English Edition
စနေနေ့၊ ဒီဇင်ဘာလ ၂၁ရက်၊ ၂၀၂၄
လှူရန်
Preview
ရခိုင်သို့ တရုတ်အာကာသယာဉ်အပိုင်းအစများ ထပ်မံကျရောက်မည်ဖြစ်၍ သတိထားသွားလာကြရန် သတိပေး
မတ် ၃၀/ ၂၀၂၂ | ကြည့်ရှုသူ :10116
ရခိုင် သတင်း
သဥ္ဇာနွယ်
နိရဥ္စရာ၊ မတ် ၂၈ / ၂၀၂၂
ရခိုင်ပင်လယ်ပြင်အတွင်း တရုတ်အာကာသယာဉ်အပိုင်းအစများ ထပ်မံကျရောက်မည်ဖြစ်သည့်အတွက် သတိထားသွားလာကြရန် သတိပေးထားကြောင်း သိ၇သည်။
အဆိုပါတရုတ်အာကာသယာဉ်အပိုင်းအစများသည် ရခိုင်ပြည်နယ် သံတွဲလေဆိပ်၏အနောက်တောင်ဘက် ရေမိုင် ၃၄ မိုင်ခန့်နှင့် မာန်အောင်လေဆိပ်၏ အနောက်တောင်ဘက် ရေမိုင် ၄၄ မိုင်ခန့်အကွာရှိ ပင်လယ်ပြင်သို့ ဧပြီလ ရ ရက်မှ ၁၃ ရက်အတွင်း နေ့စဉ် နံနက် ၅ နာရီခွဲမှ ၉ နာရီအတွင်း ကျရောက်မည်ဟု ရခိုင်နေ့စဉ်သတင်းတွင်ဖော်ပြထားချက်အရ သိ၇သည်။
ယင်းသို့ ကျရောက်လာနိုင်သဖြင့် ဘေးအန္တရာယ်ကင်းရှင်းစေရန်အတွက် ကမ်းဝေးရေယာဉ်များအနေဖြင့် အဆိုပါဧရိယာအတွင်း ဖြတ်သန်းသွားလာရာ၌ အထူးဂရုပြု သွားလာနိုင်ကြရန် ပြည်နယ်အစိုးရက သတိပေးထားကြောင်း သိ၇သည်။
ရခိုင်တွင် ယခုကဲ့သို့ တရုတ်အာကာသယာဉ်အပိုင်းအစများ မကြာခဏ ကျရောက်ခြင်းသည် ရေလုပ်ငန်းကို အားကိုးပြီးလုပ်ကိုင်စားသောက်နေရသူများနှင့် ရေလုပ်ငန်းရှင်များအတွက် ထိခိုက်နစ်နာမှုများရှိသည်ဟု မာန်အောင်မြို့နယ် အမျိုးသားလွှတ်တော်ကိုယ်စားလှယ်ဟောင်း ဦးကျော်သန်းက နိရဥ္စရာကိုပြောသည်။
“အရင်ကဆိုရင် ဒီလိုကျမယ်ဆိုတာကို မသိဘဲ လှေထွက်တဲ့သူတွေရှိတယ်။ အရမ်းအန္တရာယ်များတယ်။ ပြီးတော့ ဒီလိုမကြာခဏကျရောက်တဲ့အတွက် တစ်နေ့လုပ်မှ တစ်နေ့စားရတဲ့လက်လုပ်လက်စားသူတွေအတွက် ခက်ခဲတယ်။ တစ်ချို့ဆို အသက်စွန့်ပြီးသွားကြတာတွေရှိတယ်။ လုပ်ငန်းရှင်တွေလည်း ဒီလိုပါပဲ။ မထွက်ဘဲရက်တွေကြာသွားရင် အလုပ်သမားဖိုးတွေ အကုန်ကျစရိတ်တွေများတယ်။ ထိခိုက်နစ်နာမှုတွေရှိကြတယ်”ဟု ပြောသည်။
အဆိုပါ တရုတ်အာကာသယာဉ်အပိုင်းအစများသည် ရခိုင်ပင်လယ်ပြင်သို့ ပြီးခဲ့သည့် ဖေဖော်ဝါရီ ၂၆ ရက်မှ မတ်လ ၂ ရက်အတွင်းတစ်ကြိမ်၊ ပြီးခဲ့သည့် ၂၀၂၁ ခုနှစ်၊ ဒီဇင်ဘာ ၆ ရက်မှ ဒီဇင်ဘာ ၁၂ ရက်အတွင်းကတစ်ကြိမ်နှင့် ပြီးခဲ့သည့်နှစ်၊ နိုဝင်ဘာ ၂၃ ရက် နံနက် ၆ နာရီခန့်ကတစ်ကြိမ် ကျရောက်ခဲ့သည်။
ယခုကဲ့သို့မကြာခဏကျရောက်နေခြင်းသည် ပုံမှန်မဟုတ်သောအခြေနေဖြစ်နေပြီဖြစ်သည့်အတွက် အစိုးရအနေဖြင့် ရခိုင်ပြည်သူတို့ ထိခိုက်နစ်နာမှုမရှိစေရန် ကာကွယ်ပေးသင့်သည်ဟုလည်း ဒေသခံများက ပြောသည်။
(ဓာတ်ပုံ - နိုဝင်ဘာ ၂၃ ရက်က စစ်တွေမြို့အနီး ရခိုင့်ပင်လယ်ပြင်သို့ တရုတ်အာကာသယာဉ်အပိုင်းအစအချို့ ကျရောက်ခဲ့စဉ်။ Photo - Mra Thiri)
#အာကာသလွန်းပျံယာဉ်
မင်္ဂလာပါ လူကြီးမင်းတို့ခင်ဗျာ။ ကျနော်တို့မီဒီယာဆက်လက်ရပ်တည်ရှင်သန်ရေးအတွက် လူကြီးမင်းတို့ရဲ့ပူးပေါင်းဆောင်ရွက်မှုနဲ့ ကူညီမှုတွေကို အထူးလိုအပ်နေပါတယ်။
လှူရန်
ဆက်စပ် အကြောင်းအရာများ
တစ်နေ့တာ၏ အရေးကြီးဆုံး ပြည်တွင်းပြည်ပ သတင်းများနှင့် အဖြစ်အပျက်များကို လစဥ် လူကြီးမင်း၏ အီးမေလ်းထဲသို့ ရယူနိုင်ပါသည်
ရယူမည်
နောက်ဆုံးရသတင်းများ
Your browser does not support the video tag.
တစ်နေ့တာ၏ အရေးကြီးဆုံး ပြည်တွင်းပြည်ပ သတင်းများနှင့် အဖြစ်အပျက်များကို လစဥ် လူကြီးမင်း၏ အီးမေလ်းထဲသို့ ရယူနိုင်ပါသည်
ရယူမည်
ဆက်သွယ်ရန်
ကျွန်ုပ်တို့အကြောင်း
သတ်မှတ်ချက်များ
ကူညီမည်
အလုပ်ခေါ်စာ
© 2024 Narinjara News. All rights reserved.