Preview

ရခိုင်သို့ တရုတ်အာကာသယာဉ်အပိုင်းအစများ ဧပြီ ရ ရက်တွင် ကျရောက်မည်ဖြစ်၍ သတိထားသွားလာကြရန် သတိပေးထုတ်ပြန်

ဧပြီ ၀၅/ ၂၀၂၂ | ကြည့်ရှုသူ :6457
ရခိုင် သတင်း
မင်းအဂ္ဂ
နိ၇ ဉ္စာ၊ ဧပြီ ၄ / ၂၀၂၂
တရုတ်အာကာသယာဉ်အပိုင်းအစများသည် ရခိုင်ပင်လယ်ပြင်သို့ ဧပြီ ရ ရက်တွင်ကျရောက်မည်ဖြစ်၍ သတိထားသွားလာကြရန် ပြည်နယ်အစိုးရက သတိပေးထုတ်ပြန်ထားသည်ဟု သိ၇သည်။
ဧပြီလ ရ ရက် နံနက် ၆ နာရီ ၁၈ မိနစ်မှ ညနေ ၆ နာရီ ၃၉ မိနစ်အတွင်း ဘင်္ဂလားပင်လယ်အော်ရှိ သံတွဲလေဆိပ်၏ အနောက်တောင်ဘက် ရေမိုင် (၃၄)မိုင်ခန့်နှင့် မာန်အောင်လေဆိပ်၏ အနောက်တောင်ဘက် ရေမိုင် ၄၄ မိုင်ခန့်အကွာ ဧရိယာတွင် ကျရောက်နိုင်သည်ဟု ပြည်နယ်အစိုး၇က ဧပြီ ၂ ရက်တွင် ထုတ်ပြန်ထားသည်။
အဆိုပါ တရုတ်အာကာသယာဉ်အပိုင်းအစများသည် ရခိုင်ပင်လယ်ပြင်အတွင်းသို့ ဧပြီလ ရ ရက်မှ ၁၃ ရက်အတွင်း ကျရောက်နိုင်သည်ဟု မတ်လ ၂၈ ရက်တွင် ထုတ်ပြန်ခဲ့သော်လည်း လက်ရှိခန့်မှန်းထားချက်အရ ဧပြီ ရ ရက်တစ်ရက်တည်းတွင်သာ ကျရောက်နိုင်မည်ဟု ထပ်မံထုတ်ပြန်လိုက်ခြင်းဖြစ်သည်။
ယင်းသို့ကျရောက်နိုင်သည့်အတွက် ကမ်းဝေးရေယာဉ်များအနေဖြင့် ဘေးအန္တရာယ်ကင်းရှင်းစေရန် ကျရောက်နိုင်မည့်ဧရိယာအတွင်း ဖြတ်သန်းသွားလာရာ၌ အထူးဂရုပြုသွားလာနိုင်ကြရန်လည်း ထုတ်ပြန်ချက်တွင် တိုက်တွန်းထားသည်။
တရုတ်အာကာသယာဉ်အပိုင်းအစများသည် ရခိုင်ပင်လယ်ပြင်သို့ ပြီးခဲ့သည့် ဖေဖော်ဝါရီ ၂၆ ရက်မှ မတ်လ ၂ ရက်အတွင်းတစ်ကြိမ်၊ ပြီးခဲ့သည့် ၂၀၂၁ ခုနှစ်၊ ဒီဇင်ဘာ ၆ ရက်မှ ဒီဇင်ဘာ ၁၂ ရက်အတွင်းကတစ်ကြိမ်နှင့် ပြီးခဲ့သည့်နှစ်၊ နိုဝင်ဘာ ၂၃ ရက် နံနက် ၆ နာရီခန့်ကတစ်ကြိမ် ကျရောက်ခဲ့သည်။
ရခိုင်တွင် ယခုကဲ့သို့ တရုတ်အာကာသယာဉ်အပိုင်းအစများ မကြာခဏ ကျရောက်နေခြင်းသည် ရေလုပ်ငန်းကို အားကိုးပြီးလုပ်ကိုင်စားသောက်နေရသူများနှင့် ရေလုပ်ငန်းရှင်များအတွက် ထိခိုက်နစ်နာမှုများရှိသည်ဟု မာန်အောင်မြို့နယ် အမျိုးသားလွှတ်တော်ကိုယ်စားလှယ်ဟောင်း ဦးကျော်သန်းက နိရဥ္စရာကိုပြောဆိုထားသည်။
ဓာတ်ပုံ - တရုတ်အာကာသယာဉ်အပိုင်းအစများ ဇန်နဝါရီ ၂၆ ရက်က ရခိုင်ပင်လယ်ပြင်သို့ ပေါက်ကွဲသံနှင့်အတူကျရောက်ခဲ့စဉ်။

#အာကာသလွန်းပျံယာဉ်
မင်္ဂလာပါ လူကြီးမင်းတို့ခင်ဗျာ။ ကျနော်တို့မီဒီယာဆက်လက်ရပ်တည်ရှင်သန်ရေးအတွက် လူကြီးမင်းတို့ရဲ့ပူးပေါင်းဆောင်ရွက်မှုနဲ့ ကူညီမှုတွေကို အထူးလိုအပ်နေပါတယ်။
နိရဉ္ဇရာလှူရန်

ဆက်စပ် အကြောင်းအရာများ

တစ်နေ့တာ၏ အရေးကြီးဆုံး ပြည်တွင်းပြည်ပ သတင်းများနှင့် အဖြစ်အပျက်များကို လစဥ် လူကြီးမင်း၏ အီးမေလ်းထဲသို့ ရယူနိုင်ပါသည်

နောက်ဆုံးရသတင်းများ

တစ်နေ့တာ၏ အရေးကြီးဆုံး ပြည်တွင်းပြည်ပ သတင်းများနှင့် အဖြစ်အပျက်များကို လစဥ် လူကြီးမင်း၏ အီးမေလ်းထဲသို့ ရယူနိုင်ပါသည်
© 2024 Narinjara News. All rights reserved.