English Edition
တနင်္လာနေ့၊ မေလ ၁၂ရက်၊ ၂၀၂၅
လှူရန်
Preview
ရက္ခိုင့်တပ်တော်၏ကူညီထောက်ပံ့မှုဖြင့် ကျောင်းသားလက်ရုံးတပ်တော်ကို ဖွဲ့စည်းတည်ထောင်ခဲ့
ဧပြီ ၁၂/ ၂၀၂၂ | ကြည့်ရှုသူ :5002
ရခိုင် သတင်း
အေးမြတ်ခိုင်
နိရဥ္စရာ ၊ ဧပြီ ၁၀/၂၀၂၂
ရက္ခိုင့်တပ်တော်၏ အခြေခံစစ်ပညာသင်ကြားမှုနှင့် ကူညီထောက်ပံ့မှုတို့ဖြင့် ကျောင်းသားလက်ရုံးတပ်တော်ကို ဖွဲ့စည်းတည်ထောင်ခဲ့ကြောင်း ယနေ့ ဧပြီလ ၁၀ ရက်တွင်ကျရောက်သည့် ၁၃ နှစ်မြောက် ရက္ခိုင့်တပ်တော်နေ့ကို ပေးပို့သည့် တကသများ-ရန်ကုန်၏သဝဏ်လွှာတွင် ရေးသားထားသည်။
"ကျွနု်ပ်တို့ ရန်ကုန်အခြေစိုက် တက္ကသိုလ်ကျောင်းသားသမဂ္ဂများ (တကသများ - ရန်ကုန်)မှ သမဂ္ဂရဲဘော်များသည် ရက္ခိုင့်တပ်တော်၏ လွတ်မြောက်နယ်မြေ၌ အခြေခံစစ်ပညာသင်ယူခဲ့ပြီး တပ်တော်၏ ထောက်ပံ့ကူညီမှုဖြင့် ကျောင်းသားလက်ရုံးတပ်တော် (SAF)ကို ဖွဲ့စည်းတည်ထောင်နိုင်ခဲ့ပါသည်"ဟု သဝဏ်လွှာတွင် ရေးသားထားသည်။
ထို့အပြင် ရင်းနှီးသော မဟာမိတ်ဆက်ဆံရေးကို ပိုမိုခိုင်မြဲစေကာ ဘုံရည်မှန်းချက်ပန်းတိုင်ကို အတူတကွချီတက်တိုက်ပွဲဝင်ရန်အဆင်သင့်ရှိကြောင်းလည်း ရေးသားထားသည်။
ရက္ခိုင့်တပ်တော်အနေဖြင့် ရခိုင်ဒေသတွင်းသာမက နိုင်ငံတွင်း အဖိနှိပ်ခံ လူမျိုးစုတို့၏ တော်လှန်ရေးတွင်လည်း ညီနောင်မဟာမိတ်များနှင့် အတူလက်တွဲတိုက်ပွဲဝင်ခဲ့မှုမှာ လေးစားဂုဏ်ယူဖွယ်ဖြစ်ကြောင်း ယင်းသဝဏ်လွှာတွင် ရေးသားထားသည်။
#အေအေ/စစ်ရေး/ နိုင်ငံရေး
မင်္ဂလာပါ လူကြီးမင်းတို့ခင်ဗျာ။ ကျနော်တို့မီဒီယာဆက်လက်ရပ်တည်ရှင်သန်ရေးအတွက် လူကြီးမင်းတို့ရဲ့ပူးပေါင်းဆောင်ရွက်မှုနဲ့ ကူညီမှုတွေကို အထူးလိုအပ်နေပါတယ်။
လှူရန်
ဆက်စပ် အကြောင်းအရာများ
တစ်နေ့တာ၏ အရေးကြီးဆုံး ပြည်တွင်းပြည်ပ သတင်းများနှင့် အဖြစ်အပျက်များကို လစဥ် လူကြီးမင်း၏ အီးမေလ်းထဲသို့ ရယူနိုင်ပါသည်
ရယူမည်
နောက်ဆုံးရသတင်းများ
Your browser does not support the video tag.
တစ်နေ့တာ၏ အရေးကြီးဆုံး ပြည်တွင်းပြည်ပ သတင်းများနှင့် အဖြစ်အပျက်များကို လစဥ် လူကြီးမင်း၏ အီးမေလ်းထဲသို့ ရယူနိုင်ပါသည်
ရယူမည်
ဆက်သွယ်ရန်
ကျွန်ုပ်တို့အကြောင်း
သတ်မှတ်ချက်များ
ကူညီမည်
အလုပ်ခေါ်စာ
© 2024 Narinjara News. All rights reserved.