English Edition
သောကြာနေ့၊ မေလ ၀၉ရက်၊ ၂၀၂၅
လှူရန်
Preview
ရခိုင်ပင်လယ်ပြင်သို့ အာကာသလွန်းပျံယာဉ် အပျက်အစီးအပိုင်းအစကျရောက်
ဧပြီ ၀၇/ ၂၀၂၂ | ကြည့်ရှုသူ :6020
ရခိုင် သတင်း
သဥ္ဇာနွယ်
နိရဥ္စရာ၊ ဧပြီ ၇ /၂၀၂၂
ရခိုင်ပင်လယ်ပြင်သို့ အာကာသလွန်းပျံယာဉ် အပျက်အစီးအပိုင်းအစသည် ယနေ့နံနက်က ကျရောက်ခဲ့ကြောင်း သိ၇သည်။
အဆိုပါအာကာသယာဉ်အပိုင်းအစသည် သံတွဲမြို့နယ်၊ နံ့သာကျွန်း၏အနောက်မြောက်ဘက် ၂၇ မိုင်ခန့်အကွာတွင် ယနေ့ ဧပြီ ရ ရက် နံနက် ၆ နာရီခွဲခန့်က ကျရောက်ခဲ့ခြင်းဖြစ်ပြီး လူနှင့်အရာဝတ္ထုများ ထိခိုက်ပျက်စီးမှုမရှိခဲ့ဟု သိ၇သည်။
သံတွဲမြို့ခံ ဦးထွန်းသန့်ကျော်က "မနက်ကျတယ်လို့ကြားတယ်။ ထိခိုက်ပျက်စီးမှုတော့ မရှိဘူး"ဟု နိရဥ္စရာကို ပြောသည်။
တရုတ်အာကာသယာဉ်အပိုင်းအစများသည် ရခိုင်ပင်လယ်ပြင်အတွင်းသို့ ဧပြီလ ရ ရက် နံနက် ၆ နာရီ ၁၈ မိနစ်မှ ညနေ ၆ နာရီ ၃၉ မိနစ်အတွင်း ဘင်္ဂလားပင်လယ်အော်ရှိ သံတွဲလေဆိပ်၏ အနောက်တောင်ဘက် ရေမိုင် (၃၄)မိုင်ခန့်နှင့် မာန်အောင်လေဆိပ်၏ အနောက်တောင်ဘက် ရေမိုင် ၄၄ မိုင်ခန့်အကွာ ဧရိယာတွင် ကျရောက်နိုင်သည်ဟု ပြည်နယ်အစိုး၇က ဧပြီ ၂ ရက်တွင် ထုတ်ပြန်ထားခဲ့သည်။
တရုတ်အာကာသယာဉ်အပိုင်းအစများသည် ရခိုင်ပင်လယ်ပြင်သို့ ပြီးခဲ့သည့် ဖေဖော်ဝါရီ ၂၆ ရက်မှ မတ်လ ၂ ရက်အတွင်းတစ်ကြိမ်၊ ပြီးခဲ့သည့် ၂၀၂၁ ခုနှစ်၊ ဒီဇင်ဘာ ၆ ရက်မှ ဒီဇင်ဘာ ၁၂ ရက်အတွင်းကတစ်ကြိမ်နှင့် ပြီးခဲ့သည့်နှစ်၊ နိုဝင်ဘာ ၂၃ ရက် နံနက် ၆ နာရီခန့်ကတစ်ကြိမ် ကျရောက်ခဲ့သည်။
ရခိုင်တွင် ယခုကဲ့သို့ တရုတ်အာကာသယာဉ်အပိုင်းအစများ မကြာခဏ ကျရောက်နေခြင်းသည် ရေလုပ်ငန်းကို အားကိုးပြီးလုပ်ကိုင်စားသောက်နေရသူများနှင့် ရေလုပ်ငန်းရှင်များအတွက် ထိခိုက်နစ်နာမှုများရှိသည်ဟု မာန်အောင်မြို့နယ် အမျိုးသားလွှတ်တော်ကိုယ်စားလှယ်ဟောင်း ဦးကျော်သန်းက နိရဥ္စရာကိုပြောဆိုထားသည်။
ဓာတ်ပုံ - ၇ခိုင်နေ့စဉ်
#အာကာသလွန်းပျံယာဉ်
မင်္ဂလာပါ လူကြီးမင်းတို့ခင်ဗျာ။ ကျနော်တို့မီဒီယာဆက်လက်ရပ်တည်ရှင်သန်ရေးအတွက် လူကြီးမင်းတို့ရဲ့ပူးပေါင်းဆောင်ရွက်မှုနဲ့ ကူညီမှုတွေကို အထူးလိုအပ်နေပါတယ်။
လှူရန်
ဆက်စပ် အကြောင်းအရာများ
တစ်နေ့တာ၏ အရေးကြီးဆုံး ပြည်တွင်းပြည်ပ သတင်းများနှင့် အဖြစ်အပျက်များကို လစဥ် လူကြီးမင်း၏ အီးမေလ်းထဲသို့ ရယူနိုင်ပါသည်
ရယူမည်
နောက်ဆုံးရသတင်းများ
Your browser does not support the video tag.
တစ်နေ့တာ၏ အရေးကြီးဆုံး ပြည်တွင်းပြည်ပ သတင်းများနှင့် အဖြစ်အပျက်များကို လစဥ် လူကြီးမင်း၏ အီးမေလ်းထဲသို့ ရယူနိုင်ပါသည်
ရယူမည်
ဆက်သွယ်ရန်
ကျွန်ုပ်တို့အကြောင်း
သတ်မှတ်ချက်များ
ကူညီမည်
အလုပ်ခေါ်စာ
© 2024 Narinjara News. All rights reserved.