English Edition
ကြာသပတေးနေ့၊ ဖေဖော်ဝါရီလ ၀၆ရက်၊ ၂၀၂၅
လှူရန်
Preview
စစ်တွေတွင် ယာဉ်မတော်တဆဖြစ်၍ လူ ၆ ဦးဒဏ်ရာရ၊ တစ်ဦးသွေးအန်၍ ဆေးရုံရောက်
ဧပြီ ၀၄/ ၂၀၂၂ | ကြည့်ရှုသူ :2360
ရခိုင် သတင်း
သဥ္ဇာနွယ်
နိရဥ္စရာ၊ ဧပြီ ၄ / ၂၀၂၂
၇ခိုင်ပြည်နယ်၊ စစ်တွေမြို့တွင် ယာဉ်မတော်တဆဖြစ်၍ လူ ၆ ဦး ဒဏ်ရာရရှိသွားပြီး ယင်းအနက် တစ်ဦးမှာ သွေးအန်သည့်အတွက် စစ်တွေဆေးရုံကြီးတွင် တက်ရောက်ကုသနေရသည်ဟု သိ၇သည်။
ယခုဖြစ်စဉ်သည် စစ်တွေမြို့၊ မောလိပ်ရပ်ကွက်ရှိ မောလိပ်စာသင်ကျောင်းအနီး မင်းဘာကြီးလမ်းတွင် ယမန်နေ့ ဧပြီ ၃ ရက် ညနေ ၅ နာရီကျော်ခန့်က ဖြစ်ပွားခဲ့ခြင်းဖြစ်သည်ဟု သိ၇သည်။
အမျိုးသားနှစ်ဦးမောင်းနှင်လာသောအိမ်စီးကားသည် ဓာတ်တိုင်ကိုဝင်တိုက်ပြီးနောက် ရှေ့မှမောင်းလာသော ဆိုင်ကယ် ၂ စီးနှင့် အပြင်မှပြန်လာ၍ အိမ်ရှေ့တွင်ရပ်တန့်နေဆဲဖြစ်သည့် ဆိုင်ကယ် ၁ စီးတို့အား ထပ်မံဝင်တိုက်မိ၍ ဆိုင်ကယ်စီးလာသူ ၆ ဦး ဒဏ်ရာရရှိခဲ့သည်ဟု သွားရောက်ကူညီပေးခဲ့သည့် ရွှေရောင်မေတ္တာဖောင်ဒေးရှင်းမှ ကိုဒေးဗစ်က နိရဥ္စရာကိုပြောသည်။
"ကားမောင်းတဲ့သူနဲ့ကားပေါမှာပါလာတဲ့သူကတော့ ဘာမှမဖြစ်ဘူး။ ဆိုင်ကယ်နဲ့လူတွေက ဒဏ်ရာရတယ်။ တစ်ယောက်ကတော့ အိမ်ရောက်မှ သွေးအန်လို့ဆေးရုံတက်နေ၇တယ်"ဟု ပြောသည်။
ဒဏ်ရာရရှိသူများမှာ စစ်တွေမြို့၊ မင်းဂံရပ်ကွက်မှဖြစ်သည်ဟု သိ၇သည်။
ယာဉ်ပေါ်ပါနှစ်ဦးလုံးသည် အရက်သေစာသောက်စားကာ မောင်းနှင်လာသည့်အတွက် ယခုကဲ့သို့ဖြစ်ပွားခဲ့ခြင်းဖြစ်သည်ဟုလည်း သိ၇သည်။
ယခုဖြစ်စဉ်နှင့်ပတ်သက်ပြီး ယာဉ်မောင်းသူများကို ယာဉ်အား မဆင်မခြင်မောင်းနှင်မှုဖြင့် အမှုဖွင့်အရေးယူထားသည်ဟု အမှတ်(၅)ယာဉ်ထိန်းရဲ ဒုတပ်ဖွဲ့ခွဲ(ရခိုင်)မှ ရဲအုပ်အောင်သူဟိန်းက နိရဥ္စရာကိုပြောသည်။
ဓာတ်ပုံ - ရွှေရောင်မေတ္တာဖောင်ဒေးရှင်း
#ယာဉ်မတော်တဆ
မင်္ဂလာပါ လူကြီးမင်းတို့ခင်ဗျာ။ ကျနော်တို့မီဒီယာဆက်လက်ရပ်တည်ရှင်သန်ရေးအတွက် လူကြီးမင်းတို့ရဲ့ပူးပေါင်းဆောင်ရွက်မှုနဲ့ ကူညီမှုတွေကို အထူးလိုအပ်နေပါတယ်။
လှူရန်
ဆက်စပ် အကြောင်းအရာများ
တစ်နေ့တာ၏ အရေးကြီးဆုံး ပြည်တွင်းပြည်ပ သတင်းများနှင့် အဖြစ်အပျက်များကို လစဥ် လူကြီးမင်း၏ အီးမေလ်းထဲသို့ ရယူနိုင်ပါသည်
ရယူမည်
နောက်ဆုံးရသတင်းများ
Your browser does not support the video tag.
တစ်နေ့တာ၏ အရေးကြီးဆုံး ပြည်တွင်းပြည်ပ သတင်းများနှင့် အဖြစ်အပျက်များကို လစဥ် လူကြီးမင်း၏ အီးမေလ်းထဲသို့ ရယူနိုင်ပါသည်
ရယူမည်
ဆက်သွယ်ရန်
ကျွန်ုပ်တို့အကြောင်း
သတ်မှတ်ချက်များ
ကူညီမည်
အလုပ်ခေါ်စာ
© 2024 Narinjara News. All rights reserved.