Preview

တက္ကသိုလ်ဝင်တန်းစာမေးပွဲ သိပ္ပံတွဲနှင့် ဘောဂတွဲကျောင်းသူ/သားများ ယနေ့ဖြေဆိုပြီးစီး

ဧပြီ ၀၇/ ၂၀၂၂ | ကြည့်ရှုသူ :4938
ရခိုင် သတင်း
မြထွီးသျှင်
နိရ ဉ္စရာ၊ ဧပြီ ၆ / ၂၀၂၂
ကျင်းပလျက်ရှိသည့် တက္ကသိုလ်ဝင်တန်းစာမေးပွဲတွင် သိပ္ပံတွဲနှင့် ဘောဂတွဲကျောင်းသူ၊ ကျောင်းသားများသည် ယနေ့ ဖြေဆိုပြီးစီးသွားကြပြီဖြစ်သည်။
တက္ကသိုလ်ဝင်တန်းစာမေးပွဲကို တစ်နိုင်ငံလုံးအတိုင်းအတာဖြင့် မတ်လ ၃၁ ရက်မှ ဧပြီလ ၉ ရက်အထိကျင်းပလျက်ရှိရာ ယနေ့ ဧပြီလ ၆ ရက်တွင် သိပ္ပံတွဲနှင့် ဘောဂတွဲကျောင်းသူ၊ ကျောင်းသားများ ဖြေဆိုပြီးစီးသွားကြခြင်းဖြစ်သည်။
ရခိုင်ရှိ စာစစ်ဌာနများတွင် စာမေးပွဲဖြေဆိုပြီး၍ အပြင်သို့ထွက်လာစဉ်တွင် ကျောင်းသူ၊ ကျောင်းသားများအချင်းချင်း ပျော်ရွှင်စွာရေပက်ကစားခဲ့ကြသည်ကိုတွေ့၇သည်။
၇ခိုင်တွင် စာစစ်ဌာန ၁၂၈ ခု၌ ကျောင်းသူ၊ ကျောင်းသားပေါင်း ၄ သောင်း ၁ ထောင်ကျော်ဝင်ရောက်ဖြေဆိုနေကြကြောင်း ပြည်နယ်ပညာရေးမှူးရုံးမှ သိ၇သည်။
ဓာတ်ပုံ - မြထွီးသျှင် / နိရ ဉ္စရာ

#ပညာရေး
မင်္ဂလာပါ လူကြီးမင်းတို့ခင်ဗျာ။ ကျနော်တို့မီဒီယာဆက်လက်ရပ်တည်ရှင်သန်ရေးအတွက် လူကြီးမင်းတို့ရဲ့ပူးပေါင်းဆောင်ရွက်မှုနဲ့ ကူညီမှုတွေကို အထူးလိုအပ်နေပါတယ်။
နိရဉ္ဇရာလှူရန်

ဆက်စပ် အကြောင်းအရာများ

တစ်နေ့တာ၏ အရေးကြီးဆုံး ပြည်တွင်းပြည်ပ သတင်းများနှင့် အဖြစ်အပျက်များကို လစဥ် လူကြီးမင်း၏ အီးမေလ်းထဲသို့ ရယူနိုင်ပါသည်

နောက်ဆုံးရသတင်းများ

တစ်နေ့တာ၏ အရေးကြီးဆုံး ပြည်တွင်းပြည်ပ သတင်းများနှင့် အဖြစ်အပျက်များကို လစဥ် လူကြီးမင်း၏ အီးမေလ်းထဲသို့ ရယူနိုင်ပါသည်
© 2024 Narinjara News. All rights reserved.