English Edition
တနင်္ဂနွေနေ့၊ ဇန်နဝါရီလ ၁၉ရက်၊ ၂၀၂၅
လှူရန်
Preview
PDF သံသယဖြင့်တရားစွဲခံထားရသည့် ကိုမင်းကိုဦးအမှု လာမည့်ရုံးချိန်တွင် အပြီးသတ်လျှောက်လဲချက်ကြားနာမည်
မတ် ၃၀/ ၂၀၂၂ | ကြည့်ရှုသူ :7570
ရခိုင် သတင်း
သဥ္ဇာနွယ်
နိရဥ္စရာ၊ မတ် ၂၈ /၂၀၂၂
PDF သံသယဖြင့်အမှုဖွင့်ခံထားရသည့် ရခိုင်ပြည်နယ် တောင်ကုတ်မြို့မှ လူငယ်ကွန်ရက်ဥက္ကဋ္ဌ ကိုမင်းကိုဦးအမှုကို လာမည့်ရုံးချိန်းတွင် အပြီးသတ်လျှောက်လဲချက်ကြားနာမည်ဟု သိ၇သည်။
ကိုမင်းကိုဦးအမှုတွင် နောက်ဆုံးစစ်ဆေးရန်ကျန်ရှိနေသည့်တရားခံပြသက်သေတစ်ဦးကို ယနေ့ မတ်လ ၂၈ ရက်တွင် အပြီးသတ်စစ်ဆေးခဲ့ပြီဖြစ်သည့်အတွက် လာမည့် ဧပြီ ၄ ရက်နေ့ရုံးချိန်းတွင် အပြီးသတ်လျှောက်လဲချက်ကြားနာတော့မည်ဟု အမှုကိုလိုက်ပါဆောင်ရွက်ပေးနေသူ တရားလွှတ်တော်ရှေ့နေ ဒေါ်သိင်္ဂီမောင်က နိရဥ္စရာကိုပြောသည်။
"အရင်တစ်ခေါက်က ကျန်ခဲ့တဲ့ တရားခံပြသက်သေတစ်ဦးကိုစစ်ပြီးသွားပြီ။ ဒါကြောင့် လာမယ့်ရုံးချိန်းမှာ အပြီးသတ်လျှောက်လဲချက်ကြားနာတော့မှာပါ"ဟု ပြောသည်။
တောင်ကုတ်မြို့၊ ချောင်းကောက်ရပ်ကွက်၊ မင်းထီးလမ်းတွင်နေထိုင်သော ကိုမင်းကိုဦး (၂၅ နှစ်)သည် PDF အား ငွေထောက်ပံ့သည့်သံသယဖြင့် ပြီးခဲ့သည့် ၂၀၂၁ ခုနှစ်၊ ဒီဇင်ဘာ ၁၄ ရက်တွင် သူ၏နေအိမ်အတွင်းမှ ဖမ်းဆီးခေါ်ဆောင်ခံခဲ့၇ခြင်းဖြစ်သည်ဟု မိသားစုများက ပြောသည်။
ယင်းနောက် သူသည် အကြမ်းဖက်မှုတိုက်ဖျက်ရေးဥပဒေပုဒ်မ ၅၀(ည)ဖြင့် တရားစွဲခံခဲ့၇ကာ မတ်လ ၁၀ ရက်တွင် စွဲချက်တင်ခံလိုက်၇သည်။
လက်ရှိတွင် ကိုမင်းကိုဦးအား သံတွဲထောင်၌ ထိန်းသိမ်းထားသည်ဟု သိ၇သည်။
ရခိုင်ပြည်နယ်အတွင်း ကိုမင်းကိုဦးအပါအဝင် PDF နှင့်ဆက်စပ်သံသယဖြင့် အကြမ်းဖက်မှုပုဒ်မဖြင့် ဖမ်းဆီးတရားစွဲခံထား၇သူ သံတွဲ၊ ငပလီ၊ မြောက်ဦးနှင့် တောင်ကုတ်တို့တွင် ၉ ဦးအထိရှိနေပြီဟု သိ၇သည်။
#သတင်း
မင်္ဂလာပါ လူကြီးမင်းတို့ခင်ဗျာ။ ကျနော်တို့မီဒီယာဆက်လက်ရပ်တည်ရှင်သန်ရေးအတွက် လူကြီးမင်းတို့ရဲ့ပူးပေါင်းဆောင်ရွက်မှုနဲ့ ကူညီမှုတွေကို အထူးလိုအပ်နေပါတယ်။
လှူရန်
ဆက်စပ် အကြောင်းအရာများ
တစ်နေ့တာ၏ အရေးကြီးဆုံး ပြည်တွင်းပြည်ပ သတင်းများနှင့် အဖြစ်အပျက်များကို လစဥ် လူကြီးမင်း၏ အီးမေလ်းထဲသို့ ရယူနိုင်ပါသည်
ရယူမည်
နောက်ဆုံးရသတင်းများ
Your browser does not support the video tag.
တစ်နေ့တာ၏ အရေးကြီးဆုံး ပြည်တွင်းပြည်ပ သတင်းများနှင့် အဖြစ်အပျက်များကို လစဥ် လူကြီးမင်း၏ အီးမေလ်းထဲသို့ ရယူနိုင်ပါသည်
ရယူမည်
ဆက်သွယ်ရန်
ကျွန်ုပ်တို့အကြောင်း
သတ်မှတ်ချက်များ
ကူညီမည်
အလုပ်ခေါ်စာ
© 2024 Narinjara News. All rights reserved.