English Edition
ကြာသပတေးနေ့၊ ဒီဇင်ဘာလ ၀၅ရက်၊ ၂၀၂၄
လှူရန်
Preview
AA နှင့်ဆက်သွယ်သည်ဟုဆိုကာ နည်းပညာတက္ကသိုလ်(မှော်ဘီ) ကျောင်းသား ၂ ဦး ထောင်ဒဏ် ၂ နှစ်စီ ချမှတ်ခံရ
ဧပြီ ၀၉/ ၂၀၂၂ | ကြည့်ရှုသူ :5444
ရခိုင် သတင်း
မြထွီးသျှင်
နိရဥ္စရာ၊ ဧပြီ ၈/၂၀၂၂
ရက္ခိုင့်တပ်တော်(AA)နှင့်ဆက်သွယ်သည်ဟုဆိုကာ မတရားအသင်းဆက်သွယ်မှုပုဒ်မ ၁၇ (၂)ဖြင့် တရားစွဲခံထား၇သည့် နည်းပညာတက္ကသိုလ်(မှော်ဘီ)မှ ကျောင်းသား ၂ ဦးသည် ယနေ့ အမ်းမြို့နယ်တရားရုံးက ပုဒ်မ ၁၇ (၁)ဖြင့် ထောင်ဒဏ် ၂ နှစ်စီချမှတ်ခံလိုက်ရကြောင်း အမှုကိုလိုက်ပါဆောင်ရွက်နေသည့် ရှေ့နေ ဦးဦးမြင့်မောင်က နိရဥ္စရာသို့ အတည်ပြုပြောသည်။
“စွဲချက်တင်တုန်းကတော့ ၁၇ (၂)နဲ့တင်တယ်။ အမိန့်ချတဲ့အခါတော့ ၁၇ (၁)နဲ့ချတယ်။ ၁၇(၁)နဲ့ တစ်ယောက်ကို ထောင်နှစ်နှစ်စီချတယ်။ ချုပ်ရက်တွေကို ချမှတ်လိုက်တဲ့ ထောင်ဒဏ်က ခံစားခွင့်၇တယ်” ဟုပြောသည်။
ထောင်ချခံလိုက်၇သော ကျောင်းသား ၂ ဦးမှာ နည်းပညာတက္ကသိုလ်(မှော်ဘီ)မှ မသီတာတင့်နှင့် မောင်ဆန်းဒေးကျော်တို့ဖြစ်ကြပြီး သူတို့သည် ရခိုင်မှမဟုတ်ဘဲ ပြည်မဘက်မှဖြစ်သည်ဟု သိ၇သည်။
သူတို့သည် ပြီးခဲ့သည့် ၂၀၂၁ ခုနှစ်၊ ဇွန်လ ၂၂ ရက်တွင် ရခိုင်ပြည်နယ် တောင်ကုတ်မြို့အဝင် စစ်ဆေးရေးဂိတ်တွင် ဖမ်းဆီးခံခဲ့၇ခြင်းဖြစ်သည်။
၎င်းတို့နှစ်ဦးအား AA နှင့်ဆက်သွယ်သည်ဟုဆိုကာ မတရားအသင်းဆက်သွယ်မှုပုဒ်မ ၁၇ (၂)ဖြင့် တောင်ကုတ်မြို့ ၅၄၄ တပ်ရင်းမှ ဗိုလ်ကြီးကျော်ဇင်ဦးက တရားလိုပြုလုပ်ကာ အမ်းမြို့နယ်တရားရုံးတွင် တရားစွဲဆိုခဲ့ခြင်းဖြစ်ကြောင်း သိ၇သည်။
အမှုကိုလိုက်ပါဆောင်ရွက်နေသည့် ရှေ့နေ ဦးဦးမြင့်မောင်က “သူတို့ကိုတောင်ကုတ်မှာဖမ်းပေမဲ့ သူတို့ရဲ့လုပ်ဆောင်ချက်တွေက အမ်းမြို့နယ် တပ်တောင်ကဖြစ်ပြီး ခရီးသွားလာရင်း ပြစ်မှုကျူးလွန်တယ်ဆိုပြီး အမ်းရဲစခန်းမှာထိန်းသိမ်းထားတာပေါ့နော်။ သူတို့ဇာတိကတော့ ၇ခိုင်က မဟုတ်ဘူး”ဟု ပြောသည်။
လက်ရှိတွင် ၎င်းတို့နှစ်ဦးကို အမ်းမြို့မရဲစခန်းတွင် ထိန်းသိမ်းထားပြီး နောက်ပိုင်းတွင် တောင်ကုတ်အချုပ်သို့ပို့ဆောင်သွားမည်ဟု အမ်းမြို့မရဲစခန်းမှ တာဝန်ရှိသူတစ်ဦးက နိရဥ္စရာသို့ ပြောသည်။
#ကျောင်းသားရေးရာ
မင်္ဂလာပါ လူကြီးမင်းတို့ခင်ဗျာ။ ကျနော်တို့မီဒီယာဆက်လက်ရပ်တည်ရှင်သန်ရေးအတွက် လူကြီးမင်းတို့ရဲ့ပူးပေါင်းဆောင်ရွက်မှုနဲ့ ကူညီမှုတွေကို အထူးလိုအပ်နေပါတယ်။
လှူရန်
ဆက်စပ် အကြောင်းအရာများ
တစ်နေ့တာ၏ အရေးကြီးဆုံး ပြည်တွင်းပြည်ပ သတင်းများနှင့် အဖြစ်အပျက်များကို လစဥ် လူကြီးမင်း၏ အီးမေလ်းထဲသို့ ရယူနိုင်ပါသည်
ရယူမည်
နောက်ဆုံးရသတင်းများ
Your browser does not support the video tag.
တစ်နေ့တာ၏ အရေးကြီးဆုံး ပြည်တွင်းပြည်ပ သတင်းများနှင့် အဖြစ်အပျက်များကို လစဥ် လူကြီးမင်း၏ အီးမေလ်းထဲသို့ ရယူနိုင်ပါသည်
ရယူမည်
ဆက်သွယ်ရန်
ကျွန်ုပ်တို့အကြောင်း
သတ်မှတ်ချက်များ
ကူညီမည်
အလုပ်ခေါ်စာ
© 2024 Narinjara News. All rights reserved.