English Edition
ဗုဒ္ဓဟူးနေ့၊ ဇွန်လ ၂၅ရက်၊ ၂၀၂၅
လှူရန်
Preview
စစ်တွေ ပြည်တော်သာရပ်ကွက်တွင် တတိယအကြိမ်မြောက် သက်ကြီးပူဇော်ပွဲကျင်းပမည်
ဧပြီ ၀၈/ ၂၀၂၂ | ကြည့်ရှုသူ :901
ရခိုင် သတင်း
သျှင်မင်းဇံ၊ သဥ္ဇာနွယ်
နိရဥ္စရာ၊ ဧပြီ ၈/၂၀၂၂
ရခိုင်ပြည်နယ် စစ်တွေမြို့ ပြည်တော်သာရပ်ကွက်တွင် တတိယအကြိမ်မြောက် သက်ကြီးပူဇော်ပွဲကို စဉ်လာမပျက် ကျင်းပမည်ဖြစ်ကြောင်း သိ၇သည်။
အဆိုပါသက်ကြီးပူဇော်ပွဲကို နည်းပညာတက္ကသိုလ်(စစ်တွေ)မှ ဆရာဇော်ရှိန်းနှင့် တပည့်များ စုပေါင်းပရဟိတအဖွဲ့က ဦးဆောင်ကာ ပြည်တော်သာရပ်ကွက် (မြောက်စံပြရွာငယ်) ဓမ္မာရုံ၌ ဧပြီလ ၁၃ ရက် ညနေ ၅ နာရီတွင် ပြုလုပ်သွားမည်ဟု ပွဲဦးဆောင်သူ ဆရာဇော်ရှိန်းက နိရ ဉ္စရာကို ပြောသည်။
"အခုက ဆုတ်ကပ်ရောက်နေတဲ့အခါ အသက် ၈၀ အထိ ရောက်ဖို့ဆိုတာ မလွယ်တော့ဘူးလေ။ ၇၀ ကနေ ၇၉ နှစ် သက်ကြီးတွေတောင် အရမ်းရှားနေတယ်။ မြို့မှာက အသက် ၈၀ လောက်မှာ ပူဇော်ခံရတာလေ။ အဲဒါကြောင့် ကိုယ့်ရပ်ကွက်မှာရှိတဲ့ သက်ကြီးတွေကို ရပ်ကွက်မှာ ပြုလုပ်စေချင့်တဲ့ဆန္ဒပါ"ဟု ပြောသည်။
အဆိုပါသက်ကြီးပူဇော်ပွဲတွင် ပြည်တော်သာရပ်ကွက်ရှိ အသက် ၇၀ မှ ၇၉ နှစ်အထိသက်ကြီး ၃၀ ခန့်ကို ရပ်ကွက်မှ စေတနာရှင်များနှင့်အတူ ပူဇော်သွားကြမည်ဟု ဆိုသည်။
အပူဇော်ခံရမည့် ပြည်တွင်းအခွန်(ငြိမ်း) ဦးအောင်သိန်းက "ဒါကတော့ ကောင်းတဲ့ အစီအလာလေ။ ဦးလေးတို့က ကြိုဆိုတယ်။ အများကြီး အားပေးပါတယ်။ ဒီလိုပုံစံမျိုးဆက်ပြီးတော့ ရပ်ကွက်တိုင်းမှာ သက်ကြီးတွေကို ပူဇော်ကန်တော့ရင် အားလုံးကောင်းဖို့ပဲရှိတယ်။ ဒီမှာလည်း ပူဇော်ခံ၇တဲ့အတွက် ဝမ်းမြောက်ဝမ်းသာဖြစ်ပါတယ်"ဟု ပြောသည်။
ယခှုနှစ်တွင် စစ်တွေမြို့လုံးကျွတ်သက်ကြီးပူဇော်ပွဲကိုလည်း ဧပြီလ ၁၇ ရက်၌ ပြုလုပ်ရန်ရှိပြီး မြို့တွင်းရှိ အခြားရပ်ကွက်အချို့တွင်လည်း ရပ်ကွက်အလိုက် သက်ကြီးပူဇော်ပွဲများကျင်းပရန်ရှိနေသည်ဟု သိ၇သည်။
မင်္ဂလာပါ လူကြီးမင်းတို့ခင်ဗျာ။ ကျနော်တို့မီဒီယာဆက်လက်ရပ်တည်ရှင်သန်ရေးအတွက် လူကြီးမင်းတို့ရဲ့ပူးပေါင်းဆောင်ရွက်မှုနဲ့ ကူညီမှုတွေကို အထူးလိုအပ်နေပါတယ်။
လှူရန်
ဆက်စပ် အကြောင်းအရာများ
တစ်နေ့တာ၏ အရေးကြီးဆုံး ပြည်တွင်းပြည်ပ သတင်းများနှင့် အဖြစ်အပျက်များကို လစဥ် လူကြီးမင်း၏ အီးမေလ်းထဲသို့ ရယူနိုင်ပါသည်
ရယူမည်
နောက်ဆုံးရသတင်းများ
Your browser does not support the video tag.
တစ်နေ့တာ၏ အရေးကြီးဆုံး ပြည်တွင်းပြည်ပ သတင်းများနှင့် အဖြစ်အပျက်များကို လစဥ် လူကြီးမင်း၏ အီးမေလ်းထဲသို့ ရယူနိုင်ပါသည်
ရယူမည်
ဆက်သွယ်ရန်
ကျွန်ုပ်တို့အကြောင်း
သတ်မှတ်ချက်များ
ကူညီမည်
အလုပ်ခေါ်စာ
© 2024 Narinjara News. All rights reserved.