English Edition
ကြာသပတေးနေ့၊ ဧပြီလ ၁၇ရက်၊ ၂၀၂၅
လှူရန်
Preview
ဝန်ကြီးချုပ်ဟောင်းဦးညီပုနှင့် ဦးမင်းအောင်တို့၏ ရွေးကောက်ပွဲနှင့်ဆိုင်သည့်အမှုကို ဧပြီ ၆ ရက်တွင် အပြီးသတ်အမိန့်ချမည်
ဧပြီ ၀၅/ ၂၀၂၂ | ကြည့်ရှုသူ :1062
ရခိုင် သတင်း
မြထွီးသျှင်
နိရဉ်စရာ၊ ဧပြီ ၄ / ၂၀၂၂
ရခိုင်ပြည်နယ်ဝန်ကြီးချုပ်ဟောင်းဦးညီပုနှင့် ဦးမင်းအောင်တို့၏ ရွေးကောက်ပွဲဆိုင်သည့်အမှုကို လာမည့်ဧပြီလ ၆ ရက်တွင် အပြီးသတ်အမိန့်ချမှတ်သွားမည်ဖြစ်ကြောင်း အမှုအားလိုက်ပါဆောင်ရွက်ပေးနေသည့် ရှေ့နေဦးကျော်စိုးလင်းက နိရ ဉ္စရာကိုပြောသည်။
“ဒီနေ့အပြီးသတ်လျှောက်လဲချက်ပေးတယ်။ နောက်ထပ်ရုံးချိန်းကတော့ ၆ ရက်နေ့ပေါ့”ဟုပြောသည်။
သူတို့နှစ်ဦး၏ရွေးကောက်ပွဲနှင့်ဆိုင်သည့်အမှုကို ယနေ့ ဧပြီလ ၄ ရက်ရုံးချိန်းတွင် စစ်တွေအကျဉ်းထောင်အထူးတရားရုံး၌ နှစ်ဘက်ရှေ့နေများက လျှောက်လဲချက်ပေးခဲ့ကြပြီးနောက် အမိန့်ချရန်ဆုံးဖြတ်ခဲ့ခြင်းဖြစ်သည်ဟု သိ၇သည်။
ဦးညီပုနှင့် ဦးမင်းအောင်တို့သည် ရွေးကောက်ပွဲဆိုင်ရာ မဲသမာမှုကိစ္စရပ်များကို ပြုလုပ်သည်ဆိုကာ ပြီးခဲ့သည့် ၂၀၂၁ ခုနှစ်၊ ဒီဇင်ဘာလ ၈ ရက်က ရာဇသတ်ကြီး ဥပဒေပုဒ်မ ၁၃၀(က)ဖြင့် ရခိုင်ပြည်နယ်ရွေးကောက်ပွဲကော်မရှင်အဖွဲ့ခွဲ ဒုတိယညွှန်ကြားရေးမှူး ဦးသူရိန်ထွဋ်က တရားလိုလုပ်ကာ တရားစွဲဆိုခံခဲ့၇ခြင်းဖြစ်သည်။
ယင်းအထဲမှ စည်ပင်ဝန်ကြီးဟောင်း ဦးမင်းအောင်သည် ဦးညီပု၏ ရွေးကောက်ပွဲဆိုင်ရာ မဲမသမာမှုကိစ္စရပ်များကို အားပေးကူညီသည်ဟုဆိုကာ ပုဒ်မ ၁၀၉ ဖြင့်လည်း ထပ်တိုးတရားစွဲဆိုခံခဲ့၇သည်။
သူတို့နှစ်ဦးသည် ယင်းပုဒ်မများဖြင့် စစ်တွေအကျဉ်းထောင်အထူးတရားရုံးတွင် ပြီးခဲ့သည့် မတ်လ ၃ ရက်နေ့ရုံးချိန်း၌ စွဲချက်တင်ခံလိုက်၇ခြင်းဖြစ်သည်။
သူတို့နှစ်ဦးကို အခြားဝန်ကြီးဟောင်း ၃ ဦးနှင့်အတူ အဂတိလိုက်စားမှုတိုက်ဖျက်ရေးဥပဒေပုဒ်မ ၅၅ ဖြင့် ဇန်နဝါရီလ ၁၉ ရက်နေ့ နံနက်ပိုင်းတွင် စစ်တွေအကျဉ်းထောင်အထူးတရားရုံးက ထောင်ဒဏ်အသီးသီးချမှတ်ခဲ့ပြီး ထိုအထဲတွင် ဦးညီပုကို ထောင်ဒဏ် ၉ နှစ်နှင့် ဦးမင်းအောင်ကို ထောင်ဒဏ် ၇ နှစ် ချမှတ်ခဲ့သည်။
ယင်းအပြင် ဦးညီပုတွင် နိုင်ငံတော်အကြည်အညိုပျက်စေမှုပုဒ်မ ၅၀၅ (ခ)နှင့်လည်း အလုပ်ကြမ်းနှင့် ထောင်ဒဏ် ၂ နှစ် ချမှတ်ခံထား၇သေးသည်။
#နိုင်ငံရေး
မင်္ဂလာပါ လူကြီးမင်းတို့ခင်ဗျာ။ ကျနော်တို့မီဒီယာဆက်လက်ရပ်တည်ရှင်သန်ရေးအတွက် လူကြီးမင်းတို့ရဲ့ပူးပေါင်းဆောင်ရွက်မှုနဲ့ ကူညီမှုတွေကို အထူးလိုအပ်နေပါတယ်။
လှူရန်
ဆက်စပ် အကြောင်းအရာများ
တစ်နေ့တာ၏ အရေးကြီးဆုံး ပြည်တွင်းပြည်ပ သတင်းများနှင့် အဖြစ်အပျက်များကို လစဥ် လူကြီးမင်း၏ အီးမေလ်းထဲသို့ ရယူနိုင်ပါသည်
ရယူမည်
နောက်ဆုံးရသတင်းများ
Your browser does not support the video tag.
တစ်နေ့တာ၏ အရေးကြီးဆုံး ပြည်တွင်းပြည်ပ သတင်းများနှင့် အဖြစ်အပျက်များကို လစဥ် လူကြီးမင်း၏ အီးမေလ်းထဲသို့ ရယူနိုင်ပါသည်
ရယူမည်
ဆက်သွယ်ရန်
ကျွန်ုပ်တို့အကြောင်း
သတ်မှတ်ချက်များ
ကူညီမည်
အလုပ်ခေါ်စာ
© 2024 Narinjara News. All rights reserved.