပ်အရသော်လည်းကောင်း အရေးယူခံ၇မည်ဟု ထုတ်ပြန်ချက်တွင် ဖော်ပြထားသည်။
ယခုနှစ်တက္ကသိုလ်ဝင်တန်းစာမေးပွဲတွင် ၇ခိုင်မှကျောင်းသား၊ ကျောင်းသူ ၄၅,၅၉၂ ဦးဝင်ရောက်ဖြေဆိုမည်ဟု သိ၇သည်။

#ပညာရေး
မင်္ဂလာပါ လူကြီးမင်းတို့ခင်ဗျာ။ ကျနော်တို့မီဒီယာဆက်လက်ရပ်တည်ရှင်သန်ရေးအတွက် လူကြီးမင်းတို့ရဲ့ပူးပေါင်းဆောင်ရွက်မှုနဲ့ ကူညီမှုတွေကို အထူးလိုအပ်နေပါတယ်။
နိရဉ္ဇရာလှူရန်

ဆက်စပ် အကြောင်းအရာများ

တစ်နေ့တာ၏ အရေးကြီးဆုံး ပြည်တွင်းပြည်ပ သတင်းများနှင့် အဖြစ်အပျက်များကို လစဥ် လူကြီးမင်း၏ အီးမေလ်းထဲသို့ ရယူနိုင်ပါသည်

နောက်ဆုံးရသတင်းများ

တစ်နေ့တာ၏ အရေးကြီးဆုံး ပြည်တွင်းပြည်ပ သတင်းများနှင့် အဖြစ်အပျက်များကို လစဥ် လူကြီးမင်း၏ အီးမေလ်းထဲသို့ ရယူနိုင်ပါသည်
© 2024 Narinjara News. All rights reserved.