English Edition
တနင်္လာနေ့၊ မေလ ၁၂ရက်၊ ၂၀၂၅
လှူရန်
Preview
ရခိုင်ပြည်လုံးဆိုင်ရာ တောင်သူလယ်သမားသမဂ္ဂ၏ ဒုတိယအကြိမ်ညီလာခံကို ၃ ရက်တိုင်တိုင် ကျင်းပနေ
မတ် ၃၀/ ၂၀၂၂ | ကြည့်ရှုသူ :7900
ရခိုင် သတင်း
နွေဦးမေ
နိရဥ္စရာ၊ မတ် ၂၉ /၂၀၂၂
ရခိုင်ပြည်လုံးဆိုင်ရာ တောင်သူလယ်သမားသမဂ္ဂ၏ ဒုတိယအကြိမ်ညီလာခံကို ၇ခိုင်ပြည်နယ် မြေပုံမြို့နယ်တွင် ၃ ရက်တိုင်တိုင် ကျင်းပနေသည်ဟု သိ၇သည်။
အဆိုပါညီလာခံကို မြေပုံမြို့နယ်၊ သရက်တောင်စံပြကျေးရွာဘုန်းတော်ကြီးကျောင်းတွင် မတ်လ ၂၈ ရက်မှ ၃၀ ရက်အထိ ကျင်းပနေခြင်းဖြစ်သည်။
ရခိုင်ပြည်လုံးဆိုင်ရာ တောင်သူလယ်သမားသမဂ္ဂ အတွင်းရေးမှူး ဦးထွန်းတင်က "ဒီညီလာခံလုပ်တာက သက်ဆိုင်ရာအာဏာပိုင်အဖွဲ့အစည်းတွေနဲ့ တောင်သူလယ်သမားအကျိုးကို ဘယ်လိုထိထိရောက်ရောက်လုပ်နိုင်မလဲ။ လယ်သမားတွေရဲ့ လက်ရှိရင်ဆိုင်နေရတဲ့အခက်ခဲတွေကို ဘယ်လိုထိထိရောက်ရောက်ဖြေရှင်းပေးနိုင်မလဲဆိုတာနဲ့ပတ်သက်ပြီး လုပ်ဖြစ်တာပါ"ဟု နိရဥ္စရာကို ပြောသည်။
အဆိုပါညီလာခံသို့ ရခိုင်ပြည်လုံးဆိုင်ရာ တောင်သူလယ်သမားသမဂ္ဂမှ မြို့နယ်ကိုယ်စားလှယ်များ၊ အရပ်ဘက်အဖွဲ့အစည်းများနှင့် စိတ်ပါဝင်စားသူများ စုစုပေါင်း အင်အား ၂၀၀ ခန့် တက်ရောက်ပြီး တောင်သူလယ်သမားများ၏ အခက်အခဲများနှင့် စိန်ခေါ်မှုများကို ဆွေးနွေးနေကြသည်ဟု တက်ရောက်နေသူများက ပြောသည်။
ရခိုင်ပြည်လုံးဆိုင်ရာ တောင်သူလယ်သမားသမဂ္ဂ၏ မြောက်ဦးမြို့နယ် ဥက္ကဋ္ဌ ဦးစိုးနိုင်က “အဓိကတော့ တောင်သူလယ်သမားဘ၀ဖွံ့ဖြိုးတိုးတက်ဖို့ လယ်သမားတွေရဲ့အခက်ခဲတွေ၊ အကျိုးစီးပွားတွေကိုမြှင့်တင်ဖို့ ဆွေးနွေးနေကြပါတယ်။ မြို့နယ်တွေမှာ လှုပ်ရှားမှုတွေ၊ ပြဿနာတွေ၊ အခက်ခဲတွေကို ဘယ်လိုဖြေရှင်းရမလဲ။ စိန်ခေါ်မှုတွေက ဘာတွေရှိလဲ။ ဖွံ့ဖြိုးတိုးတက်ဖို့က ဘာတွေလုပ်ဆောင်သင့်လဲဆိုတာကို ဆွေးနွေးနေကြပါတယ်"ဟု ပြောသည်။
ရခိုင်ပြည်လုံးဆိုင်ရာ တောင်သူလယ်သမားသမဂ္ဂ၏ပထမအကြိမ်ညီလာခံကို စစ်တွေမြို့တွင် ၂၀၁၈ ခုနှစ်၊ သြဂုတ်လအတွင်း ပြုလုပ်ခဲ့သည်ဟု သိ၇သည်။
၃ နှစ်တစ်ကြိမ်ကျင်းပရမည်ဖြစ်သော်လည်း အကြောင်းအမျိုးမျိုးကြောင့် ပြီးခဲ့သည့်နှစ်က ကျင်းပနိုင်ခြင်းမရှိခဲ့ဟု သိ၇သည်။
အဆိုပါသမဂ္ဂကို ရခိုင်ရှိ လယ်သမားများ၏အခက်အခဲများကို ကူညီဖြေရှင်းဆောင်ရွက်ပေးရန်ရည်ရွယ်၍ ၂၀၁၆ ခုနှစ်တွင် စတင်ဖွဲ့စည်းခဲ့ခြင်းဖြစ်သည်။
#စိုက်ပျိုးရေး
မင်္ဂလာပါ လူကြီးမင်းတို့ခင်ဗျာ။ ကျနော်တို့မီဒီယာဆက်လက်ရပ်တည်ရှင်သန်ရေးအတွက် လူကြီးမင်းတို့ရဲ့ပူးပေါင်းဆောင်ရွက်မှုနဲ့ ကူညီမှုတွေကို အထူးလိုအပ်နေပါတယ်။
လှူရန်
ဆက်စပ် အကြောင်းအရာများ
တစ်နေ့တာ၏ အရေးကြီးဆုံး ပြည်တွင်းပြည်ပ သတင်းများနှင့် အဖြစ်အပျက်များကို လစဥ် လူကြီးမင်း၏ အီးမေလ်းထဲသို့ ရယူနိုင်ပါသည်
ရယူမည်
နောက်ဆုံးရသတင်းများ
Your browser does not support the video tag.
တစ်နေ့တာ၏ အရေးကြီးဆုံး ပြည်တွင်းပြည်ပ သတင်းများနှင့် အဖြစ်အပျက်များကို လစဥ် လူကြီးမင်း၏ အီးမေလ်းထဲသို့ ရယူနိုင်ပါသည်
ရယူမည်
ဆက်သွယ်ရန်
ကျွန်ုပ်တို့အကြောင်း
သတ်မှတ်ချက်များ
ကူညီမည်
အလုပ်ခေါ်စာ
© 2024 Narinjara News. All rights reserved.