Preview

နေတိုး၏ မင်္ဂလာဧည့်ခံပွဲတွင် လုံခြုံရေးကြောင့် ပါကင်ပိတ်ထားသည့်ပါဆယ်ဗူးများ လက်မဖွဲ့ရန် မေတ္တာရပ်ခံ

ဧပြီ ၀၇/ ၂၀၂၂ | ကြည့်ရှုသူ :7754
ရခိုင် သတင်း
အေးမြတ်ခိုင်
နိရဥ္စရာ၊ ဧပြီ ၇/၂၀၂၂
ရုပ်ရှင်သရုပ်ဆောင်နေတိုး၏ မင်္ဂလာဧည့်ခံပွဲတွင် လုံခြုံရေးကြောင့် ပါကင်ပိတ်ထားသည့်လက်ဖွဲ့များနှင့် ပါဆယ်ဗူးများ လက်မဖွဲ့ကြရန် မေတ္တာရပ်ခံထားသည်ဟု သိ၇သည်။
နေတိုး(ခ)နေလင်းအောင်နှင့် မသဲစုမြတ်ရွှေ(ခ)သဲသဲတို့၏ မင်္ဂလာဧည့်ခံပွဲကို ဧပြီလ ၁၀ ရက်တွင် နံနက် ၉ နာရီမှ နံနက် ၁၁ နာရီခွဲအထိ ရန်ကုန်ရှိ ဟိုတယ်တစ်ခု၌ ကိုဗစ်စည်းကမ်းနှင့်အညီ ကျင်းပမည်ဟု သိ၇သည်။
"အနာဂတ် ရခိုင်သူ၊ ရခိုင်သားတွေအတုယူကြဖို့ပေါ့။ အမျိုးဂုဏ်ဇာတိဂုဏ်ကိုအဓိကထားပြီး မင်္ဂလာဆောင်တာဟာ ဂုဏ်ယူစရာကောင်းတယ်။ ကိုဗစ်ကာလဆိုပေမယ့်လည်း သူ့ အနေနဲ့ ကြီးကြီးမားမားမင်္ဂလာဆောင်ချင်မှာပေါ့။ အခုလို ဖိတ်ကြားတဲ့အတွက်လည်း ဝမ်းသာပါတယ်"ဟု နေတိုးနှင့် နီးစပ်သူတစ်ဦးက ပြောသည်။
မင်္ဂလာဧည့်ခံပွဲဖိတ်စာတွင် “ဧည့်သည်တော်များ၏ လုံခြုံရေးနှင့် အန္တရာယ်ကင်းရှင်းစေရန်အတွက် ဖိတ်စာနှင့်တကွတက်ရောက်ပေးပါရန်နှင့် လက်ဖွဲ့ပစ္စည်းအား ပါကင်ပိတ်ခြင်း၊ ပါဆယ်ဗူးများဖြင့်လက်ဖွဲ့ခြင်းမပြုပါရန် လေးစားစွာ မေတ္တာရပ်ခံအပ်ပါသည်”ဟု ရေးသားထားသည်။
ရခိုင်ပြည်နယ်၊ မာန်အောင်ဇာတိ ရုပ်ရှင်သရုပ်ဆောင်နေတိုးသည် မာန်အောင်သူ မသဲစုမြတ်ရွှေနှင့် ပြီးခဲ့သည့်ဖေဖော်ဝါရီလ ၅ ရက်တွင် မင်္ဂဆောင်လက်မှတ်ရေးထိုးခဲ့သည်။

#လူမှုရေးရာ
မင်္ဂလာပါ လူကြီးမင်းတို့ခင်ဗျာ။ ကျနော်တို့မီဒီယာဆက်လက်ရပ်တည်ရှင်သန်ရေးအတွက် လူကြီးမင်းတို့ရဲ့ပူးပေါင်းဆောင်ရွက်မှုနဲ့ ကူညီမှုတွေကို အထူးလိုအပ်နေပါတယ်။
နိရဉ္ဇရာလှူရန်

ဆက်စပ် အကြောင်းအရာများ

တစ်နေ့တာ၏ အရေးကြီးဆုံး ပြည်တွင်းပြည်ပ သတင်းများနှင့် အဖြစ်အပျက်များကို လစဥ် လူကြီးမင်း၏ အီးမေလ်းထဲသို့ ရယူနိုင်ပါသည်

နောက်ဆုံးရသတင်းများ

တစ်နေ့တာ၏ အရေးကြီးဆုံး ပြည်တွင်းပြည်ပ သတင်းများနှင့် အဖြစ်အပျက်များကို လစဥ် လူကြီးမင်း၏ အီးမေလ်းထဲသို့ ရယူနိုင်ပါသည်
© 2024 Narinjara News. All rights reserved.