Preview

၇ခိုင်မှ လယ်သမားများအတွက် အချက် ၃ ချက်ကိုဆောင်ရွက်ပေးရန် အစိုးရထံသို့ တောင်းဆို

ဧပြီ ၀၂/ ၂၀၂၂ | ကြည့်ရှုသူ :4882
ရခိုင် သတင်း

သဥ္ဇာနွယ်
နိရဥ္စရာ၊ ဧပြီ ၁ / ၂၀၂၂
၇ခိုင်မှ တောင်သူလယ်သမားများအတွက် အချက် ၃ ချက်ကိုဆောင်ရွက်ပေးရန် ရခိုင်ပြည်လုံးဆိုင်ရာတောင်သူလယ်သမားသမဂ္ဂက တောင်းဆိုလိုက်ကြောင်း သိ၇သည်။
ယင်းအချက်များမှာ ရခိုင်လယ်သမားတို့၏အခွင့်အရေးကိုကာကွယ်ပေးရန်၊ အကျိုးစီးပွားကိုမြှင့်တင်ပေးရန်နှင့် လက်ရှိရခိုင်လယ်သမားများကြုံတွေ့နေရသောစိန်ခေါ်မှုများကို အတတ်နိုင်ဆုံး ကူညီပေးနိုင်သောသူများနှင့် ပူးပေါင်းဖြေရှင်းပေးရန်စသည့် အချက်များဖြစ်ကြောင်း သိ၇သည်။
ယင်းအချက်များကို မတ်လ ၃၀ ရက်ကပြီးဆုံးခဲ့သည့် ရခိုင်ပြည်လုံးဆိုင်ရာတောင်သူလယ်သမားသမဂ္ဂ၏ ဒုတိယအကြိမ်ညီလာခံနောက်ဆုံးနေ့တွင် ကြေညာချက်ထုတ်ပြန်တောင်းဆိုလိုက်ခြင်းဖြစ်သည်။
ရခိုင်ပြည်လုံးဆိုင်ရာတောင်သူလယ်သမားသမဂ္ဂမှ သတင်းနှင့်ပြန်ကြားရေးယာယီတာဝန်ခံ ဦးအောင်ကျော်မြက စနစ်၏လိုအပ်ချက်အရ ရခိုင်လယ်သမားထုကိုယ်စားတောင်းဆို၇ခြင်းဖြစ်သည်ဟု ပြောသည်။
"စနစ်မှာ လယ်ယာမြေဖွံ့ဖြိုးတိုးတက်ရေးအတွက် ခေတ်အဆက်ဆက်အစိုးရတွေက ဘတ်ဂျက်အများကြီးသုံးပြီးတော့ လုပ်ခဲ့တာကို တစ်ခုမှာမှ မတွေ့ရဘူး။ ဒါကြောင့် ရခိုင်သာမက မြန်မာတစ်နိုင်ငံလယ်သမားတွေဟာ လယ်ယာလုပ်ငန်းဖွံ့ဖြိုးတိုးတက်မှုမရှိဘဲ ဆင်းရဲနေကြတယ်ဆိုတာ ဘယ်သူမှ ငြင်းနိုင်လိမ့်မယ် မဟုတ်ဘူး"ဟု နိရဥ္စရာကိုပြောသည်။
၇ခိုင်တွင် စိုက်ပျိုးနိုင်သောလယ်ဧက ၁၂ သိန်းရှိသော်လည်း အခြားတိုင်းနှင့်ပြည်နယ်များကဲ့သို့ ၃ သီးမစိုက်ပျိုးနိုင်ဘဲ တစ်သီးတည်းသာစိုက်ပျိုးနိုင်ပြီး အခက်အခဲအကျပ်အတည်းများနှင့် လိုအပ်ချက်များကြောင့် ပစ်ပယ်ထား၇သည်ဟု ဆက်ပြောသည်။
ယင်းအပြင် တောင်သူများတွင် လယ်ယာလုပ်ကိုင်ရာတွင်လည်း လုပ်သားအင်အားနှင့် လယ်ယာသုံးစက်ကိရိယာများ ရှားပါးမှု၊ မြေဆီမြေသြဇာများသုံးစွဲရာတွင်လည်း ဈေးနှုန်းအဆမတန်မြင့်တက်မှုနှင့် စပါးဈေးများ ဈေးကောင်းမရမှု စသည့်အခက်အခဲများနှင့် ရင်ဆိုင်နေကြရသည်ဟု သိ၇သည်။
ယင်းအခက်အခဲများကိုကျော်လွှားနိုင်ရန်အတွက် ရခိုင်ပြည်လုံးဆိုင်ရာတောင်သူလယ်သမားသမဂ္ဂ၏ ဒုတိယအကြိမ်ညီလာခံကို မတ်လ ၂၈ ရက်မှ ၃၀ ရက်အထိ မြေပုံမြို့နယ် သရက်တောင်စံပြကျေးရွာဘုန်းကြီးကျောင်းတွင် ၃ ရက်တိုင်တိုင်ပြုလုပ်ခဲ့ခြင်းဖြစ်သည်။
ယင်းညီလာခံသို့ ရခိုင်ပြည်လုံးဆိုင်ရာ တောင်သူလယ်သမားသမဂ္ဂမှ မြို့နယ်ကိုယ်စားလှယ်များ၊ အရပ်ဘက်အဖွဲ့အစည်းများနှင့် စိတ်ပါဝင်စားသူများ စုစုပေါင်း အင်အား ၁၅၀ ကျော်တက်ရောက်ခဲ့သည်ဟု သိ၇သည်။
အဆိုပါသမဂ္ဂကို ရခိုင်ရှိ လယ်သမားများ၏အခက်အခဲများကို ကူညီဖြေရှင်းဆောင်ရွက်ပေးရန်ရည်ရွယ်၍ ၂၀၁၆ ခုနှစ်တွင် စတင်ဖွဲ့စည်းခဲ့ခြင်းဖြစ်သည်။
---------------------------

#စိုက်ပျိုးရေး
မင်္ဂလာပါ လူကြီးမင်းတို့ခင်ဗျာ။ ကျနော်တို့မီဒီယာဆက်လက်ရပ်တည်ရှင်သန်ရေးအတွက် လူကြီးမင်းတို့ရဲ့ပူးပေါင်းဆောင်ရွက်မှုနဲ့ ကူညီမှုတွေကို အထူးလိုအပ်နေပါတယ်။
နိရဉ္ဇရာလှူရန်

ဆက်စပ် အကြောင်းအရာများ

တစ်နေ့တာ၏ အရေးကြီးဆုံး ပြည်တွင်းပြည်ပ သတင်းများနှင့် အဖြစ်အပျက်များကို လစဥ် လူကြီးမင်း၏ အီးမေလ်းထဲသို့ ရယူနိုင်ပါသည်

နောက်ဆုံးရသတင်းများ

တစ်နေ့တာ၏ အရေးကြီးဆုံး ပြည်တွင်းပြည်ပ သတင်းများနှင့် အဖြစ်အပျက်များကို လစဥ် လူကြီးမင်း၏ အီးမေလ်းထဲသို့ ရယူနိုင်ပါသည်
© 2024 Narinjara News. All rights reserved.