Preview

မောင်တောတွင် လမ်းပြင်ရန် မြေတူးရာမှ စစ်လက်ကျန် ဗုံးသီးဟောင်း ၂ လုံးတွေ့ရှိ

ဧပြီ ၀၂/ ၂၀၂၂ | ကြည့်ရှုသူ :8343
ရခိုင် သတင်း
သဥ္ဇာနွယ်
နိရဥ္စရာ ၊ ဧပြီ ၁ /၂၀၂၂
ရခိုင်ပြည်နယ်၊ မောင်တောမြို့တွင် လမ်းပြုပြင်ရန် မြေတူးဖော်ရာမှ စစ်ကျန်ဗုံးသီးဟုယူဆ၇သည့် ဗုံးသီးဟောင်း ၂ လုံးတွေ့ရှိခဲ့ကြောင်း သိ၇သည်။
အဆိုပါဗုံးသီးဟောင်း၂ လုံးကို မောင်တောမြို့၊ ၃ မိုင်ရပ်ကွက်ရှိ UNHCR ရုံးအနီးတွင် မတ်လ ၃၁ ရက်က လမ်းပြုပြင်ရန် ဆောင်ရွက်ရာမှ တွေ့ရှိခဲ့ခြင်းဖြစ်သည်ဟု ၄ မိုင်ရပ်ကွက်အုပ်ချုပ်ရေးမှူး ဦးရွှေမောင်က နိရဥ္စရာကိုပြောသည်။
"မနေ့က အဲ့သူတို့ရုံးနေရာမှာတွေ့တာ။ လမ်းပြင်ဖို့လုပ်တုန်း။ ဗုံးကတော့ နှစ်လုံး။ တော်တော်ကြာနေပြီ ဗုံးသီးတွေက"ဟု ပြောသည်။
စစ်လက်ကျန်ဗုံးသီးဟောင်း ၂ လုံးအနက် ၁ လုံးမှာ အလျား ၁ ပေ ၊ လုံးပတ် ၁ ပေ၊ အချင်း ၃ လက်မခန့်ရှိပြီး အခြား ၁ လုံးမှာ အလျား ၁၄ ပေ၊ လုံးပတ် ၁၁ လက်မခန့်ရှိသည်ဟု သိ၇သည်။
အဆိုပါ ဗုံးသီးဟောင်းများအား စစ်တပ်က သိမ်းဆည်းသွားကြောင်း သိ၇သည်။
ယင်းရပ်ကွက်တွင် ပြီးခဲ့သည့် ၂၀၂၁ ခုနှစ်၊ အောက်တိုဘာ ၂၈ ရက်ကလည်း ငါးကန်ပတ်လမ်းဖောက်လုပ်ရာမှ သေတ္တာများဖြင့်ထည့်ထားသည့် ဒုတိယကမ္ဘာစစ်လက်ကျန်ဟောင်း ဗုံးသီးဟောင်း အလုံး ၁၂၀ ကိုတွေ့ရှိခဲ့ကြောင်းသိ၇သည်။

#စစ်လက်နက်ကျန်ပစ္စည်း
မင်္ဂလာပါ လူကြီးမင်းတို့ခင်ဗျာ။ ကျနော်တို့မီဒီယာဆက်လက်ရပ်တည်ရှင်သန်ရေးအတွက် လူကြီးမင်းတို့ရဲ့ပူးပေါင်းဆောင်ရွက်မှုနဲ့ ကူညီမှုတွေကို အထူးလိုအပ်နေပါတယ်။
နိရဉ္ဇရာလှူရန်

ဆက်စပ် အကြောင်းအရာများ

တစ်နေ့တာ၏ အရေးကြီးဆုံး ပြည်တွင်းပြည်ပ သတင်းများနှင့် အဖြစ်အပျက်များကို လစဥ် လူကြီးမင်း၏ အီးမေလ်းထဲသို့ ရယူနိုင်ပါသည်

နောက်ဆုံးရသတင်းများ

တစ်နေ့တာ၏ အရေးကြီးဆုံး ပြည်တွင်းပြည်ပ သတင်းများနှင့် အဖြစ်အပျက်များကို လစဥ် လူကြီးမင်း၏ အီးမေလ်းထဲသို့ ရယူနိုင်ပါသည်
© 2024 Narinjara News. All rights reserved.